လျှပ်စစ်ဗို့အား ၃၀၀ ကနေ ၆၅၀ ထိထုတ်လုပ်နိုင်ပြီး သားကောင်တွေကို ရှော့တိုက်တတ်တဲ့ လျှပ်စစ်ငါးရှဉ့်များအကြောင်း

လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus Electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိက ရေချိုဒေသတွေမှာ နေထိုင်ကြပြီး ရှည်ရှည်မျောမျောခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါတယ်။

လျှပ်စစ်ငါးရှဉ့်တစ်ကောင်ဟာ အများဆုံး ၂.၇၅ မီတာ (၉ပေ) အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။

လျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံတောထဲမှာ နေထိုင်ကျက်စားလေ့ရှိကြပြီး အသက်ရှုဖို့အတွက် ရေမျက်နှာပြင်ပေါ်သို့ မကြာခဏတက်လေ့ရှိပါတယ်။

သူရဲ့ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ်အသုံးချတတ်ကြပါတယ်။ သာမန်ငါးရှဉ့်တွေနဲ့တော့ မတူညီကြပါဘူး။

လျှပ်စစ်ငါးရှဉ့်ရဲ့အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။

ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကိုအသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။ လူသားတွေ တယ်လီဖုန်းနဲ့ဆက်သွယ်သလိုပါပဲ။

စိတ်ဝင်စားစရာ လျှပ်စစ်ငါးရှဉ့် တို့အကြောင်း

လျှပ်‌စစ်‌ဓာတ်‌ ကို လျှပ်စစ်ငါးရှဉ့် ကနေ စတင်‌‌တွေ့ရှိတယ်‌လို့ အစဉ်အဆက်ဆိုခဲ့ကြပါတယ်။လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တဲ့(Electric eels)လို့ခေါ်တဲ့ငါးရှဉ့်တွေဟာ ငါးအုပ်စု(၅၀၀)ရှိတဲ့အနက်တစ်ခု အပါအဝင်ဖြစ်တဲ့ မျိုးစိတ်တွေဖြစ်ကြပါတယ်။

ဒီသတ္တဝါတွေကို တောင်အမေရိကတိုက်မှာတည်ရှိတဲ့ အမေဇုံမြစ်နဲ့ Orinoco မြစ်တွေရဲ့ ရေတိမ်ပိုင်းနဲ့ ရွံနွံထူထပ်တဲ့အရပ်တွေမှာ အများအားဖြင့်တွေ့မြင်နိုင်ပါတယ်။

Electric eels လို့သိကြတဲ့ လျှပ်စစ်ငါးရှဉ့်တွေဟာ လူသားတွေ အတွက် ဘေးဖြစ်စေတဲ့ တိရိစ္ဆာန်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။Electric Eels တွေကိုငါးရှဉ့်တွေလိုခေါ်ကြပေမဲ့ သူတို့ဟာ ငါးအမျိုးအစားတစ်မျိုးသာဖြစ်ပြီး Electrophorus electricus မျိုးစိတ်ဝင်ဖြစ်ပါတယ်။

သူတို့ဟာ ရေတိမ်ပိုင်းနဲ့ ရွံနွံထူတဲ့ဒေသတွေမှာအနေများပေမဲ့ တစ်နေ့ကို (၁၀)မိနစ်လောက် လေကိုရှုရှိုက်ရပါတယ်။အရွယ်အစားအားဖြင့် (၈) ပေ အထိရှည်လျားကြပြီး (၄၄)ပေါင်အထိအလေးချိန်ရှိကြပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေဟာ ရှည်လျားပြီး ထုလုံးရှည်သဏ္ဍာန် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး အဖြူရောင်၊ အနက်ရောင် ၊အပြာရောင်၊ခရမ်းရောင်၊ အညိုရောင်စတဲ့ အရောင်အသွေးမျိုးစုံကို ပိုင်ဆိုင်ထားကြပါ တယ်။

သူတို့ဟာ Carnivores လို့ခေါ်တဲ့ အသားစားသတ္တဝါအုပ်စုဝင်တွေ ဖြစ်ကြ ပြီး ငါး၊ ငှက်၊ ကုန်းနေ ရေနေသတ္တဝါငယ်တစ်ချို့နဲ့ နို့တိုက်သတ္တဝါငယ်လေးတွေကို စားသောက်လေ့ရှိကြပါတယ်။

သူ့ရဲ့ အမြီးပိုင်းဟာ ခန္ဓာကိုယ်အလျားရဲ့ ၄ ပုံတစ်ပုံလောက်ရှိပြီး အောက်ပိုင်း ရေယက်လေးတွေရှိပါတယ်။ လျှပ်စစ်ငါးရှဉ့် တွေဟာ ပုံမှန်အားဖြင့်တစ်ကောင်တည်းသွားလာ လှုပ်ရှားလေ့ရှိကြပြီး Electric Eelsတွေရဲ့ အစုအဝေးကိုတော့ Swarm လို့ခေါ်ပါတယ်။

ရံဖန်ရံခါတော့ အစာ ရှာဖွေစားသောက်ရာနဲ့ စပ်လျဉ်းပြီး အုပ်စုလိုက်အနေအထားနဲ့ မြင်တွေ့ရတတ်ပါတယ်။သူတို့ရဲ့ ခန္ဓာကိုယ်(၈၀)ရာခိုင်နှုန်းလောက်ဟာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်တာဖြစ်ပြီး သဘာဝအရ သားကောင်ကို ဖမ်းဆီးရာမှာပဲဖြစ်ဖြစ်၊

မိမိကိုယ် ကိုကာကွယ်ရာမှာပဲဖြစ်ဖြစ် သူတို့ပိုင်ဆိုင်တဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်သုံးလေ့ရှိ ကြပါတယ်။လျှပ်စစ်ငါးရှဉ့် တစ်ကောင်ရဲ့ ကိုယ်တွင်းမှာ (Electrocyte) လို့ခေါ်တဲ့ Cellပေါင်း (၆၀၀၀) လောက်ရှိနေပြီး

လျှပ်စစ်ဓာတ် အား ၃၀၀ဗို့ လောက်ကနေ ၆၀၀ဗို့လောက်အထိကိုထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါဟာ မျက်မှောက်ခေတ်က အမေရိကန်နိုင်ငံထုတ် Wall Socket ထက် အားငါးဆ ပိုပြင်းပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေကထုတ်လုပ်တဲ့လျှပ်စစ်အားဟာ လူတစ်ယောက်ကို ဓာတ်လိုက်ပြီး သေဆုံးသွားလောက် အောင်ပြင်းထန်ပြီး သန်မာတဲ့ မြင်းတစ်ကောင် တောင်ခဏအတွင်း လဲကျသွားနိုင်ပါတယ်။ ဒီလျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံသစ်တောမှာတော့ ကြောက်စရာအကောင်းဆုံး တိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေဟာ အမြင်အာရုံအတော်အားနည်းပြီး ပုံမှန်အားဖြင့်အစာ ရှာမယ်ဆိုရင်တော့ အတော်အခက်တွေ့နိုင်ပါတယ်။ဒါကြောင့် သားကောင်ရှာဖွေရာ မှာတော့ သူတို့ဟာ လျှပ်စစ်ဓာတ်အား(၁၀)ဗို့ကျော်ကျော်လောက်ကို အသုံးပြုကြပြီးပတ်ဝန်းကျင်မှာရှိတဲ့ သားကောင်တွေရဲ့ တည်နေရာကို သိရှိအောင် ကြိုးစားကြလေ့ရှိပါတယ်။

ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူ လျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။

သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး ပါးစပ်ကို အဆုတ်အဖြစ် အသုံးချနိုင်တဲ့ငါးမျိုးပါ။ပါးစပ်ကို အဆုတ်အဖြစ် အသုံးချတဲ့ငါးဖြစ်တာကြောင့်ဆူးပါတဲ့ ငါးကို စားတော့မယ်ဆိုရင် သူ့ရဲ့ပါးစပ်ထိခိုက်မှာဆိုးတဲ့အတွက် အရင်ဆုံး လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သားကောင်မလှုပ်နိုင်တော့မှ အလွယ်တကူ စားသုံးလေ့ရှိကြပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေရဲ့မိတ်လိုက်ရာသီကတော့ ပူပြင်းတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ အထီးတွေဟာ သူတို့ရဲ့ တံတွေးကိုအသုံးပြုပြီး ဥတွေထားဖို့အသိုက်ကိုဖန်တီးလေ့ရှိပါတယ်။

အမတွေဟာ ဥပေါင်း(၁၇၀၀၀)လောက်ကို ဥလေ့ရှိပြီး ယင်းဥတွေကို အထီးရော အမရောက တာဝန်ယူစောင့်ရှောက်လေ့ရှိပါတယ်။

ဥမှပေါက်ပွားလာတဲ့ လျှပ်စစ်ငါးရှဉ့် သားပေါက်လေးတွေဟာ ကျောရိုးမဲ့ ရေသတ္တဝါငယ် လေးကိုစားသောက်ကြပြီး သူတို့ဟာ အခြားသော လျှပ်စစ်ငါးရှဉ့် တွေရဲ့ ဥတွေကိုလည်း လိုက်လံရှာဖွေ စားသောက်ကြပါတယ်။

လျှပ်စစ်ငါးရှဉ့် တစ်ကောင်ရဲ့သက်တမ်းဟာ ပုံမှန်အားဖြင့်(၁၅)နှစ် ဖြစ်ပြီး စနစ်တကျ မွေးမြူမယ်ဆိုရင်တော့ (၂၂)နှစ်လောက်အထိ ရှင်သန်နိုင်ပါတယ်။

Credit