သင့်အိမ်က ကျွတ် နဲ့ ခြ များကို ထွက်ပြေးစေမယ့် နည်းလမ်း

သင့်အိမ်က ကျွတ် နဲ့ ခြ များကို ထွက်ပြေးစေမယ့် နည်းလမ်း-မနေ့က ၁၀ မိုင်က ခြံတစ်ခြံမှာနေတဲ့ အဖိုးကြီး အဖွားကြီး ထံရောက်ခဲ့ပါတယ် ။

အဖွားကြီးက မဒမ်ထူးဆန်းကို ကျေးဇူးတင်ကြောင်းပြောပေးပါဆိုလို့ အံသြခဲ့ရပါတယ် ။မဒမ်ထူးဆန်းပေးတဲ့ နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလိုက်တာ အောင်မြင်သွားကြောင်း ၊

အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း ၊ အခုတော့ ကျွတ်တွေမရှိတော့လို့ မဒမ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါတဲ့ ။ကျွန်တော်လည်း အံသြစွာနဲ့ ပြန်ခဲ့ရပါသည် ။ အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်းပေးထားတဲ့ နည်းလမ်းတွေနဲ့ အလုပ်ဖြစ်နေတယ်ပြောတယ် ။

ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာ နဲ့ ပြောမိပါသည် ။သူကတော့ ယုံချင်ယုံ မယုံချင်နေ သူတို့ ငယ်ငယ်က သူ့အဖွား လုပ်တဲ့နည်းအတိုင်း လုပ်တာ ။ သူတို့အိမ်မှာလည်း ကျွတ်တွေ မရှိတော့တဲ့အပြင် ဘယ်သူ့ခြံကို သူ ဘယ်တုန်းကပြောလိုက်လိုံ ဘယ်လိုလိုက်လုပ်တဲ့ ခြံတွေမှာလည်း ကျွတ်အန္တရယ်၊

ဘယ်လိုကင်းဝေးသွားတယ်ဆိုတော့ ကထူးဆန်း စောဒကတက်စရာတော့ မရှိဘူးပေါ့ ။ဒါနဲ့ ထုံးစံ အတိုင်း ရွာထဲ သတင်းဖြန့်ချင်တာနဲ့ ရေးလိုက်တာပါ။ယုံတာ မယုံတာ လုပ်တာ မလုပ်တာတော့ up to you ပါ နော် ..နည်းလမ်းက နှစ်ဆန်းတစ်ရက်နေ့မှာ ခြံပါတ်ပါတ်လည် ဆားပက်ပေးပါတဲ့ ။

ပြီး ဘုန်းကြီး ပရိတ်ရွတ်ထားတဲ့ ပရိတ်ရည် နဲ့ ဖြန်းပေးပါတဲ့ဆားဘယ်လောက် ပရိတ်ရည်ဘယ်လောက်လဲ အထွန့်တက်မေးတော့ ကြည့်ပြီး သင့်တော်မယ်ထင်သလောက်သာလုပ် ဘာမှ အချိုး အစားတွေ မရှိဘူးတဲ့။ကဲ .. ကိုယ့် ခြံထဲ ကျွတ်တွေပေါများလို့ စိတ်ညစ်နေရင် နှစ်ဆန်း တစ်ရက်နေ့ စောင့်လို့ စမ်းကြည့်ပေါ့ ..ကထူးဆန်းကတော့ တွေးလို့မရဘူး ။

ကျွတ်ဆိုတဲ့ သတ္တဝါက မိုးမှ ထွက်တာ .. နှစ်ဆန်းတစ်ရက် နွေခေါင်ခေါင် ဘယ်ချောင်ရောက်နေမှန်းမသိတဲ့ ကောင်တွေကို အဲ့ဒီအချိန်မှာလုပ်တာ လျော့နည်းပပျောက်စေတယ်ဆိုတော့ မဒမ်ထူးဆန်းကိုလည်း စောဒကမတက်ရဲ ..ကျေးဇူးတင်ပါတယ် ပြောလိုက်တဲ့ အဖိုးကြီး အဖွားကြီးကလည်း

မျက်မြင်ကိုယ်တွေ့ဆိုတော့ ခေါင်းကုတ်ရုံ ရွာကိုတိုင်တည်ရုံ အပြင် မပိုပါဘူး..အဲ့ဒီအဖိုးကြီး အဖွားကြီးကဘဲ နောက်ထပ် ခြနှိမ်နှင်းရေးအတွက် ချွေတာရေးနည်းလမ်းကောင်းပေးလိုက်သေးတယ် ။ဆပ်ပြာရည်ထဲမှာ ဆနွင်းနဲနဲ ဖျော်ပြီးလောင်း ။ ခြတွေ အတုန်းအရုံး သေဆိုဘဲ ။

မြေပဒေသာက ဆေးဝယ်စရာမလို ။ ဆပ်ပြာရည်ကိုလည်း သီးသန့်ဖျော်စရာမလို ။ အဝတ်လျှော်ပြီးထွက်လာတဲ့ ဆပ်ပြာရည်ကို သာ ပြန်ခံသုံးတဲ့ ။သူ့ခြံထဲက ခြတောင်ပို့တွေလည်း ရေကြည်ရာ မြက်နုရာ ပြေးကုန်ပြီတဲ့ ။ရွှင်လန်းချမ်းမြေ့ပါစေ။

Credit

Zawgyi
သင့္အိမ္က ကြၽတ္ နဲ႕ ျခ မ်ားကို ထြက္ေျပးေစမယ့္ နည္းလမ္း-မေန႕က ၁၀ မိုင္က ၿခံတစ္ၿခံမွာေနတဲ့ အဖိုးႀကီး အဖြားႀကီး ထံေရာက္ခဲ့ပါတယ္ ။

အဖြားႀကီးက မဒမ္ထူးဆန္းကို ေက်းဇူးတင္ေၾကာင္းေျပာေပးပါဆိုလို႔ အံၾသခဲ့ရပါတယ္ ။မဒမ္ထူးဆန္းေပးတဲ့ နည္းနဲ႕ ကြၽတ္ေတြကို ႏွိမ္ႏွင္းလိုက္တာ ေအာင္ျမင္သြားေၾကာင္း ၊

အရင္တုန္းက ၿခံထဲ ေျခခ်ရမွာ ေၾကာက္ေလာက္ေအာင္ ကြၽတ္မ်ားေၾကာင္း ၊ အခုေတာ့ ကြၽတ္ေတြမရွိေတာ့လို႔ မဒမ္ကိုေက်းဇူးတင္ေၾကာင္းေျပာေပးပါတဲ့ ။ကြၽန္ေတာ္လည္း အံၾသစြာနဲ႕ ျပန္ခဲ့ရပါသည္ ။ အိမ္ျပန္ေရာက္ေတာ့ မဒမ္ထူးဆန္းကို မင္းေပးထားတဲ့ နည္းလမ္းေတြနဲ႕ အလုပ္ျဖစ္ေနတယ္ေျပာတယ္ ။

ဟုတ္ေကာ ဟုတ္ရဲ႕လားလို႔ မယုံသကၤာစြာ နဲ႕ ေျပာမိပါသည္ ။သူကေတာ့ ယုံခ်င္ယုံ မယုံခ်င္ေန သူတို႔ ငယ္ငယ္က သူ႕အဖြား လုပ္တဲ့နည္းအတိုင္း လုပ္တာ ။ သူတို႔အိမ္မွာလည္း ကြၽတ္ေတြ မရွိေတာ့တဲ့အျပင္ ဘယ္သူ႕ၿခံကို သူ ဘယ္တုန္းကေျပာလိုက္လိုံ ဘယ္လိုလိုက္လုပ္တဲ့ ၿခံေတြမွာလည္း ကြၽတ္အႏၱရယ္၊

ဘယ္လိုကင္းေဝးသြားတယ္ဆိုေတာ့ ကထူးဆန္း ေစာဒကတက္စရာေတာ့ မရွိဘူးေပါ့ ။ဒါနဲ႕ ထုံးစံ အတိုင္း ႐ြာထဲ သတင္းျဖန႔္ခ်င္တာနဲ႕ ေရးလိုက္တာပါ။ယုံတာ မယုံတာ လုပ္တာ မလုပ္တာေတာ့ up to you ပါ ေနာ္ ..နည္းလမ္းက ႏွစ္ဆန္းတစ္ရက္ေန႕မွာ ၿခံပါတ္ပါတ္လည္ ဆားပက္ေပးပါတဲ့ ။

ၿပီး ဘုန္းႀကီး ပရိတ္႐ြတ္ထားတဲ့ ပရိတ္ရည္ နဲ႕ ျဖန္းေပးပါတဲ့ဆားဘယ္ေလာက္ ပရိတ္ရည္ဘယ္ေလာက္လဲ အထြန႔္တက္ေမးေတာ့ ၾကည့္ၿပီး သင့္ေတာ္မယ္ထင္သေလာက္သာလုပ္ ဘာမွ အခ်ိဳး အစားေတြ မရွိဘူးတဲ့။ကဲ .. ကိုယ့္ ၿခံထဲ ကြၽတ္ေတြေပါမ်ားလို႔ စိတ္ညစ္ေနရင္ ႏွစ္ဆန္း တစ္ရက္ေန႕ ေစာင့္လို႔ စမ္းၾကည့္ေပါ့ ..ကထူးဆန္းကေတာ့ ေတြးလို႔မရဘူး ။

ကြၽတ္ဆိုတဲ့ သတၱဝါက မိုးမွ ထြက္တာ .. ႏွစ္ဆန္းတစ္ရက္ ႏြေေခါင္ေခါင္ ဘယ္ေခ်ာင္ေရာက္ေနမွန္းမသိတဲ့ ေကာင္ေတြကို အဲ့ဒီအခ်ိန္မွာလုပ္တာ ေလ်ာ့နည္းပေပ်ာက္ေစတယ္ဆိုေတာ့ မဒမ္ထူးဆန္းကိုလည္း ေစာဒကမတက္ရဲ ..ေက်းဇူးတင္ပါတယ္ ေျပာလိုက္တဲ့ အဖိုးႀကီး အဖြားႀကီးကလည္း

မ်က္ျမင္ကိုယ္ေတြ႕ဆိုေတာ့ ေခါင္းကုတ္႐ုံ ႐ြာကိုတိုင္တည္႐ုံ အျပင္ မပိုပါဘူး..အဲ့ဒီအဖိုးႀကီး အဖြားႀကီးကဘဲ ေနာက္ထပ္ ျခႏွိမ္ႏွင္းေရးအတြက္ ေခြၽတာေရးနည္းလမ္းေကာင္းေပးလိုက္ေသးတယ္ ။ဆပ္ျပာရည္ထဲမွာ ဆႏြင္းနဲနဲ ေဖ်ာ္ၿပီးေလာင္း ။ ျခေတြ အတုန္းအ႐ုံး ေသဆိုဘဲ ။

ေျမပေဒသာက ေဆးဝယ္စရာမလို ။ ဆပ္ျပာရည္ကိုလည္း သီးသန႔္ေဖ်ာ္စရာမလို ။ အဝတ္ေလွ်ာ္ၿပီးထြက္လာတဲ့ ဆပ္ျပာရည္ကို သာ ျပန္ခံသုံးတဲ့ ။သူ႕ၿခံထဲက ျခေတာင္ပို႔ေတြလည္း ေရၾကည္ရာ ျမက္ႏုရာ ေျပးကုန္ၿပီတဲ့ ။႐ႊင္လန္းခ်မ္းေျမ့ပါေစ။

Credit