“ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်” လုပ်နည်းလေး

ကဲ အားလုံးပဲ stay from home နေကြတဲ့အချိန်မှာ အရသာရှိရှိလေးတွေ လုပ်စားကြရအောင်နော်

အရမ်းကိုစားလို့ကောင်းတဲ့ ထိုင်းစတိုင် ကြာဇံရှူးရှဲချဉ်ငန်စပ်သုပ်လေး ချဉ်ငန်စပ်စပ်လေး?လုပ်ရတာလဲ အရမ်းကိုလွယ်တယ်နော်??

“ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်” လုပ်ရန်အတွက်ပါဝင်ပစ္စည်းများ>>>

၁.ယိုးဇယား Readymade အပြာထုတ်၂ထုတ်
၂.CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ)

၃.ပဲပင်ပေါက်,ကြက်သွန်နီ,ဂေါ်ဖီထုတ် အနဲငယ်
၄.ငရုတ်သီးအတောင့်ကြော် (ထမင်းစားဇွန်း၅ဇွန်း)

၅.ကင်းမွန်ငံပြာရည် (ဟင်းခတ်ဇွန်း၃ဇွန်း)
၆.သံပုရာသီး ၃လုံး , ဟင်းချိုမှုန့်လိုသလောက်

“ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်” ပြုလုပ်နည်း
အဆင့်ဆင့် >>>

၁. ပဲပင်ပေါက်,ကြက်သွန်နီ,ဂေါ်ဖီထုတ် အနဲငယ်ကို လှီးထားပါ

၂. CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ) ကြော်ထား,ပြုတ်ထားပါ

၃. ယိုးဇယား Readymade အပြာထုတ်၂ထုတ်ကို ပြုတ်ထားပါ (အရမ်းမပျော့ပါစေနဲ့)

၄. ပဲပင်ပေါက်,ဂေါ်ဖီထုတ် တွေကို ၅မိနစ်လောက် ပြုတ်ထားပေးပါ

၅.သုပ်နည်း>>ငရုတ်သီးအတောင့်ကြော် (ထမင်းစားဇွန်း၅ဇွန်း) ကို ထည့်ပါ ကင်းမွန်ငံပြာရည် (ဟင်းခတ်ဇွန်း၃ဇွန်း)ထည့်ပါ သံပုရာသီး ၃လုံးကိုညှစ်ထည့်ပါ ဟင်းချိုမှုန့်လိုသလောက်ထည့်ပါ

၆.အပေါ့အငန်မြည်းပီး အချဉ်ရည်စပ်စပ်လေး ရပါပီ

၇.အချဉ်ရည်ထဲကို ကြက်သွန်နီလှီးထားတာတွေထည့်ပီးနှယ်ပါ CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ) ကြော်ထား,ပြုတ်ထားတာတွေထည့်ပီးနှယ်ပါ

၈.သမအောင်နှယ်ထားပါ

၉.အကုန်လုံးရောနှယ်ထားတဲ့အချဉ်ရည်ထဲကို ကြာဇံပြုတ်တ်ထားတွေထည့်ပီး သမအောင်ထပ်ရောနှယ်ပါ

၁၀.နောက်တော့ ပဲပင်ပေါက်,ဂေါ်ဖီထုတ် တွေကို ပြုတ်ထားတာတွေထည့်ပီး သမအောင်ထပ်ပီးနှယ်ပါ

၁၁.ပီးရင် ကြာဇံထုတ်ထဲကပါသော ဆီထုတ်တွေကို ဖောက်ထည့်ပီး သမအောင်ထပ်နှယ်ပါ

၁၂.ကဲ…………နောက်ဆုံးမှာတော့ အရမ်းကိုအရသာရှိပီး ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ “ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်

သုပ်” လေးကို စားလို့ရပါပီ? အရသာကတော့ ဘန်ကောက်မှာစားဖူးတဲ့အရသာတွေအတိုင်းဘဲ လုပ်စားကြည့်ကြနော်

မူးရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါသည်