တစ်နှစ် သိန်း 80 ကျော်ရရှိနိုင် တဲ့ အုန်းပင်စိုက်နည်း

အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း 80 ကျော်ရရှိနိုင်တယ်။ တစ်လကို 6 သိန်းကျော်ရပါလိမ့်မယ်။

အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။ 2 နှစ်ခွဲ 3 နှစ်မှာ စသီးပါတယ်။ 4 နှစ်အထက်ဆိုရင် အသီးကောင်းပါမယ်။အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ ့တစ်ပင်ကို ခတ်စိတ်စိတ်စိုက်နိုင်တယ်။

အုန်းတစ်ပင်နဲ ့တစ်ပင် 5 မီတာ(16ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် 160 စိုက်လို ့ရတယ်။အုန်းချိုမွှေးတစ်ခိုင်မှာအလုံး 5 လုံးမှ 20 လုံးအထိသီးတယ်။အုန်းချိုမွှေးအရည်သောက်အရွယ်ကို ရက် 20 မှာ တစ်ခိုင်ခုတ်နိုင်တယ်။ တနှစ်မှာ 18 ခိုင်ရတယ်။

တစ်ဧက အပင် 160 x တစ်နှစ် 18 ခိုင် = 2880 ခိုင်ရမယ်။တစ်ခိုင်မှာဖျမ်းမျှ 7 လုံး x တစ်နှစ် တစ်ဧက 2880 ခိုင် = 20160 လုံးထိုင်းနိုင်ငံမှာခြံစျေးအကျဆုံးအချိန်က ကျပ်ငွေ 400 ဖြစ်တယ်။

တစ်ဧက တစ်နှစ် 20160 လုံး x တစ်လုံး 400 ကျပ် = 8064000 ကျပ်

အုန်းချိုမွှေးစိုက်နည်း—

ဖားခုံစနစ် စိုက်တာက ပိုကောင်းတယ်။အရွက်တွေမထပ်တော့ဘူး။တစ်တန််းက 16 ပေခြားစိုက်ပြီး ဒုတိယအတန်းကို ချန်ထားပြီး။ တတိယအတန်းကို ပထမအတန်နဲ ့အတည့်စိုက်ပါ။ ကြားခန်ချန်ထားတဲ့ ဒုတိယတန််းကို စိုက်တဲ့အခါပထမအတန်းနဲ တတိတန််းနဲ ့အပင်မတည့်အောင် အလည်ကြားမှာစိုက်ရပါတယ်။အုန်းချိုမွှွေးကို 9×18 လက္မပျိုးအိတ်မှာ 3လလောက် အရင်ပျိုးပြီးမှ စိုက်ခင်းမှာချစိုက်တာ ပိုကောင်းတယ်။

(1) ပျိုးအိတ်မှာ နွားချေး1ဆ၊ မြေပွ1ဆ၊ စပါးခွံ1ဆ၊ စပါးမီးသွေး 1 ရောစပ်ပြီးထည့်ရမယ်။

(2) အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးတဘက်ဘက်ကို ကပ်ရမယ်။ အမြစ်က အလည်မှာ ရှိအောင်ဖြစ်တယ်။ အုန်းပင်ကို 45 ဒီဂရီစောင်းထည့်ရမယ်။အုန်းသီးအလုံးကို 3 ပုံ 1 ပုံဖေါ်ထားရမယ်။ အပင်အရင်းကို မမြှုပ်ရဘူး။

(3) ပျိုးအိတ်မှာ ပျိုးထားတဲ့ အုန်းပင်တွေကို စီထားပြီး တစ်ရက်တစ်ခါရေလောင်းပေးရမယ်။

(4) စိုက်ခင်းမှာ မြေကျဉ်းတူးတဲ့အခါ အုန်းပင်ချစိုက်လို ့ရတဲ့ ကျဉ်းသာသာအကျယ်တူးပါ။စိုက်ပြီး အုန်းပင်မြေပြင်ပေါ်ရောက်နေမယ့် အနေအထား အနက်ပဲတူးပါ။

(5) စိုက်ကျဉ်းနှုတ်ခမ်းမှာ အုန်းပျိုးပင်ကို ချပြီး ပျိုးအိတ်ဖင်ကို အရင်ဖွင့်ပါ။

(6) မြေကျဉ်းမှာ ချတဲ့အခါ နေထွက်တဲ့ဘက်ကို 45 ဒီဂရီစောင်းချပါ။

(7) ပျိုးအိတ်အစောင်းဘက်ပျိုးအိတ်ဘေးကိုဓါးနဲ ့ခွဲပါ။

(8) တူးထားတဲ့မြေကြီးပေါ်ကို နွားချေးခြောက်ဖြန် ့ထည့်ပါ။

(9) နွားချေးနဲ တူးမြေကိုဆွပြီး အုန်းပင်ကို ပတ်ပတ်လည်မှာမြေဖြည့်ထည့်ပါ။အပင်အရင်းကို မြေမအုပ်လိုက်ရဘူး။ အပင်အရင်း မြေမြှုပ်ရင် အပင်မတက်တော့ဘူး။

(10) ရေဆွဲနေအောင်လောင်းပါ။

(11) ပျိုးအိတ်ကိုတဖြေးဖြေးဆွဲထုပ်ပါ။ ဒီနည်းက အပင်အမြစ်ကိုမနာစေဘူး။

(12) အုန်းပင်ပတ်ပတ်လည်ကိုကောက်ရိုးနဲ ့အုပ်ထားပါ။ ရေအစိုဓါတ်ထိန်းပေးဖို ့ဖြစ်တယ်။

(13) 3 လတစ်ကြီး နွားချေး၊ ကြက်ချေး၊ သစ်ရွက်ခြောက်၊ စပါးမီးသွေး တစ်ဆစီရောပြီး အပင် အရင်းနဲ ့ခွာပြီးမြေကိုတူးဆထည့်ပေးရမယ်။ ပင်ပတ်ပတ်လည် ကျဉ်းပေါက်တွေတူးပြီး မြေသြဇာ ထည့်ပေးရင်ပိုကောင်းတယ်။

အပင်ကြီးလာရင် ကြီးလာသလို မြေသြဇာကို ခွာပြီးပေးရမယ်။အပင်အမြစ်တွေ များများဖျာထွက်လေအပင်ကြီးနှုန်းကောင်းလေဖြစ်ပါတယ်။

(14) ရေလောင်းနည်းကတော့ မြေကြီးကရေစုပ်အားပေါ်မူတည်ပြီးပေးရပါမယ်။ပထမအကြိမ် ရေအဝလောင်းပါ။ 1 ရက် 2 ရက်တစ်ခါ မြေကြီးကို ကလှော်ကြည့်ပါ။ ရေအစိုဓါတ်ရှိနေရင်လောင်းစရာမလိုသေးဘူး။

ရေအစိုဓါတ်နည်းသွားတဲ့ ရက်အကြာကိုသတ်မှတ်ပြီး ဘယ်နှစ်ရက်တစ်ခါရေလောင်းမလဲဆိုတာကို သတ်မှတ်ရမယ်။

(15) အရွက်တွေကို လုံးဝမဖြစ်ရဘူး။ အရွက်က မြေသြဇာ အစာချက်လုပ်ပေးတယ်။ အရွက်နည်းရင် အစာချက်နည်းပြီး အပင်မတက်နိုင်ဘူးဖြစ်မယ်။ အပင်အရင်က အလက်ခြောက်တွေကိုလည်း မဖယ်ဖြစ်ရဘူး။ အပင်ရဲ ့အစိုဓါတ်ကိုထိန်းထားပေးတာဖြစ်တယ်။

(16) ရေနဲ ့မြေသြဇာကို ပုံမှန်ပေးမယ်ဆိုရင် 2 နှစ်ခွဲ 3 နှစ်မှာ စသီးပါမယ်။

အုန်းပင်က အုန်းသီး အုန်းလက် အုန်ခွံ အုန်းမှုတ် အုန်းပင်သစ်သားထုတ်နိုင်လို ့အကုန်ရောင်းလို ့ရတဲ့ သီးနှံပင်ဖြစ်တယ်။ ထိုင်းနိုင်ငံက စိုက်ပျိုးရေးပညာရှင် ဦးထုံးချနရဲ ့စိုက်ပျိုးနည်းဖြစ်ပါတယ်။

Credit