စိမ်းညှက်ညီအစ်မဘုရားဆိုတာ ပုဂံကိုစိတ်ဝင်စားသူတိုင်းနှုတ်ဖျားမှာတော်တော်ကိုရေပန်းစားပါတယ်။ပုံသဏ္ဍာန်ကြောင့်အပါအဝင် တခြားသဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် နာမည်ကြီးပါတယ်။
လိုင်းပေါ်မှာ ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ်ဆန်းတွေကို တင်ထားကြတာတွေ့ရပါတယ်။နည်းမျိုးစုံပါပဲ။သမိုင်းသမား ရှေးဟောင်းသုတေသနသမားတွေလည်း နည်းမျိုးစုံရေးကြပါတယ်။ဒါပေမယ့်စိမ်းညှက်ညီအစ်မဘုရားကို ဘယ်သူတည်ခဲ့လဲကိုတော့ ဘယ်သူမှ မပြောနိုင်ကြပါဘူး။
ဒီတော့ စိမ်းညှက်ညီအစ်မဘုရားနဲ့ ပတ်သတ်တဲ့ အမှန်တရား အချို့က်ို ပြောပြလိုပါတယ်။အစတော့မရေးပဲနေမလို့ပါပဲ။ဒါပေမယ့် Likeရဖို့အတွက်နဲ့ မဟုတ်ကဟုတ်ကလျှောက်ရေးနေတဲ့သမိုင်းယောင်ယောင်ရှေးဟောင်းသုတေသီယောင်ယောင်တွေကိုမြင်နေရလို့ နဲနဲတော့ရေးလိုက်ပါမယ်။
စိမ်းညှက်ညီအစ်မဘုရားကိုတည်ခဲ့တာ ဘယ်သူလဲ?
စ်ိမ်းညှက်ညီအစ်မဘုရားရဲ့ ကုသိုလ်ရှင်ကိုယခုထိတိုင် မည်သူမည်ဝါဆိုပြီး မတက်မပြောနိုင်ကြပါဘူး။တချို့က စိမ်းညှက်ညီအစ်မကတည်ခဲ့တယ်လို့ဆိုတယ်။ဒါက်ိုပဲ တချို့က ညီအစ်မဆိုတာအထောက်အထားမရှိကြောင်းပြောပြန်တယ်။နောက်တချို့က ရာဇဝင်မှာ စိမ်းညှက်မင်းသားသာတွေ့ရတယ်။
ညီအစ်မဆိုတာမတွေ့ရတဲ့အတွက် စိမ်းညှက်မင်းသားတည်တယ်လို့ပြောကြပြန်ရော။ပြီးတော့ သာသနာပိုင် ပံ့ဿကူမထေရ်မြတ်ကြီးဟာ စိမ်းညှက်မင်းသားဖြစ်တယ်လို့ အဆိုရှိပြန်တော့ ရှင်ပံ့ဿကူမထေရ်ကပဲ တည်သယောင်ဆိုကြပါသေးတယ်။ဘာလို့ဒီလို ကွဲပြားတဲ့ထင်မြင်ချက်တွေဖြစ်နေရသလဲဆိုတော့ စိမ်းညှက်ညီအစ်မဘုရားထဲမှာ အလှူမှတ်တမ်းကျောက်စာကိုမတွေ့ရှ်ိရလို့ပါပဲ။
တကယ့်အမှန်ကတော့ မတွေ့ရှိတာဆိုတာထက် လုံးဝက်ိုမထိုးခဲ့တာပါ။စိတ်ကြိုက်ရှာကြည့်နိုင်ပါတယ်။စိမ်းညှက်ညီအစ်မဘုရားမှာ ကျောက်စာမရှိပါဘူး။တူးကြည့်လည်း မတွေ့နိုင်ပါဘူး။ရှေးသုအနေနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ကဲ ဘုရားဒကာကဘယ်သူလဲ ဆက်ကြရအောင်။
စိမ်းညှက်ညီအစ်မဘုရားကိုဘယ်သူတည်လဲဆိုရင် စိမ်းညှက်ညီအစ်မနှစ်ယောက်ကတည်တယ်လို့ ဖြေပါမယ်။ဒီတော့ သူတို့နှစ်ယောက်လုံးအမည်တွေက စိမ်းညှက်လားဆိုပြီး မေးစရာမေးခွန်းရှိလာပါတယ်။ဒါကိုဖြေရရင် စိမ်းညှက်ဆိုတာ လူအမည်မဟုတ်ပါဘူး။ဘာအမည်လဲဆိုတော့ မျိုးနွယ်တစ်ခုရဲ့ အမည်ပါ။
ပြောရရင်ဘုရင်က ချီးမြှင့်ခဲ့တဲ့ ဘွဲ့အမည်တစ်ခုပါ။ဘုရားတည်တဲ့ ကာလက အလောင်းစည်သူမင်းနောက်နန်းတက်တဲ့ ဘုရင်လက်ထက်ကပါ။
သူ့အမည်ကို မရေးချင်လို့ ထည့်မရေးတော့ပါဘူး။သူ့က်ိုတော့အားလုံးလည်းသိကြလိမ့်မည်လို့ ထင်ပါတယ်။စိမ်းညှက်ဘွဲ့ဆိုတာ ဘာလဲဆိုတော့ သူဌေးဘွဲ့ပါ။
အနော်ရထာမင်းကြီး ကချီးမြှင့်ခဲ့တဲ့ သူဌေးဘွဲ့ပဲဖြစ်ပါတယ်။ထိုခေတ်အခါက သူဌေးဆိုတာ ဘုရင်ရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့မှ ဖြစ်ခွင့်ရတာပါ။ဒီအကြောင်းကို ပုဂံခေတ်နှောင်းပိုင်းကျောက်စာတချို့မှာ သူဌေးဘွဲ့နဲ့ ပတ်သတ်ပြီးတွေ့ရတာရှိပါတယ်။
ဒီစိမ်းညှက်ဘွဲ့ကိုရခဲ့တဲ့ ပုဂ္ဂိုလ်ဟာ စိမ်းညှက်ညီအစ်မဘုရားတည်ခဲ့သူ ညီအစ်မနှစ်ယောက်ရဲ့ အဖိုးတော်စပ်သူပါပဲ။သူ့မှာ သားသုံးယောက်ရှိခဲ့တယ်။အဲဒီထဲကတစ်ယောက်က စိမ်းညှက်ညီအစ်မရဲ့ ဖခင်ဖြစ်သူပါပဲ။ကျန်တဲ့သားတွေအကြောင်းနောက်မှပြောပါမယ်။
သမိုင်းမှာရေးခဲ့သလိုပဲ ဂူဘုရားကြီးကို စိမ်းညှက်အစ်မကတည်ခဲ့တယ်ဆိုတာမှန်ကန်ပါတယ်။စေတီကြီးက ညီမကတည်ခဲ့တာပါ။ဒါကြောင့် ဂူဘုရားကို စိမ်းညှက်အစ်မ ၊စေတီကို စိမ်းညှက်ညီမဆိုပြီးအခုထိအမည်တွင်နေခဲ့တာပါ။
သူတို့နှစ်ဦးရဲ့အမည်ကို ကာယကံရှင်တွေရဲ့ ခွင့်ပြုချက်မပဲ ဖော်ပြလို့အဆင်မပြေပါဘူး။သူတို့ညီအစ်မထဲက တစ်ယောက်က အခု လူ့ဘဝရောက်နေပါတယ်။ကာယကံရှင်ကိုယ်တိုင် ပြောချင်စိတ်ရှိရင်တင်ပါလိမ့်မယ်။ကျွန်တော်ကတော့ ဤမျှပဲရေးပါမယ်။ထပ်ရေးချင်စိတ်ပေါ်တော့လည်း ထပ်ဖော်ပြမှာပါ။
တစ်ခုထပ်ပြီးပြောပြချင်တာတော့ ဘုရားထဲ ပုတီးစိတ်ရင်း တရားထိုင်ရင်း အလှူတစ်ခုပြုရင်း ညီမနှစ်ယောက်သဏ္ဍန်ကိုမြင်မိတယ် ဆိုရင်တော့ အလှည့်ခံရတယ်လို့ပဲပြောလိုက်ပါမယ်။အကြောင်းကတော့ ဘုရားထဲမှာ စိမ်းညက်အစ်မဖြစ်သူနဲ့ အလုပ်အကျွေးပြုသူတွေ အစောင့်ပုဂ္ဂိုလ်ကြီးတွေပဲ ရှိနေလို့ပါ။
Crd,အသင်္ခယာ