မိတ်ဆွေဖြစ်ချင်လျှင် ထမင်းကျွေးလိုက်ပါရန်သူဖြစ်ချင်လျှင်တော့ ပိုက်ဆံချေးလိုက်ပါတဲ့

ပိုက်ဆံချေးကြသူများ မှတ်သားရန်ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်း အထိပိုက်ဆံဟာ ပိုက်ဆံပါပဲ။

အချေးခံရတဲ့သူက ပြန်မတောင်းရင်တောင်ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူကအလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော ၊ချေးပေးရာကို မလုပ်ချင်ကြပါဘူး။

ချေးလာတဲ့သူရှိလို့သာ အားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။ ပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေ ကိုလျှောက်မပြောပါနဲ့။

ချေးထားမယ့်ကာလကျော်ပြီးပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်ရမယ့်အချိန်ကြရင်လူလိုသိတတ် ပါအရေးကြီးဆုံးအချက်ကသေချာပြန်ဆပ်ရပါမယ်။ကိုယ်ကတိပေးထား တဲ့အချိန်မှာသေချာပေါက်ကို ပြန်ဆပ်ရပါမယ်။အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။

ပြန်ဆပ်မယ့်အချိန်ကိုထပ်ပြောရပါမယ်။ ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင် လုပ်တာဟာပိုက်ဆံချေးပေး မိတဲ့သူရဲ့ နောင်တတရားနဲ့ ဒေါသစိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။

ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း မေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာအင်မတန်မှကို လူပါးဝရာကျပါတယ်။

အဆိုးဆုံးက ကိုယ်မှာပိုက်ဆံရှိ လည်းမရှိသေးလို့ အဆင်မပြေလို့ ဆိုပြီးကိုယ့်တွက်ပဲကြည့် တက်သူကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီးရင့်ရင့်သီးသီးဆက်ဆံ
တာနဲ့မျက်ရည်ခံ ထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာ မျိုးသူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။

ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။သူမေးလာ တဲ့အထိ စောင့်မနေပါနဲ့။တခါတေလ သူတို့က မေမ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။

သူတို့မှာလည်းသူတို့အခက်ခဲ အဖြစ်ခံပြီးကူညီထားတယ်ဆိုမမေ့ပါနဲ့အားနာလို့သာ မေ့ချင်ယောင်ဆောင်နေကြ တာပါ။ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြ တဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ် ညံ့တဲ့စိတ်ပါ။

တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့ သူဆိုတာအိမ်ဦး ခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊အားနာလို့၊ ချစ်လို့ သူ့ရဲ့ရှိစုမဲ့စုလေးထုတ်ပြီး ချေးပေးတာဖြစ် ပါတယ်။

ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ကတိာ တည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီး လိုက်သလိုဖြစ်သွားပါလိမ့်မယ်။

အရမ်းနှမြော ဖို့ကောင်းပါတယ် ။ဒါကြောင့် ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ

Credit

Zawgyi
ပိုက္ဆံေခ်းၾကသူမ်ား မွတ္သားရန္ပိုက္ဆံတစ္ရာ ႏွစ္ရာမွသည္ တစ္သိန္း ႏွစ္သိန္း အထိပိုက္ဆံဟာ ပိုက္ဆံပါပဲ။

အေခ်းခံရတဲ့သူက ျပန္မေတာင္းရင္ေတာင္ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေနရင္ေတာင္ ေခ်းတဲ့သူကအလိုက္တသိနဲ႕ ေသခ်ာျပန္ေပးရပါမယ္။ျဖစ္နိုင္ရင္ေတာ့ ဘယ္သူမွ ေခ်းရတာေရာ ၊ေခ်းေပးရာကို မလုပ္ခ်င္ၾကပါဘူး။

ေခ်းလာတဲ့သူရွိလို႔သာ အားနာၿပီး ေခ်းေပးၾကရတာျဖစ္တဲ့အတြက္ ဒီကိစၥမွာလုံးလုံးလ်ားလ်ားတာဝန္ရွိသူဟာ လာေခ်းသူပါပဲ။ ပိုက္ဆံေခ်းၿပီတဲ့အခါ ေပါက္ကရေလးဆယ္ေတြ ကိုေလွ်ာက္မေျပာပါနဲ႕။

ေခ်းထားမယ့္ကာလေက်ာ္ၿပီးျပန္ဆပ္မယ့္အခ်ိန္နဲ႕ျပန္ဆပ္ရမယ့္အခ်ိန္ၾကရင္လူလိုသိတတ္ ပါအေရးႀကီးဆုံးအခ်က္ကေသခ်ာျပန္ဆပ္ရပါမယ္။ကိုယ္ကတိေပးထား တဲ့အခ်ိန္မွာေသခ်ာေပါက္ကို ျပန္ဆပ္ရပါမယ္။အေၾကာင္းတစ္ခုခုေၾကာင့္ ၾကန႔္ၾကာေနရင္ေတာင္ ကိုယ္ကဦးေအာင္ ဆက္သြယ္ၿပီးရွင္းျပရပါမယ္။

ျပန္ဆပ္မယ့္အခ်ိန္ကိုထပ္ေျပာရပါမယ္။ ေခ်းတုန္းကေခ်းၿပီး ျပန္ဆပ္ခ်ိန္ေရာက္မွ အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလို အူေၾကာင္ေၾကာင္ လုပ္တာဟာပိုက္ဆံေခ်းေပး မိတဲ့သူရဲ႕ ေနာင္တတရားနဲ႕ ေဒါသစိတ္ကို ဒြန္တြဲၿပီး ျဖစ္ေပၚေစပါတယ္။ လုံးဝမလုပ္ပါနဲ႕။

ေခ်းတုန္းကေတာင္ သတိတရနဲ႕ ေသေတာ့မတတ္ဖုန္းဆက္ၿပီး ေခ်းေသးရင္ ျပန္ဆပ္ရမယ့္အခါလည္း ေမ့မေနပါနဲ႕။ ႐ူးခ်င္ေယာင္ေဆာင္ၿပီး ဖုန္းပိတ္တာေတြ၊ မကိုင္တာေတြ၊ seen ျဖစ္ၿပီး reply မလာတာေတြဟာအင္မတန္မွကို လူပါးဝရာက်ပါတယ္။

အဆိုးဆုံးက ကိုယ္မွာပိုက္ဆံရွိ လည္းမရွိေသးလို႔ အဆင္မေျပလို႔ ဆိုၿပီးကိုယ့္တြက္ပဲၾကည့္ တက္သူကိုယ့္ပိုက္ဆံကိုယ္ျပန္ေတာင္းတဲ့သူကိုရန္သူလိုသေဘာထားၿပီးရင့္ရင့္သီးသီးဆက္ဆံ
တာနဲ႕မ်က္ရည္ခံ ထိုးၿပီး ျပန္ေတာင္းတဲ့သူကို ခ်စ္တီးလို႔တစ္ေလာကလုံးကထင္ေအာင္ ဇာတ္နာျပတာ မ်ိဳးသူျပန္ေတာင္းတဲ့အထိ ေစာင့္မေနပါနဲ႕။

ကိုယ္ေပးတဲ့ထားတဲ့ကတိထက္ ပိုေစာၿပီး ဆပ္နိုင္ေလ ေကာင္းေလပါပဲ။ျမန္ျမန္ရရင္ ျမန္ျမန္ဆပ္ပါ။သူေမးလာ တဲ့အထိ ေစာင့္မေနပါနဲ႕။တခါေတလ သူတို႔က ေမမ့ပါဘူး။ ကိုယ့္ျမင္ကတည္းက သူတို႔ပိုက္ဆံကို တန္းသတိရပါတယ္။

သူတို႔မွာလည္းသူတို႔အခက္ခဲ အျဖစ္ခံၿပီးကူညီထားတယ္ဆိုမေမ့ပါနဲ႕အားနာလို႔သာ ေမ့ခ်င္ေယာင္ေဆာင္ေနၾက တာပါ။ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ခ်င္ၾက တဲ့သူေတြရဲ႕အက်င့္ဆိုးတစ္ခုကေတာ့ ေခ်းမိတဲ့သူရဲ႕ အားနာတတ္တဲ့စိတ္ကို ခ်နင္းတာပါပဲ။ ေတာ္ေတာ္ယုတ္ ညံ့တဲ့စိတ္ပါ။

တကယ္ေတာ့ ကိုယ့္ကို ပိုက္ဆံေခ်းေပးတဲ့ သူဆိုတာအိမ္ဦး ခန္းမွာထားၿပီး ေ႐ႊခ်ထားရမယ့္သူမ်ိဳးေတြပါ။အဲ့လိုလူမ်ိဳး ကမၻာေပၚမွာ သိပ္မ်ားမ်ားစာစား မရွိပါဘူး။ကိုယ့္ကိုတကယ္ခင္လို႔၊ စာနာလို႔၊အားနာလို႔၊ ခ်စ္လို႔ သူ႕ရဲ႕ရွိစုမဲ့စုေလးထုတ္ၿပီး ေခ်းေပးတာျဖစ္ ပါတယ္။

ကတိတည္ရပါမယ္။ မဟုတ္ရင္ တစ္ခါပဲရပါမယ္။ကတိာ တည္လိုက္ရင္ ေနာင္လည္း လိုတဲ့အခါ ရနိုင္ပါမယ္။မဟုတ္ရင္ေတာ့ ကမၻာေပၚက အေကာင္းဆုံးေသာမိတ္ေဆြတစ္ေယာက္ကို ကိုယ္တိုင္ဖ်က္ဆီး လိုက္သလိုျဖစ္သြားပါလိမ့္မယ္။

အရမ္းႏွေျမာ ဖို႔ေကာင္းပါတယ္ ။ဒါေၾကာင့္ ပိုက္ဆံေခ်းၿပီးရင္ အေသအခ်ာ ျပန္ဆပ္ၾကပါ

Credit