ရုပ်ရှင်တွေထဲကလို နှင်းတွေ ကျတဲ့ မြို့လေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ သိပြီးပြီလား

ကချင်ပြည်နယ် ပန်ဝါမြို့သွားမည့်လမ်းကြောင်းကို မေးမြန်းတဲ့သူတွေများလာတဲ့အတွက်တင်ပေးလိုက်ပါတယ် အဆင်ပြေကြပါစေခင်ဗျ

တည်နေရာ – ဒီမြို့လေးရဲ့တည်နေရာကို google map မှာခေါက်ကြည့်ရင် လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉)မိနစ်၊ လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၂၀)မိနစ်,မှာတည်ရှိပီး၊ မြန်မာနိုင်ငံ မြေပုံအရတော့ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးပါ။

ဒီပန်ဝါ မြို့လေးက ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာတရုတ်နိုင်ငံ၊ တောင်ဘက်မှာ ဝိုင်းမော်မြို့နယ် နဲ့ တရုတ်နိုင်ငံ၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက် နည်းပါးလွန်းပါတယ်။ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်ဆင့် ကားနဲ့သွားလို့ရတဲ့ ပန်ဝါမြို့။ပန်ဝါကို လမ်းနှစ်လမ်း ရှိပါတယ်။

ပထမ – အလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနား ကန်ပိုက်တီ တရုတ်ပြည်လမ်းကနေ မြန်မာပြည် ပြန်ဝင်တဲ့ လမ်းပါ ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည် လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့ အတွက် တရုတ်ပတ်စပို့ လိုပါတယ်။

ဒုတိယ- လမ်းက မြန်မာပြည်လမ်းပါ မြစ်ကြီးနား ချီဖွေ လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပါမယ် လမ်းက မြေနီလမ်းများပါတယ် ပတ်စပို့ လုပ်စရာမလိုပါဘူး။

ပထမလမ်း ရန်ကုန် မန်းလေးကလာမယ်ဆိုရင် လေယာဉ်နဲ့ မြစ်ကြီးနားကို ဆင်းရပါတယ် ၊ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ် ၊ ကန်ပိုက်တီ လမ်းကနေ တရုတ်ပြည် လမ်းသွားရင် ကားစီးချိန် ၅ နာရီပဲကြာပါတယ်။

ကိုယ်လမ်းသိစရာမလိုဘူး ကားသမားတွေ သိပါတယ် ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။ကန်ပိုက်တီ ဂိတ်မှာ ပတ်စ်ပို့ ဝင်လုပ်ရပါမယ် ၊ မှတ်ပုံတင် မိတ္တူတစ်ခု လှိင်စင်ပုံ နစ်ပုံ ပေးလိုက်ရင် ပတ်စပို့ လုပ်ပေးပါတယ် အများဆုံး ၁၅ မိနစ်ပဲကြာပါတယ်

လူများရင်တော့ တန်းစီစနစ်နဲ့ လုပ်ရပါမယ် ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ် ပန်ဝါ အဝင်ဂိတ်မှာ မှတ်ပုံတင် ပတ်စပို့ ပြန်ပြရပါတယ် ၊ပန်ဝါမှာ တည်းဖို့ဟိုတယ် တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ်

အကူညီတောင်းရင် ကူညီကြပါတယ် တည်းခိုခန်း ဟိုတယ်တွေက ၃ သောင်းအထက်တွေရှိပါတယ် ပန်ဝါမှာ တရုတ် နဲ့ ကချင်များပါတယ် အားလုံးက ရိုးသားကြပါတယ် အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါတယ် ဒါက အလွယ်ကူဆုံး လမ်းပါ။

ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနား ချီဖွေ ကားတစ်ရက် စီးရပါတယ် ချီဖွေမှာ တစ်ည အိပ်ရပါလိမ့်မယ် တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီး မြေနီလမ်းဖြစ်ပြီး တောတောင် သဘာဝတွေအများကြီးရှိပါတယ်။

မေခမြစ်အတိုင်း တက်သွားရတာပါ၊နောက်နေ့မနက် ကားနဲ့ ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါ ရောက်ပါတယ် ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန်လို့ရပါတယ် ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်း ကို ဆိုင်ကယ် သွားလို့ရပါတယ်။

မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ် မြစ်ကြီးမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။

Crd,
zawgyi
ကခ်င္ျပည္နယ္ ပန္ဝါၿမိဳ႕သြားမည့္လမ္းေၾကာင္းကို ေမးျမန္းတဲ့သူေတြမ်ားလာတဲ့အတြက္တင္ေပးလိုက္ပါတယ္ အဆင္ေျပၾကပါေစခင္ဗ်

တည္ေနရာ ဒီၿမိဳ႕ေလးရဲ႕တည္ေနရာကို google map မွာေခါက္ၾကည့္ရင္ လတၱီက်ဳ (၂၅)ဒီဂရီ၊ (၅၉)မိနစ္၊ ေလာင္ဂ်ီက်ဳ (၉၈)ဒီဂရီ၊ (၂၀)မိနစ္,မွာတည္ရွိပီး၊ ျမန္မာနိုင္ငံ ေျမပုံအရေတာ့ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားခရိုင္၊ ခ်ီေဖြၿမိဳ႕နယ္ ၊ ပန္ဝါၿမိဳ႕ေလးပါ။

ဒီပန္ဝါ ၿမိဳ႕ေလးက ဧရိယာစတုရန္းမိုင္ ၁၃၅၅ ေလာက္ မိုင္က်ယ္ဝန္းၿပီး အေရွ႕မွာတ႐ုတ္နိုင္ငံ၊ ေတာင္ဘက္မွာ ဝိုင္းေမာ္ၿမိဳ႕နယ္ နဲ႕ တ႐ုတ္နိုင္ငံ၊ အေနာက္ဘက္ နဲ႕ ေျမာက္ဘက္မွာေတာ့ ခ်ီေဖြၿမိဳ႕နယ္ နဲ႕ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။

ျမင့္မားမတ္ေစာက္တဲ့ ေတာင္တန္းႏွင့္ေတာင္ေစာင္းမ်ား ဝန္းရံထားတာမို႔ ေျမျပန႔္လြင္က မရွိသေလာက္ နည္းပါးလြန္းပါတယ္။ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က တစ္ဆင့္ ကားနဲ႕သြားလို႔ရတဲ့ ပန္ဝါၿမိဳ႕။ပန္ဝါကို လမ္းႏွစ္လမ္း ရွိပါတယ္။

ပထမ အလြယ္ကူဆုံးတစ္လမ္းက ျမစ္ႀကီးနား ကန္ပိုက္တီ တ႐ုတ္ျပည္လမ္းကေန ျမန္မာျပည္ ျပန္ဝင္တဲ့ လမ္းပါ ပထမ လမ္းအသုံးျပဳမယ္ဆိုရင္ တ႐ုတ္ျပည္ လမ္းက ျမန္မာျပည္ျပန္ဝင္ရတဲ့ အတြက္ တ႐ုတ္ပတ္စပို႔ လိုပါတယ္။

ဒုတိယ- လမ္းက ျမန္မာျပည္လမ္းပါ ျမစ္ႀကီးနား ခ်ီေဖြ လမ္းကို အသုံးျပဳမယ္ဆိုရင္ လမ္းမွာ တစ္ညအိပ္နစ္ရက္ၾကာပါမယ္ လမ္းက ေျမနီလမ္းမ်ားပါတယ္ ပတ္စပို႔ လုပ္စရာမလိုပါဘူး။

ပထမလမ္း ရန္ကုန္ မန္းေလးကလာမယ္ဆိုရင္ ေလယာဥ္နဲ႕ ျမစ္ႀကီးနားကို ဆင္းရပါတယ္ ၊ ျမစ္ႀကီးနားကေန ကားငွားၿပီး ဆက္သြားရပါတယ္ ၊ ကန္ပိုက္တီ လမ္းကေန တ႐ုတ္ျပည္ လမ္းသြားရင္ ကားစီးခ်ိန္ ၅ နာရီပဲၾကာပါတယ္။

ကိုယ္လမ္းသိစရာမလိုဘူး ကားသမားေတြ သိပါတယ္ ကားစင္းလုံးငွားလို႔ရသလို လိုင္းကားေတြလည္းရွိပါတယ္။ကန္ပိုက္တီ ဂိတ္မွာ ပတ္စ္ပို႔ ဝင္လုပ္ရပါမယ္ ၊ မွတ္ပုံတင္ မိတၱဴတစ္ခု လွိင္စင္ပုံ နစ္ပုံ ေပးလိုက္ရင္ ပတ္စပို႔ လုပ္ေပးပါတယ္ အမ်ားဆုံး ၁၅ မိနစ္ပဲၾကာပါတယ္

လူမ်ားရင္ေတာ့ တန္းစီစနစ္နဲ႕ လုပ္ရပါမယ္ ပတ္စ္ပို႔က တ႐ုတ္ျပည္မွာ ၁၄ ရက္ သြားလာခြင့္ရွိပါတယ္ ပန္ဝါ အဝင္ဂိတ္မွာ မွတ္ပုံတင္ ပတ္စပို႔ ျပန္ျပရပါတယ္ ၊ပန္ဝါမွာ တည္းဖို႔ဟိုတယ္ ေတြမသိရင္ လဝက ဝန္ထမ္းေတြ ရဲေတြရွိပါတယ္

အကူညီေတာင္းရင္ ကူညီၾကပါတယ္ တည္းခိုခန္း ဟိုတယ္ေတြက ၃ ေသာင္းအထက္ေတြရွိပါတယ္ ပန္ဝါမွာ တ႐ုတ္ နဲ႕ ကခ်င္မ်ားပါတယ္ အားလုံးက ရိုးသားၾကပါတယ္ အကူညီေတာင္းၿပီးၿမိဳ႕ကို လည္ပတ္လို႔ရပါတယ္ ဒါက အလြယ္ကူဆုံး လမ္းပါ။

ဒုတိယလမ္း ျမစ္ႀကီးနားကေန ခ်ီေဖြၿမိဳ႕လမ္းပါ ျမစ္ႀကီးနား ခ်ီေဖြ ကားတစ္ရက္ စီးရပါတယ္ ခ်ီေဖြမွာ တစ္ည အိပ္ရပါလိမ့္မယ္ တည္းခိုခန္းေတြ အမ်ားႀကီးရွိပါတယ္ လမ္းခရီး ေျမနီလမ္းျဖစ္ၿပီး ေတာေတာင္ သဘာဝေတြအမ်ားႀကီးရွိပါတယ္။

ေမချမစ္အတိုင္း တက္သြားရတာပါ၊ေနာက္ေန႕မနက္ ကားနဲ႕ ထြက္လာရင္ ညေန ၂ နာရီေလာက္ ပန္ဝါ ေရာက္ပါတယ္ ပန္ဝါၿမိဳ႕ ၁ ရက္ေလာက္လည္ၿပီးရင္ ကန္ပိုက္တီလမ္းလည္း ျပန္လို႔ရပါတယ္ ဆိုင္ကယ္စီးဝါသနာရွင္ေတြကေတာ့ ျမစ္ႀကီးနား ခ်ီေဖြ ပန္ဝါလမ္း ကို ဆိုင္ကယ္ သြားလို႔ရပါတယ္။

မွတ္ခ်က္။ ျမစ္ႀကီးနားမွာ မိုးေတြအုံ႕ၿပီးျမဴေတြ က်ေနရင္ေတာ့ ပန္ဝါမွာ ႏွင္းက်တတ္ပါတယ္ ျမစ္ႀကီးၿမိဳ႕ေရာက္ရင္ခန့္မွန္းနိင္ဖို႔ပါ။