မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြသုခ ရွာ အနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။
ကမ္ဘာ့တည်နေရာပြ စနစ် (GPS) တိုင်းတာချက်အရ မြောက် လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။
မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ အ မှတ်အသားကျောက်တိုင်တစ်ခုကို မြန်မာ နိုင်ငံ မြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။ ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေစေတီတော် အနီးတွင် တွေ့နိုင်ပါသည်။
ပြက္ခရွေ့ တောင်သည် ၃၇၅ဝ ပေ မြင့်သည်။ တောင်ထိပ်ပေါ်တွင် အနော်ရထာမင်းတည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီ တည်ရှိသည်။
ပုဂံ အနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာ စွယ်တော် ပွားများကို ပုဂံ တန့်ကြည်တောင်၊ တူုရွင်းတောင်၊ လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော် တို့တွင် ဌာပနာထား တည်ခဲ့ပြီး နောက်ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့ အရှေ့ တောင်ဘက် ပြက္ခရွေ့ တောင် ပေါ် ရှိ ပြက္ခရွေ့စေတီတော်မှာ ဌာပနာ ထားခဲ့လေသည်။
အနော်ရထာမင်းလက်ထက်တွင် ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်တို့မှ ကျသောရေကို အထပ် ထပ်စစ်ကာရေသောက်ကန်ပြုလုပ်ခဲ့ကြောင်း သမိုင်းအထောက် အထားများ အရတွေ့ရှိရပေသည်။
ထိုစေတီကိုလည်း ပြက္ခရွေ့ မဟာစွယ်တော်စေတီ ဟု ယနေ့တိုင် ခေါ်လေသည်။
Credit : မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
ျမန္မာနိုင္ငံ အလယ္ပိုင္း၊ မႏၱေလးတိုင္း၊ေက်ာက္ဆည္ခရိုင္၊ ျမစ္သားၿမိဳ႕နယ္၊ ကူမဲၿမိဳ႕ ျမသုခ ႐ြာ အနီးရွိ ျပကၡေ႐ြေတာင္ေပၚတြင္ တည္ရွိသည္။
ကမၻာ့တည္ေနရာျပ စနစ္ (GPS) တိုင္းတာခ်က္အရ ေျမာက္ လတၱီတြဒ္ ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ္၊ အေရွ႕ ေလာင္ဂ်ီတြဒ္ ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ္တြင္ တည္ရွိသည္။
ျမန္မာနိုင္ငံ အလယ္ဗဟိုခ်က္မ အ မွတ္အသားေက်ာက္တိုင္တစ္ခုကို ျမန္မာ နိုင္ငံ ေျမတိုင္းအဖြဲ႕မွ စိုက္ထူထားသည္။ ျပကၡေ႐ြ႕ ေတာင္ေပၚရွိ ျပကၡေ႐ြေစတီေတာ္ အနီးတြင္ ေတြ႕နိုင္ပါသည္။
ျပကၡေ႐ြ႕ ေတာင္သည္ ၃၇၅ဝ ေပ ျမင့္သည္။ ေတာင္ထိပ္ေပၚတြင္ အေနာ္ရထာမင္းတည္ထား ကိုးကြယ္ခဲ့ေသာ သမိုင္းဝင္ ေရွးေဟာင္းေစတီ တည္ရွိသည္။
ပုဂံ အေနာ္ရထာမင္းသည္ ဗုဒၶျမတ္စြာ စြယ္ေတာ္ ပြားမ်ားကို ပုဂံ တန႔္ၾကည္ေတာင္၊ တူုရွင်းတောင်၊ ေလာကနႏၵာႏွင့္ ေ႐ႊစည္းခုံ ေစတီေတာ္ တို႔တြင္ ဌာပနာထား တည္ခဲ့ၿပီး ေနာက္ဆုံး ပၪၥမေျမာက္ စြယ္ေတာ္ပြားကို ျမစ္သားၿမိဳ႕ အေရွ႕ ေတာင္ဘက္ ျပကၡေ႐ြ႕ ေတာင္ ေပၚ ရွိ ျပကၡေ႐ြ႕ေစတီေတာ္မွာ ဌာပနာ ထားခဲ့ေလသည္။
အေနာ္ရထာမင္းလက္ထက္တြင္ ေက်ာက္ဆည္ခရိုင္ရွိ ျပကၡေ႐ြေတာင္၊ ကယြတ္ေတာင္တို႔မွ က်ေသာေရကို အထပ္ ထပ္စစ္ကာေရေသာက္ကန္ျပဳလုပ္ခဲ့ေၾကာင္း သမိုင္းအေထာက္ အထားမ်ား အရေတြ႕ရွိရေပသည္။
ထိုေစတီကိုလည္း ျပကၡေ႐ြ႕ မဟာစြယ္ေတာ္ေစတီ ဟု ယေန႕တိုင္ ေခၚေလသည္။
Credit : မူရင္းေရးသားသူအားေလးစားစြာျဖင့္