တပါယ်မင်းသားဟာ မင်းတုန်းမင်းကြီး လက်ထက်မှာ မင်းသားဘွဲ့ရရှိသူဖြစ်ပေမယ့် ဘုရင့်သားတော်တပါးမဟုပ်ပါဘူး။ တပါယ်မင်းသားဟာ သူ့ရဲ့ နှမတော်ဖြစ်တဲ့ စိန်တုံးမိဖုရားကြီးတန်ခိုးနဲ့ ရတနာပုံနန်းတွင်းမှာ တန်ခိုးထွားခဲ့ဖူးပါတယ်။
တပါယ်မင်းသား နဲ့ စိန်တုံးမိဖုရား ကြီးတို့ဟာ မင်းတုန်းမင်း ရဲ့မယ်တော် ကျောက်မြော်မိဖုရားကြီး၏ အစ်မတော်ရင်း အလ္လကပ္ပမြို့စားရဲ့သားသမီးတွေဖြစ်ပြီး မင်းတုန်းမင်းကြီးနဲ့ မောင်နှမ တော်စပ်ကြပါတယ်။
အဲ့ဒီအတွက် မင်းတုန်းမင်းကြီးနန်းရတဲ့အခါမှာ သူ့ရဲ့ နှမတော်ဖြစ်တဲ့ စိန်တုံးမိဖုရား ကို မိဖုရားမြှောက်ပြီး စိန်တုံးတိုက်ကို စားစေခဲ့ပါတယ်။ ရာထူးအနေနဲ့ နန်းရမိဖုရားကြီးလေးပါးအောက် ဆောင်ရမိဖုရားကြီးလေးပါး အထက်မှာရှိတဲ့ နေရာ ရာထူးကိုပေးခဲ့ ပါတယ်။
အဲ့ဒီနေရာဟာ မင်းတုန်းမင်း လက်ထက်မှပေါ်ပေါက်ခဲ့ပြီး သူ့ရဲ့ အခြားသော နှမဝမ်းကွဲတွေဖြစ်တဲ့ မကွေးမိဖုရားကြီးနှင့် လောင်းရှည်မိဖုရားကြီးတို့လဲ အဲ့ဒီရာထူးကို ရခဲ့ကြပါတယ်။
ဒါ့အပြင် စိန်တုံးမိဖုရားကြီးနေတဲ့ နန်းဆောင်တော်ကိုလဲ နန်းရမိဖုရားကြီးများရဲ့ အဆောင်ကဲ့သို့ ဆောက်လုပ်ပေးပြီး အလယ်နန်းမိဖုရားကြီး(ဆင်ဖြူမရှင်) နန်းဆောင်နဲ့ ကပ်လျက်နေရာမှာ ဆောက်လုပ်ပေးထားခဲ့ပါတယ်။
နောက်ပြီး စိန်တုံးမိဖုရား ဟာ နာမည်နဲ့လိုက်အောင် စိန်ရွှေရတနာ တွေပေါလှတယ်လို့ မန္တလေးရတနာပုံနန်းတွင်းမှာ နာမည်ကြီးခဲ့ပါတယ်။အဲ့ဒီရတနာတွေဟာ ဒေါ်လေးဖြစ်သူ ကျောက်မြှော်မိဖုရားကြီး(မင်းတုန်းမင်းသားမယ်တော်)ထံကအမွေအဖြစ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။
နောက်ပြီး စိန်တုံးမိဖုရားဟာ ဘုရင် သော်မော်ဆောင် (မိဖုရားတပါးပါးနဲ့ အတူတကွအိပ်စက်ခြင်း)ဝင်တဲ့အခါမှာ စီမံခန့်ခွဲ ကြီးကြပ်ရတဲ့မိဖုရားကြီးနှစ်ပါးထဲက တပါးအပါအဝင်လဲဖြစ်ပါတယ်။ ဒါကြောင့် ဘုရင်နဲ့အတူအိပ်စက်ခွင့်ရဖို့အတွက် အခြားသောသူများရဲ့ တံစိုးလာဘ်ဆောင်ပေးခြင်းတွေကနေရရှိတယ်လို့လဲ ပြောကြပါတယ်။
*နန်းတွင်းမှာ နှမဖြစ်သူ စိန်တုံးမိဖုရား အာဏာရှိလာတာ နဲ့အမျှ သူ့ရဲ့ မောင်တော် တပါယ်မင်းသား ဟာလဲ တန်ခိုးထွားခဲ့ပါတယ်။တပါယ်မင်းသားဟာ ဂီတနဲ့စာပေမှာ ဝါသနာပါခဲ့ပြီး အဲ့ဒီခေတ်ကနာမည်ကြီး စာဆိုတော် စလေဦးပုညနဲ့လဲ အလွမ်းသင့်ခဲ့ဟန်တူပါတယ်။
သူ့အနေနဲ့ အလိုရှိတဲ့စာပေဂီတ ဖွဲ့နွဲ့ ဖို့အတွက်လဲ ဦးပုညကို အမြဲအကူအညီတောင်းလေ့ ဟန်ရှိပါတယ်။ တခါမှာ တပါယ်မင်းသားဟာ ဦးပုညကို အလိုရှိတဲ့အတွက်အခေါ်တော်စေလွှတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ဦးပုညဟာ အခြားသော မင်းသားတွေရဲ့ခိုင်းစေထားမှုတွေကြောင့် မအားလပ်ဖြစ်နေပါတယ်။
တပါယ်မင်းသားကလည်းအကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပါတယ်။ အဲ့ဒီမှာဦးပုညက စိတ်တိုပြီး “ယမနေသားအတွက်အချိန်မပေးနိုင်သေးဘူး” လို့ ပြောလွှတ်ခဲ့ပါတယ်။ ဒီစကားဟာ တပါယ်မင်းသား အရှိုက်ကို ထိစေပါတယ်။
ဦးပုညဆိုတဲ့ ယမနေသားဟာ အဲ့ဒီခေတ်က ရုပ်သေးမင်းသား ရုပ်၊ မင်းသမီးရုပ်တွေထုလုပ်ရာမှာအသုံးပြုတဲ့ သစ်သားဖြစ်လို့ တကယ့်မင်းသားမဟုပ်ပဲ မင်းသားတုမျှသာလို့ ဆိုလိုက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီအငြိုးကို ကလဲ့စားချေဖို့အရေး တပါယ်မင်းသားဟာစောင့်ဆိုင်းခဲ့ပါတယ်။
*မြင်ကွန်းအရေးအခင်ပေါ်ပေါက်လာတဲ့အခါမှာတော့ ဦးပုညဟာ အခါတော်ပေးမှုနဲ့ မြို့ဝန်ဦးသာအိုးအိမ်မှာ ဖမ်းဆီးထားခံရစဉ်မှာ အခွင့်အရေးကိုစောင့်နေတဲ့တပါယ်မင်းသားဟာ လက်မရွံ့တွေကိုစေလွတ်ကာ ဦးပုညကို သတ်စေပြီး မြို့ဝန်ဦးသာအိုးအပေါ် လွှဲချခဲ့ပါတယ်။
ဒါပေမယ့် ဒီအမှုကို မင်းတုန်းမင်းကြီးဟာ ဆက်လက်မစစ်ဆေးဘဲ “လူကိုခွေးသတ်လေခြင်း” တခွန်းထဲနဲ့ပြီးခဲ့တာဟာ အမှုကို သိသိနဲ့ပဲ မသိချင်ယောင်ဆောင်ပြီး လျစ်လျူ ရှု ခဲ့တာလားဆိုတာဟာ စဉ်းတော့စဉ်းစားစရာပါပဲ။
နောက်ပိုင်းမှာတော့ ရန်ငြိုး ကြီးသူ တပါယ်မင်းသားဟာလဲ သီပေါမင်းနန်းတက်တဲ့အခါမှာ အခြားမင်းသားတွေနဲ့အတူအဖမ်းခံရပြီး အဆုံးမှာ သူလဲ ကွပ်မျက်သုတ်သင်ခံရတဲ့အထဲမှာပါသွားခဲ့ပါတယ်။
ကိုးကား
မဟာဆွေ ဘိုးဝဇီရ
မောင်သန်းဆွေ (ထားဝယ်) ကုန်းဘောင်အလွန်
Crd,
Zawgyi
တပါယ္မင္းသားဟာ မင္းတုန္းမင္းႀကီး လက္ထက္မွာ မင္းသားဘြဲ႕ရရွိသူျဖစ္ေပမယ့္ ဘုရင့္သားေတာ္တပါးမဟုပ္ပါဘူး။ တပါယ္မင္းသားဟာ သူ႕ရဲ႕ ႏွမေတာ္ျဖစ္တဲ့ စိန္တုံးမိဖုရားႀကီးတန္ခိုးနဲ႕ ရတနာပုံနန္းတြင္းမွာ တန္ခိုးထြားခဲ့ဖူးပါတယ္။
တပါယ္မင္းသား နဲ႕ စိန္တုံးမိဖုရား ႀကီးတို႔ဟာ မင္းတုန္းမင္း ရဲ႕မယ္ေတာ္ ေက်ာက္ေျမာ္မိဖုရားႀကီး၏ အစ္မေတာ္ရင္း အလႅကပၸၿမိဳ႕စားရဲ႕သားသမီးေတြျဖစ္ၿပီး မင္းတုန္းမင္းႀကီးနဲ႕ ေမာင္ႏွမ ေတာ္စပ္ၾကပါတယ္။
အဲ့ဒီအတြက္ မင္းတုန္းမင္းႀကီးနန္းရတဲ့အခါမွာ သူ႕ရဲ႕ ႏွမေတာ္ျဖစ္တဲ့ စိန္တုံးမိဖုရား ကို မိဖုရားျမႇောက္ၿပီး စိန္တုံးတိုက္ကို စားေစခဲ့ပါတယ္။ ရာထူးအေနနဲ႕ နန္းရမိဖုရားႀကီးေလးပါးေအာက္ ေဆာင္ရမိဖုရားႀကီးေလးပါး အထက္မွာရွိတဲ့ ေနရာ ရာထူးကိုေပးခဲ့ ပါတယ္။
အဲ့ဒီေနရာဟာ မင္းတုန္းမင္း လက္ထက္မွေပၚေပါက္ခဲ့ၿပီး သူ႕ရဲ႕ အျခားေသာ ႏွမဝမ္းကြဲေတြျဖစ္တဲ့ မေကြးမိဖုရားႀကီးႏွင့္ ေလာင္းရွည္မိဖုရားႀကီးတို႔လဲ အဲ့ဒီရာထူးကို ရခဲ့ၾကပါတယ္။
ဒါ့အျပင္ စိန္တုံးမိဖုရားႀကီးေနတဲ့ နန္းေဆာင္ေတာ္ကိုလဲ နန္းရမိဖုရားႀကီးမ်ားရဲ႕ အေဆာင္ကဲ့သို႔ ေဆာက္လုပ္ေပးၿပီး အလယ္နန္းမိဖုရားႀကီး(ဆင္ျဖဴမရွင္) နန္းေဆာင္နဲ႕ ကပ္လ်က္ေနရာမွာ ေဆာက္လုပ္ေပးထားခဲ့ပါတယ္။
ေနာက္ၿပီး စိန္တုံးမိဖုရား ဟာ နာမည္နဲ႕လိုက္ေအာင္ စိန္ေ႐ႊရတနာ ေတြေပါလွတယ္လို႔ မႏၱေလးရတနာပုံနန္းတြင္းမွာ နာမည္ႀကီးခဲ့ပါတယ္။အဲ့ဒီရတနာေတြဟာ ေဒၚေလးျဖစ္သူ ေက်ာက္ျမႇော္မိဖုရားႀကီး(မင္းတုန္းမင္းသားမယ္ေတာ္)ထံကအေမြအျဖစ္ေပးခဲ့ျခင္းပဲျဖစ္ပါတယ္။
ေနာက္ၿပီး စိန္တုံးမိဖုရားဟာ ဘုရင္ ေသာ္ေမာ္ေဆာင္ (မိဖုရားတပါးပါးနဲ႕ အတူတကြအိပ္စက္ျခင္း)ဝင္တဲ့အခါမွာ စီမံခန့္ခြဲ ႀကီးၾကပ္ရတဲ့မိဖုရားႀကီးႏွစ္ပါးထဲက တပါးအပါအဝင္လဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဘုရင္နဲ႕အတူအိပ္စက္ခြင့္ရဖို႔အတြက္ အျခားေသာသူမ်ားရဲ႕ တံစိုးလာဘ္ေဆာင္ေပးျခင္းေတြကေနရရွိတယ္လို႔လဲ ေျပာၾကပါတယ္။
*နန္းတြင္းမွာ ႏွမျဖစ္သူ စိန္တုံးမိဖုရား အာဏာရွိလာတာ နဲ႕အမွ် သူ႕ရဲ႕ ေမာင္ေတာ္ တပါယ္မင္းသား ဟာလဲ တန္ခိုးထြားခဲ့ပါတယ္။တပါယ္မင္းသားဟာ ဂီတနဲ႕စာေပမွာ ဝါသနာပါခဲ့ၿပီး အဲ့ဒီေခတ္ကနာမည္ႀကီး စာဆိုေတာ္ စေလဦးပုညနဲ႕လဲ အလြမ္းသင့္ခဲ့ဟန္တူပါတယ္။
သူ႕အေနနဲ႕ အလိုရွိတဲ့စာေပဂီတ ဖြဲ႕ႏြဲ႕ ဖို႔အတြက္လဲ ဦးပုညကို အၿမဲအကူအညီေတာင္းေလ့ ဟန္ရွိပါတယ္။ တခါမွာ တပါယ္မင္းသားဟာ ဦးပုညကို အလိုရွိတဲ့အတြက္အေခၚေတာ္ေစလႊတ္ခဲ့ပါတယ္။အဲ့ဒီအခ်ိန္မွာ ဦးပုညဟာ အျခားေသာ မင္းသားေတြရဲ႕ခိုင္းေစထားမႈေတြေၾကာင့္ မအားလပ္ျဖစ္ေနပါတယ္။
တပါယ္မင္းသားကလည္းအႀကိမ္ႀကိမ္ ဆင့္ေခၚခဲ့ပါတယ္။ အဲ့ဒီမွာဦးပုညက စိတ္တိုၿပီး “ယမေနသားအတြက္အခ်ိန္မေပးနိုင္ေသးဘူး လို႔ ေျပာလႊတ္ခဲ့ပါတယ္။ ဒီစကားဟာ တပါယ္မင္းသား အရွိုက္ကို ထိေစပါတယ္။
ဦးပုညဆိုတဲ့ ယမေနသားဟာ အဲ့ဒီေခတ္က ႐ုပ္ေသးမင္းသား ႐ုပ္၊ မင္းသမီး႐ုပ္ေတြထုလုပ္ရာမွာအသုံးျပဳတဲ့ သစ္သားျဖစ္လို႔ တကယ့္မင္းသားမဟုပ္ပဲ မင္းသားတုမွ်သာလို႔ ဆိုလိုက္ျခင္းျဖစ္ပါတယ္။ အဲ့ဒီအၿငိဳးကို ကလဲ့စားေခ်ဖိဳ႕အေရး တပါယ္မင္းသားဟာေစာင့္ဆိုင္းခဲ့ပါတယ္။
*ျမင္ကြန္းအေရးအခင္ေပၚေပါက္လာတဲ့အခါမွာေတာ့ ဦးပုညဟာ အခါေတာ္ေပးမႈနဲ႕ ၿမိဳ႕ဝန္ဦးသာအိုးအိမ္မွာ ဖမ္းဆီးထားခံရစဥ္မွာ အခြင့္အေရးကိုေစာင့္ေနတဲ့တပါယ္မင္းသားဟာ လက္မ႐ြံ႕ေတြကိုေစလြတ္ကာ ဦးပုညကို သတ္ေစၿပီး ၿမိဳ႕ဝန္ဦးသာအိုးအေပၚ လႊဲခ်ခဲ့ပါတယ္။
ဒါေပမယ့္ ဒီအမႈကို မင္းတုန္းမင္းႀကီးဟာ ဆက္လက္မစစ္ေဆးဘဲ “လူကိုေခြးသတ္ေလျခင္း တခြန္းထဲနဲ႕ၿပီးခဲ့တာဟာ အမႈကို သိသိနဲ႕ပဲ မသိခ်င္ေယာင္ေဆာင္ၿပီး လ်စ္လ်ဴ ရႈ ခဲ့တာလားဆိုတာဟာ စဥ္းေတာ့စဥ္းစားစရာပါပဲ။
ေနာက္ပိုင္းမွာေတာ့ ရန္ၿငိဳး ႀကီးသူ တပါယ္မင္းသားဟာလဲ သီေပါမင္းနန္းတက္တဲ့အခါမွာ အျခားမင္းသားေတြနဲ႕အတူအဖမ္းခံရၿပီး အဆုံးမွာ သူလဲ ကြပ္မ်က္သုတ္သင္ခံရတဲ့အထဲမွာပါသြားခဲ့ပါတယ္။
ကိုးကား
မဟာေဆြ ဘိုးဝဇီရ
ေမာင္သန္းေဆြ (ထားဝယ္) ကုန္းေဘာင္အလြန္
Crd,