စောင့်ရှောက်သူမရှိပဲ ပျက်စီးနေတဲ့ တတိယနိုင်ငံကိုတည်ထောင်ခဲ့သူ ဦးအောင်ဇေယျ ရဲ့ ဂူဗိမာန်

“သမိုင်းကိုမသိရင်_လူအပဲ”

“သမိုင်းကို တန်ဖိုးမထားတတ်တာ ဖျောက်ပစ်တတ်တာ တို့မြန်မာလူမျိုးတွေလား”

*မိမိရဲ့ အားလပ်ရက်လေးမှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကင်းရွာမှာရှိတဲ့ သရက်တောကျောင်းတိုက်နားက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အုတ်ဂူလို့ ကြားဖူးတာနဲ့ ဝင်ရောက်လေ့လာခဲ့မိတယ် ….။

*အုတ်ဂူသည်ကား အတော်ပျက်စီးနေပါပြီ။ ရှေးလက်ရာ မင်းသမီးရုပ် နတ်ရုပ် မြွေရုပ် လိပ်ရုပ် စသည်ဖြင့် အရုပ်များမှာ ခေါင်းများပင် မရှိတော့ချေ။ ရာသီဥတုဒဏ် ကာလရွေ့လျားမှု ဒဏ်များက အုတ်ဂူကို အတော်ကို ပျက်ဆီးစေခဲ့လေပြီ။

*မြန်မာတွေ ထိုင်းနဲ့ဘောကန်ရင် ဦးအောင်ဇေယျကို “တ”ကြတယ်။ နိုင်ပါလိမ့်မယ်…. အားကြီးကြီး ။ မနိုင်ရတဲ့ အကြောင်းရင်းကို ခုမှ သိတော့တယ်….။ သူ့ကိုတန်ဖိုးမထားဘဲ “တ”နေမှတော့ ရမယ်မထင်။

*သမိုင်းကိုတန်ဖိုးထားကြပါဗျာ…..။တာဝန်ရှိသူများ ထိန်းသိမ်းပေးကြပါ။

*ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်းကို သေချာ ထိန်းသိမ်းထားမှုတွေထဲမှာ ဦးအောင်ဇေယျ နှင့် ပတ်သတ်တာတွေ အကုန် နဂိုအတိုင်းပဲ။ သူတို့လူမျိုးတွေရဲ့ သမိုင်းကို တန်ဖိုးထားမှုက တို့လူမျိုးတွေနဲ့ ဘာမှမဆိုင်ဘူး။

*ဦးအောင်ဇေယျကို ထိုင်းတွေရှုံးခဲ့တာကို ခုထိသူတို့မျိုးဆက်သစ်တွေကို အားလပ်ရက်မှာ တကူးတကလိုက်ပြတုန်း။ အရှုံးသမားဖြစ်ရတဲ့ ဘဝကို မမေ့ဖို့ပေါ့။ တို့လူမျိုးတွေက နိုင်ခဲ့တာပါ ။

ပိုပြီးဂုဏ်ယူဝံ့ကြားစွာ တန်ဖိုးထား ထိန်းသိမ်းသင့်တာပါ။ ဒါမှ တို့မျိုးဆက်သစ်တွေကို သမိုင်းဝင်ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်လာစေဖို့ အားကျစရာပဲ မဟုတ်ပါလော…..။ ခုတော့ ….. ခုတော့….ဘာမှမပြောချင်တော့ပါပြီ။

*သမိုင်းကို တန်ဖိုးမထားတတ်တဲ့ ကိုယ့်မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကိုပဲ ပြေးမြင်မိတော့တယ်…..

*အားလုံးခေါင်းဆောင်ကောင်းတစ်ဦးရဲ့ စိတ်ဓာတ်ကို အတုခိုးနိုင်ပြီး သမိုင်းကိုတန်ဖိုးထားတတ်ပါစေလို့သာ တိုက်တွန်းပါရစေ…..။

Credit

Zawgyi
သမိုင္းကိုမသိရင္_လူအပဲ

သမိုင္းကို တန္ဖိုးမထားတတ္တာ ေဖ်ာက္ပစ္တတ္တာ တို႔ျမန္မာလူမ်ိဳးေတြလား

*မိမိရဲ႕ အားလပ္ရက္ေလးမွာ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ထဲက ကင္း႐ြာမွာရွိတဲ့ သရက္ေတာေက်ာင္းတိုက္နားက အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် အုတ္ဂူလို႔ ၾကားဖူးတာနဲ႕ ဝင္ေရာက္ေလ့လာခဲ့မိတယ္ .။

*အုတ္ဂူသည္ကား အေတာ္ပ်က္စီးေနပါၿပီ။ ေရွးလက္ရာ မင္းသမီး႐ုပ္ နတ္႐ုပ္ ေႁမြ႐ုပ္ လိပ္႐ုပ္ စသည္ျဖင့္ အ႐ုပ္မ်ားမွာ ေခါင္းမ်ားပင္ မရွိေတာ့ေခ်။ ရာသီဥတုဒဏ္ ကာလေ႐ြ႕လ်ားမႈ ဒဏ္မ်ားက အုတ္ဂူကို အေတာ္ကို ပ်က္ဆီးေစခဲ့ေလၿပီ။

*ျမန္မာေတြ ထိုင္းနဲ႕ေဘာကန္ရင္ ဦးေအာင္ေဇယ်ကိဳ တၾကတယ္။ နိုင္ပါလိမ့္မယ္. အားႀကီးႀကီး ။ မနိုင္ရတဲ့ အေၾကာင္းရင္းကို ခုမွ သိေတာ့တယ္.။ သူ႕ကိုတန္ဖိုးမထားဘဲ တေနမွေတာ့ ရမယ္မထင္။

*သမိုင္းကိုတန္ဖိုးထားၾကပါဗ်ာ..။တာဝန္ရွိသူမ်ား ထိန္းသိမ္းေပးၾကပါ။

*ထိုင္းမွာ အယုဒၶယၿမိဳ႕ေဟာင္းကို ေသခ်ာ ထိန္းသိမ္းထားမႈေတြထဲမွာ ဦးေအာင္ေဇယ် ႏွင့္ ပတ္သတ္တာေတြ အကုန္ နဂိုအတိုင္းပဲ။ သူတို႔လူမ်ိဳးေတြရဲ႕ သမိုင္းကို တန္ဖိုးထားမႈက တို႔လူမ်ိဳးေတြနဲ႕ ဘာမွမဆိုင္ဘူး။

*ဦးေအာင္ေဇယ်ကိဳ ထိုင္းေတြရႈံးခဲ့တာကို ခုထိသူတို႔မ်ိဳးဆက္သစ္ေတြကို အားလပ္ရက္မွာ တကူးတကလိုက္ျပတုန္း။ အရႈံးသမားျဖစ္ရတဲ့ ဘဝကို မေမ့ဖို႔ေပါ့။ တို႔လူမ်ိဳးေတြက နိုင္ခဲ့တာပါ ။

ပိုၿပီးဂုဏ္ယူဝံ့ၾကားစြာ တန္ဖိုးထား ထိန္းသိမ္းသင့္တာပါ။ ဒါမွ တို႔မ်ိဳးဆက္သစ္ေတြကို သမိုင္းဝင္ေခါင္းေဆာင္တစ္ဦးရဲ႕ စိတ္ဓာတ္ေတြ ျဖစ္ေပၚလာေစဖို႔ အားက်စရာပဲ မဟုတ္ပါေလာ..။ ခုေတာ့ .. ခုေတာ့.ဘာမွမေျပာခ်င္ေတာ့ပါၿပီ။

*သမိုင္းကို တန္ဖိုးမထားတတ္တဲ့ ကိုယ့္ျမန္မာလူမ်ိဳးေတြရဲ႕ စိတ္ဓာတ္ကိုပဲ ေျပးျမင္မိေတာ့တယ္..

*အားလုံးေခါင္းေဆာင္ေကာင္းတစ္ဦးရဲ႕ စိတ္ဓာတ္ကို အတုခိုးနိုင္ၿပီး သမိုင္းကိုတန္ဖိုးထားတတ္ပါေစလို႔သာ တိုက္တြန္းပါရေစ..။

Credit