ထမင်းစားမြိန်စေပြီးကျန်းမာရေးနဲ့ညီညွတ်စေမယ့် သံပုရာသီးသနပ်ပြုလုပ်နည်း (၃) မျိုး

ပြုလုပ်နည်းပြုလုပ်နည်း

(၁) သံပရာသီးကိုရေဆေးပြီးအလုံးလိုက်ကိုလေးစိတ်စီ ပြတ်အောင်လှီးထားပါ ဆား နှင့်နယ်ပါ

သံပရာသီးလှီးပြီးသား ၁ပိသာ ဆိုရင်ဆား ၅ ကျပ်သားထည့် နယ်ပါ အငံကအနေတော်နှင့်တာရှည်ထားလို့ရပါတယ်

ဆားနယ်ပြီးသားသံပရာသီးကိုပုလင်းမှာဖြစ်စေ ပလပ်စတစ်ဘူးမှာဖြစ်စေထည့်ပြီး အဖုံးလုံအောင်ပိတ်ထားပါ

အောက်ကဆားရည်အပေါ်က သံပရာသီးနှင့်ထိအောင်တနေ့တခါလောက်ဘူးကိုလှုပ်ပေး လှန်ပေပါ နေရောင်မပြပဲအခန်းထဲမှာထားလည်းရပါတယ်

ရက် ၂၀ ကျော် တလလောက်မှ သံပုရာသီးကနူးနပ်ပါတယ် သံပုရာသီးနူးနပ်မှ ဒယ်အိုးတခုမှာဆီထည့်ပြီးအပူပေးကာဆီပူလာရင်မုန်ညှင်းစေ့ကိုထည့်ပါ မုန်ညှင်းစေ့ ဖေါက်ဖေါက်မြည်လာရင် မီးလျော့ပြီးဆီနွေးနွေးမှာမဆလာမွှေးမှုန့်ထည့်ပါ

ငရုတ်သီးအစိမ်းမှုန့်ထည့်ပါ မွှေပေးပါ သံပရာသီးနူးနပ် နေတာထည့်ပါ သကြားနဲနဲထည့်ပြီးမွှေပေးပါ အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင် အအေးခံပြီး ကြက်သွန်ဖြူနွှာထားတာကိုပါးပါးလှီးထည့်ပြီးမွှေပေးပါ သံပရာသီးသနပ်ရပါပြီ စားကောင်းကြပါစေ

သံပုရာသီးစိမ်ထားတာကို မိုးကုန်လို့နေပူရင် ဝါးစကာဗန်းမှာ ပလပ်စတစ်အပါးစခံပြီးထည့် ၃ ရက်လောက်နေလှန်းရင် သံပရာသီးအခြောက်ကိုရပါတယ်

အဲဒါကို ပါဝါသကြားမှုန့် နွယ်ချိုမှုန့်နှင့်ရောနယ်လိုက်ရင် သံပရာပေါင်းရပါတယ် အရင်ကတော့စီးပွားဖြစ်လုပ်ခဲ့ဖူးပါတယ်

အခုကတော့ နားလိုက်ပါပြီး သံပရာသီးအခြောက်ကိုအစေ့ထုက်ကြိတ်ပြီး ပါဝါသကြားမှုန့်နွယ်ချိုမှုန့် နှင့်နယ်ပြီးအပြားချပ်လုပ်ပြီး နေလှန်းကာ အဲဒီအပြားချပ်ကို ပြန်ညှပ်ပြီရှောက်သီ းဆေးပြားလိုပြန်လုပ်လည်းရပါတယ်

ရှောက်သီးလည်းအဝိုင်းပါးလှီး ဆားစိမ်နေလှမ်းပြီးခြောက်ရင်ပါဝါသကြားမှုန့် နွယ်ချိုမှုန့်နှင့်နယ်ပြီးရှောက်ပြားဝိုင်းလည်းလုပ်လို့ရပါတယ်

ဒီအချိန်က ရှောက်သီး သံပရာသီးပေါတဲ့အချိန်ပါ မိုးတွင်းမှာဆားစိမ်ထားပြီး မိုးကုန်နေပူမှ လှမ်းလို့ရပါတယ် အခုကတော့နားလိုက်ပါပြီ

(၂) အခြားနည်းများ

သံပရာသီးကို အရင်ဆုံး ဆားရည်ထဲထည့်စိမ်ပေးပါ ပီးရင်ရေစစ်ပြီး သံပရာသီးတလုံးကိုလေးစိတ်စိတ်ပီးအထဲကို ဆားနဲ့သိပ်ပေးပါ

ပီလျှင် ဖန်ပုလင်းထဲ သိပ်ပီးထည့်ပေးပါ ဆားရည်ဖျော်ပီး အနည်းကယ်ထည့်ပေးပါ နေ ၃ ရက်လောက် ပုလင်းကိုပြပေးပါ လုံးဝမှိုမတက်ပဲ အရောင်ဝင်းဝင်းအိအိလေးနဲ့ ကောင်းမှကောင်းပါပဲ

ညီမကတော့ သံပရာသီးကို စိတ် ဆားနှံ့အောင်နယ် ပလက်စတစ်အိတ်ထဲထည့် ကြိုးချဉ်ပြီး နေရတဲ့နေရာမှာ ချိတ်ထားလိုက်တယ် မာမာတင်းတင်းလေးရတယ် နပ်သွားပြီဆိုမှ ပုလင်းထဲ ထည့်ထားတယ်

(၃) ဒါတနည်း

သံပရာသီးကိုရေဆေးပြီးခြောက်အောင်သုပ်လိုက်တယ်။ ပြီးရင်လေးစိပ်ခွဲပြီးဆားသိပ်တယ်၊လေလုံတဲ့ပုလင်းထဲထည့်ပြီးအခန်းအပူချိန်မှာဘဲထားတယ်။

နောက်ရက်ဆိုသံပရာရည်လေးတွေထွက်လာတဲ့အခါအဖုံးမဖွင့်ဘဲ့အပေါ်အောက်မျှအောင်ပုလင်းကိုလှုပ်ပေး၊အဲ့နည်းအတိုင်းလေးနေ့တိုင်းလုပ်ပေး

တစ်ပတ်လောက်ဆိုဒီတိုင်းထားလို့ရပြီး။နေလှန်းစရာလဲမလိုနှစ်ပေါက်အောင်ထားလို့ရတယ်။အိမ်မှာလုပ်ထားတာနှစ်နဲ့ရှိပြီးကောင်းနေတုန်းဘဲ။

Credit,မူရင်းရေးသားသူအားလေးစားစွာဖြင့်