အိမ်ရှင်မများအတွက် ​​ဟင်းချက်ရင်သုံးတဲ့ငရုတ် အနှစ်လေးကို ကျိုလုပ်ထားနည်း

ဟင်းချက်ရင်သုံးတဲ့ငရုတ်အနှစ်လေးကိုကျိုလုပ်ထားတယ်

ဟင်းချက်တဲ့အခါထုထောင်းနေစရာမလိုတော့ဘူး…အဆင်သင့်ချက်ရုံပါလုပ်ပြီးသားငရုတ်အနှစ်တွေရောင်းပေမဲ့ကိုယ်တိုင်လုပ်ထားတော့ပိုက်ဆံလည်းမကုန်…စိတ်ကြိုက်သုံးလို့ရတာပေါ့

ကျနော်ကတော့ ငရုတ်သီးအရှည်ခြောက်လေးတွေသုံးထားပါတယ်…ငရုတ်အပုအပွခြောက်လေးတွေကိုသုံးလည်းရပါတယ်..နှစ်မျိုးလုံးကိုလည်းအတူရောသုံးဘူးပါတယ်

ငရုတ်အရှည်ခြောက်လေးတွေကိုကပ်ကြေးနဲ့ညှပ်ထိုးခွဲပြီးငရုတ်စေ့လေးတွေထုတ်ပစ်ပါ…အစေ့ထုတ်ပြီးသားငရုတ်ခြောက်လေးတွေကို ၂ နာရီ..၃ နာရီလောက်ရေစိမ်ထားတယ်

ပဒဲကော..နံနံစေ့..(နံနံအမြစ်သုံးလည်းရ)..စပါးလင်..
ဂျင်း..ကြက်သွန်ဖြူ/နီ..ရှောက်ခွံ (သို့) သံပုရာခွံလေး
တွေကိုစိပ်ထား..ပုစွန်ငပိကြိုက်ရင်ထည့်..မထည့်လည်းရတယ်

ကျနော်ကတော့အားလုံးကိုblender ထဲထည့်..ဆီလေးထည့် ..ရှာလကာရည်ထည့်..ရေထည့်…အဲ့ဒါတွေကိုကြိတ်မဲ့ငရုတ်သီးနဲ့ချိန်ပြီးထည့်တယ်..ရေများသွားလည်းရပတယ်..ပြန်ကျိုမှာဆိုတော့

အားလုံးကြိတ်ပြီးရင်အိုးတခုမှာထည့်ပြီးကျိုပါမီးကိုအနေတော်လေးထားပါတဖြည်းဖြည်းနဲ့ဆီလေးဝေ့လာမယ်…အရောင်လေးလည်းရဲပြီးလှလာမယ်စိတ်ကြိုက်ဖြစ်ပြီဆိုအိုးကိုချပြီးအအေးခံထားပါ

အေးသွားရင်လေလုံတဲ့ဘူးလေးတွေထဲထည့်ပြီးရေခဲသေတ္တာထည်သိမ်းထားရင်ရေရှည်အထားခံတယ်ဟင်းချက်တဲ့အခါဇွန်းသန့်
သန့်လေးနဲ့လိုသလောက်ခပ်ပြီးပြန်သိမ်းထားပါ

ပဒဲကော..စပါးလင်..ဂျင်း..ကြက်သွန်ဖြူ/နီတွေမထည့်
ပဲငရုတ်သီးရေစိမ်ထားလေးကိုဆီတခွက်လောက်ချင့်ချိန်
ထည့်ပြီး blender ထဲထည့်ကြိတ်ပြီးကျိုလိုက်လည်း
ရပါတယ်Thai Red Curry…တုံယမ်းအနှစ်လိုပေါ့

ဟင်းချက်တာပုံသေနည်းမရှိပါဘူး..စိတ်ကူးရှိသလိုလေးချက်ကြပါဒါပေမဲ့ idea လေးရှိဘို့ဆရာအားလုံးရဲ့ချက်နည်း
တွေကိုလေ့လာ..အခြေခံပြီးအဲ့ဒီအပေါ်မှာကျနော်စိတ်ကူး
ရှိသလိုလေးတွေချက်ကြည့်တာပါ

သုံးထပ်သားလေးတွေကိုအပြားလေးတွေလှီးပြီးလုပ်ထားတဲ့ငရုတ်အနှစ်နဲ့နှပ်ထားတယ်..အရသာမှုန့်လေးထည့်ပြီး…ကြော်ခါနီးကြတော့မုန့်နှစ်ကပ်ကြော်…သင်ဆရာ..မြင်ဆရာ..ကြားဆရာများအားလုံးကိုလေးစား…ဦးညွှတ်လျှက်…
???

Credit to Soe Aye Than

Zawgyi
ဟင္းခ်က္ရင္သုံးတဲ့င႐ုတ္အႏွစ္ေလးကိုက်ိဳလုပ္ထားတယ္

ဟင္းခ်က္တဲ့အခါထုေထာင္းေနစရာမလိုေတာ့ဘူးအဆင္သင့္ခ်က္႐ုံပါလုပ္ၿပီးသားင႐ုတ္အႏွစ္ေတြေရာင္းေပမဲ့ကိုယ္တိုင္လုပ္ထားေတာ့ပိုက္ဆံလည္းမကုန္စိတ္ႀကိဳက္သုံးလို႔ရတာေပါ့

က်ေနာ္ကေတာ့ င႐ုတ္သီးအရွည္ေျခာက္ေလးေတြသုံးထားပါတယ္င႐ုတ္အပုအပြေျခာက္ေလးေတြကိုသုံးလည္းရပါတယ္..ႏွစ္မ်ိဳးလုံးကိုလည္းအတူေရာသုံးဘူးပါတယ္

င႐ုတ္အရွည္ေျခာက္ေလးေတြကိုကပ္ေၾကးနဲ႕ညွပ္ထိုးခြဲၿပီးင႐ုတ္ေစ့ေလးေတြထုတ္ပစ္ပါအေစ့ထုတ္ၿပီးသားင႐ုတ္ေျခာက္ေလးေတြကို ၂ နာရီ..၃ နာရီေလာက္ေရစိမ္ထားတယ္

ပဒဲေကာ..နံနံေစ့..(နံနံအျမစ္သုံးလည္းရ)..စပါးလင္..
ဂ်င္း..ၾကက္သြန္ျဖဴ/နီ..ေရွာက္ခြံ (သို႔) သံပုရာခြံေလး
ေတြကိုစိပ္ထား..ပုစြန္ငပိႀကိဳက္ရင္ထည့္..မထည့္လည္းရတယ္

က်ေနာ္ကေတာ့အားလုံးကိုblender ထဲထည့္..ဆီေလးထည့္ ..ရွာလကာရည္ထည့္..ေရထည့္အဲ့ဒါေတြကိုႀကိတ္မဲ့င႐ုတ္သီးနဲ႕ခ်ိန္ၿပီးထည့္တယ္..ေရမ်ားသြားလည္းရပတယ္..ျပန္က်ိဳမွာဆိုေတာ့

အားလုံးႀကိတ္ၿပီးရင္အိုးတခုမွာထည့္ၿပီးက်ိဳပါမီးကိုအေနေတာ္ေလးထားပါတျဖည္းျဖည္းနဲ႕ဆီေလးေဝ့လာမယ္အေရာင္ေလးလည္းရဲၿပီးလွလာမယ္စိတ္ႀကိဳက္ျဖစ္ၿပီဆိုအိုးကိုခ်ၿပီးအေအးခံထားပါ

ေအးသြားရင္ေလလုံတဲ့ဘူးေလးေတြထဲထည့္ၿပီးေရခဲေသတၱာထည္သိမ္းထားရင္ေရရွည္အထားခံတယ္ဟင္းခ်က္တဲ့အခါဇြန္းသန့္
သန့္ေလးနဲ႕လိုသေလာက္ခပ္ၿပီးျပန္သိမ္းထားပါ

ပဒဲေကာ..စပါးလင္..ဂ်င္း..ၾကက္သြန္ျဖဴ/နီေတြမထည့္
ပဲင႐ုတ္သီးေရစိမ္ထားေလးကိုဆီတခြက္ေလာက္ခ်င့္ခ်ိန္
ထည့္ၿပီး blender ထဲထည့္ႀကိတ္ၿပီးက်ိဳလိုက္လည္း
ရပါတယ္Thai Red Curryတုံယမ္းအႏွစ္လိုေပါ့

ဟင္းခ်က္တာပုံေသနည္းမရွိပါဘူး..စိတ္ကူးရွိသလိုေလးခ်က္ၾကပါဒါေပမဲ့ idea ေလးရွိဘို႔ဆရာအားလုံးရဲ႕ခ်က္နည္း
ေတြကိုေလ့လာ..အေျခခံၿပီးအဲ့ဒီအေပၚမွာက်ေနာ္စိတ္ကူး
ရွိသလိုေလးေတြခ်က္ၾကည့္တာပါ

သုံးထပ္သားေလးေတြကိုအျပားေလးေတြလွီးၿပီးလုပ္ထားတဲ့င႐ုတ္အႏွစ္နဲ႕ႏွပ္ထားတယ္..အရသာမႈန့္ေလးထည့္ၿပီးေၾကာ္ခါနီးၾကေတာ့မုန့္ႏွစ္ကပ္ေၾကာ္သင္ဆရာ..ျမင္ဆရာ..ၾကားဆရာမ်ားအားလုံးကိုေလးစားဦးၫႊတ္လွ်က္
???

Credit to Soe Aye Than