ဝန်ထမ်းအလုပ်မှထွက်ပြီး ရေညှိထုတ်လုပ်ကာ နှစ်စဉ် ဘီလီယံနဲ့ချီပြီး ဝင်ငွေရရှိနေသည့် အမျိုးသား

ဗီယက်နမ်နိုင်ငံမှ အသက်၄၆နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဆေးဖက်ဆိုင်ရာဝန်ထမ်းအဖြစ်ကနေ နှုတ်ထွက်ကာသူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ ရေညှိစိုက်ပျိုးထုတ်လုပ်ခဲ့ရာကနေ နှစ်စဉ်ဝင်ငွေများစွာ ရရှိခဲ့သည်။

ရေညှိသည် ဂုံး၊ ကမာ၊ ပုစွန် စသည့် ရေနေသတ္တဝါလေးတွေရဲ့ အစာအာဟာရဖြစ်စေပြီးမွေးမြူရေးအများစုမှရေညှိကို လာရောက်ဝယ်ယူရင်း စီးပွားရေးလုပ်ငန်းမှာ တဖြည်းဖြည်းအောင်မြင်လာခဲ့သည်။

ရေညှိများကို သိုလှောင်ရာတွင် အပူချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ်သာ ရှိရပြီး အပူချိန်ပြင်းလွန်းပါက အဆင်မပြေဖြစ်ရာ…

နေမပူတပူအချိန်ကို စောင့်ဆိုင်းကာ နေရာရွှေ့ပေးရပြီး ပျံ့ပွားလာအောင် လုပ်ဆောင်ရသည်။

အစပိုင်းတွင် မိသားစုမှ အတည်တကျဖြစ်သော ဝန်ထမ်းအလုပ်မှထွက်ခဲ့၍ အမြင်မကြည်ခဲ့သော်လည်းရေညှိတစ်ခါရောင်းတိုင်း ဗီယက်နမ်ငွေ ဘီလီယံနှင့်ချီရလာသောအခါ သူ့ရဲအလုပ်ကို မကန့်ကွက်တော့ပဲ လုပ်ကိုင်ကူခဲ့သည်။

Crd to original

Zawgyi





Crd to original