ကလေးကိုငြိမ်ရင်ပီးရော ဖုန်းပေးကိုင်ထားတဲ့မိဘတွေ ဖတ်ဖြစ်အောင်ဖတ်ထားကြပါ

ကလေးကိုငြိမ်ရင်ပီးရော ဖုန်းပေးကိုင်ထားတဲ့မိဘတွေ ဖတ်ဖြစ်အောင်ဖတ်ထားကြပါ။ ကလေးကို ဖုန်းပေးကိုင်ပြီး အလိုလိုက် ဂိမ်းပေးဆော့ခိုင်းတဲ့မိဘများ တကယ်ဖြစ်ရင် ကလေးဘဲခံရတာ။

ကိုယ်ခံရတာမှာမဟုတ်တာနော အခုခေတ်က ကလေးကို သေချာ မထိန်းချင်မသင်ချင်ကြတော့ဘူး ကလေးကိုမရိုက်ရဘူး ဘာညာပြောတာနဲ့ မိဘတွေကဘာမှကို မဆုံးမတော့ဘူး။

ရိုက်တာနဲ့ ဆုံးမတာနဲ့ မတူပါဘူး ရိုက်မှဆုံးမတာမဟုတ်ဘူး မရိုက်ဘဲလေပြေလေးနဲ့လဲ ဆုံးမလို့ရတယ်။

အာရုံလွဲလို့ရတယ် ကိုကအခရာဘဲ မွေးကတည်း အူဝဲကထဲကဖုန်းဆိုပြီး မမွေးလာကြပါဘူး ။အခု ph က ပထမမျက်လုံးကိုထိခိုက်မယ် နောက်ပညာသင်ကြားရေး၊ ဘဝရေးအတွက်ပါ ထိခိုက်လာလိမ့်မယ်။

အခုကထည်းက ဖုန်းကိုဆေးစွဲနေသလို ဖြစ်နေတဲ့ကလေးက ကြီးလာရင်ဖုန်းမသုံးနဲ့လို့ပြောလို့ ရမယ်ထင်နေလို့လား။

ဖုန်းကသုံးတတ်ရင်တော့ဆေး မသုံးတတ်ရင်တော့ဘေးဘဲ အချိန်လေးနဲ့ကြည့်တာတော့ မပြောလိုပါဘူး။ 10 မိနစ် 15 မိနစ်ပေါ့ တချို့မိဘတွေက ဂုဏ်ယူနေသေးတယ်။

ငါ့ကလေးက လုပ်တတ်တယ်ပေါ့ ကလေးဘဲ သင်ပေးရင် အကုန်လိုက်လုပ်တတ်တယ်။ ကလေးတွေဖုန်းကိုင်နေတာမြင်ရင် အသည်းယားလွန်းလို့ပါ ။

ကလေးလေးတွေအားလုံး အနာဂတ်ရဲ့ တောက်ပစွာထွန်းလင်းနိုင်တဲ့ ကြယ်ပွင့်လေးတွေဖြစ်ကြပါစေကွယ်။
crd,

Zawgyi






