နိုင်ငံတကာတိုင်းတွင် လူမျိုးပေါင်းစုံရှိကာ ကိုးကွယ်ရာဘာသာနှင့် ယဥ်ကျေးမှုဓလေ့ထုံးစံတို့သည် မတူညီကြပဲ အမျိုးမျိုးကွဲပြားလျက်ရှိကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Guizhouပြည်နယ် Suojiaရွာတွင် နေထိုင်ကြသော Miaoလူမျိုးနွယ်စုတို့သည်
အခြားသောလူမျိုးများနှင့် မတူသော ယဥ်ကျေးမှုတစ်ခုရှိခဲ့ရာ အမျိုးသမီးတိုင်းသည် လေးလံသောဆံပင်ထုံးကြီးကို ခေါင်းပေါ်မှာ အလှဆင်ချည်နှောင်ထားကြရသည်။
ဆံပင်ထုံးကြီးသည် အတုမဟုတ်ပဲ ကွယ်လွန်သွားပြီဖြစ်သော အဖွား၊မိခင်တို့ရဲ့ဆံပင်တွေကိုယူပြီး ကျစ်ထားကာ စုဆောင်း၍
ပွဲတော်ရက်တွေမှာ အိမ်မှာရှိသောသမီးမိန်းကလေးတွေကို ဦးချိုပုံသဏ္ဌာန်ပြုလုပ်ကာ အဝတ်စဖြူလေးတွေနဲ့ ဆံပင်ထုံးကြီးကို ချည်နှောင်ထားကြသည်။
ထိုဆံပင်ထုံးကြီးကိုလည်း ရှုပ်ထွေးခြင်းမရှိပဲ အမြဲတောက်ပြောင်နေအောင် အရောင်တင်ဆေးဆိုးကြပြီး ဘိုးဘွားစဥ်ဆက်အမွေကို ထိန်းသိမ်းထားခဲ့ကြသည်။
Zawgyi
နိုင္ငံတကာတိုင္းတြင္ လူမ်ိဳးေပါင္းစုံရွိကာ ကိုးကြယ္ရာဘာသာႏွင့္ ယဥ္ေက်းမႈဓေလ့ထုံးစံတို႔သည္ မတူညီၾကပဲ အမ်ိဳးမ်ိဳးကြဲျပားလ်က္ရွိၾကသည္။
သို႔ျဖစ္၍ တ႐ုတ္နိုင္ငံ Guizhouျပည္နယ္ Suojia႐ြာတြင္ ေနထိုင္ၾကေသာ Miaoလူမ်ိဳးႏြယ္စုတို႔သည္
အျခားေသာလူမ်ိဳးမ်ားႏွင့္ မတူေသာ ယဥ္ေက်းမႈတစ္ခုရွိခဲ့ရာ အမ်ိဳးသမီးတိုင္းသည္ ေလးလံေသာဆံပင္ထုံးႀကီးကို ေခါင္းေပၚမွာ အလွဆင္ခ်ည္ႏွောင္ထားၾကရသည္။
ဆံပင္ထုံးႀကီးသည္ အတုမဟုတ္ပဲ ကြယ္လြန္သြားၿပီျဖစ္ေသာ အဖြား၊မိခင္တို႔ရဲ႕ဆံပင္ေတြကိုယူၿပီး က်စ္ထားကာ စုေဆာင္း၍
ပြဲေတာ္ရက္ေတြမွာ အိမ္မွာရွိေသာသမီးမိန္းကေလးေတြကို ဦးခ်ိဳပုံသဏၭာန္ျပဳလုပ္ကာ အဝတ္စျဖဴေလးေတြနဲ႕ ဆံပင္ထုံးႀကီးကို ခ်ည္ႏွောင္ထားၾကသည္။
ထိုဆံပင္ထုံးႀကီးကိုလည္း ရႈပ္ေထြးျခင္းမရွိပဲ အၿမဲေတာက္ေျပာင္ေနေအာင္ အေရာင္တင္ေဆးဆိုးၾကၿပီး ဘိုးဘြားစဥ္ဆက္အေမြကို ထိန္းသိမ္းထားခဲ့ၾကသည္။
Rain (For Ialinks)