ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအောက်က လူသိပ်မသိသေးတဲ့ ထူးခြားဆန်းကြယ်သော ဂူကြီး

ပြီးခဲ့တဲ့ရက်ပိုင်းကဂုတ်ထိပ်တံတားအောက်ကဂူကိုသွားဖြစ်ခဲ့တယ်။ပထမတစ်ခေါက်သွားတုန်းကထက်အခုကတစ်ခေါက်ဟာ ပိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

ပထမတစ်ခေါက်က ဂူထဲထိမရောက်ဖြစ်ခဲ့ဘူး။ခုတစ်ခေါက်တော့ရောက်အောင်သွားခဲ့တယ်။ပထမတစ်ခေါက်သွားရတဲ့လမ်းနဲ့ခုတစ်ခေါက်သွားခဲ့တဲ့လမ်းဟာမတူပါဘူး။

ခုတစ်ခေါက်သွားခဲ့တဲ့လမ်းဟာ ပိုမိုက်ပါတယ်။တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။ရေချောင်းတွေကို ဖြတ်ရတယ်။ရေချောင်းဘေးကကျောက်ဆောင်ပေါ်ကနေတွယ်တက်ရတယ်။

သွားနေတဲ့လမ်းမှာရေတံခွန်လေးတစ်ခုတွေ့ရတယ်။သစ်မြစ်တွေကိုခိုပြီး ကျောက်နံရံဘေးကနေသွားရတယ်။နောက်ဂုတ်ထိပ်တံတားကြီးကနေပျက်စီးပြုတ်ကြနေတဲ့သံဖရိန်အပိုင်းအစတွေတွေ့ခဲ့ရတယ်။

ပျက်စီးနေတဲ့ရထားသံလမ်းအပိုင်းအစတစ်ခုမှာ 1899 လို့ရေးထားတာတွေ့ခဲ့ရတယ်။ဂူထဲရောက်တော့လဲ လင်းနို့ချီးတွေကြားထဲကခြေမချော်အောင်ထိန်းသွားရတယ်။

ဂူကြီးကအကြီးကြီးပဲ။ဂူထဲကိုစီးဝင်နေတဲ့ရေချောင်းကလဲ တဝေါဝေါနဲ့ရေစီးအားသိပ်သန်တာပဲ။ဂူကအဝင်ပေါက်ကကြီးပေမဲ့ အထွက်ပေါက်ကတော့ သိပ်မကြီးဘူး။ဂူရဲ့ဟိုဘက်အထွက်ထိလဲသွားလို့မရတော့ဘူး။

ဂူဟာ ဂုတ်ထိပ်တံတားရဲ့ တိုင်အမှတ်၁၂၊၁၃ ရဲ့အောက်တည့်တည့်မှာတည်ရှိပါတယ်။ဒေသခံတွေအခေါ်တော့ ပထမဂူတဲ့။ဒုတိယဂူ၊တတိယဂူ ရှိပါသေးတယ်။ပထမဂူကိုပဲရောက်ဖြစ်ခဲ့ပါတယ်။

ဂုတ်ထိပ်တံတားနဲ့ဂုတ်ထိပ်တံတားအောက်ကဂူအကြောင်းကို တစ်ခါကစာများများနဲ့ရေးခဲ့ဖူးပါတယ်။ပထမတစ်ခေါက်သွားခဲ့ပြီးတော့ ဂူနဲ့ပက်သက်တဲ့ဒဏ္ဍာရီတွေကိုလဲလာပြောပြတဲ့သူတွေရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဂုတ်ထိပ်တံတားဟာကမ္ဘာကျော်ပေမဲ့ ဂုတ်ထိပ်တံတားအောက်ကဂူအကြောင်းဟာတော့ လူသိပ်မသိသေးတဲ့အကြောင်းအရာပါ။

Crd,

Zawgyi
ၿပီးခဲ့တဲ့ရက္ပိုင္းကဂုတ္ထိပ္တံတားေအာက္ကဂူကိုသြားျဖစ္ခဲ့တယ္။ပထမတစ္ေခါက္သြားတုန္းကထက္အခုကတစ္ေခါက္ဟာ ပိုရင္ခုန္စိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။

ပထမတစ္ေခါက္က ဂူထဲထိမေရာက္ျဖစ္ခဲ့ဘူး။ခုတစ္ေခါက္ေတာ့ေရာက္ေအာင္သြားခဲ့တယ္။ပထမတစ္ေခါက္သြားရတဲ့လမ္းနဲ႕ခုတစ္ေခါက္သြားခဲ့တဲ့လမ္းဟာမတူပါဘူး။

ခုတစ္ေခါက္သြားခဲ့တဲ့လမ္းဟာ ပိုမိုက္ပါတယ္။တကယ့္ကိုစိတ္လႈပ္ရွားဖို႔ေကာင္းခဲ့ပါတယ္။ေရေခ်ာင္းေတြကို ျဖတ္ရတယ္။ေရေခ်ာင္းေဘးကေက်ာက္ေဆာင္ေပၚကေနတြယ္တက္ရတယ္။

သြားေနတဲ့လမ္းမွာေရတံခြန္ေလးတစ္ခုေတြ႕ရတယ္။သစ္ျမစ္ေတြကိုခိုၿပီး ေက်ာက္နံရံေဘးကေနသြားရတယ္။ေနာက္ဂုတ္ထိပ္တံတားႀကီးကေနပ်က္စီးျပဳတ္ၾကေနတဲ့သံဖရိန္အပိုင္းအစေတြေတြ႕ခဲ့ရတယ္။

ပ်က္စီးေနတဲ့ရထားသံလမ္းအပိုင္းအစတစ္ခုမွာ 1899 လို႔ေရးထားတာေတြ႕ခဲ့ရတယ္။ဂူထဲေရာက္ေတာ့လဲ လင္းနို႔ခ်ီးေတြၾကားထဲကေျခမေခ်ာ္ေအာင္ထိန္းသြားရတယ္။

ဂူႀကီးကအႀကီးႀကီးပဲ။ဂူထဲကိုစီးဝင္ေနတဲ့ေရေခ်ာင္းကလဲ တေဝါေဝါနဲ႕ေရစီးအားသိပ္သန္တာပဲ။ဂူကအဝင္ေပါက္ကႀကီးေပမဲ့ အထြက္ေပါက္ကေတာ့ သိပ္မႀကီးဘူး။ဂူရဲ႕ဟိုဘက္အထြက္ထိလဲသြားလို႔မရေတာ့ဘူး။

ဂူဟာ ဂုတ္ထိပ္တံတားရဲ႕ တိုင္အမွတ္၁၂၊၁၃ ရဲ႕ေအာက္တည့္တည့္မွာတည္ရွိပါတယ္။ေဒသခံေတြအေခၚေတာ့ ပထမဂူတဲ့။ဒုတိယဂူ၊တတိယဂူ ရွိပါေသးတယ္။ပထမဂူကိုပဲေရာက္ျဖစ္ခဲ့ပါတယ္။

ဂုတ္ထိပ္တံတားနဲ႕ဂုတ္ထိပ္တံတားေအာက္ကဂူအေၾကာင္းကို တစ္ခါကစာမ်ားမ်ားနဲ႕ေရးခဲ့ဖူးပါတယ္။ပထမတစ္ေခါက္သြားခဲ့ၿပီးေတာ့ ဂူနဲ႕ပက္သက္တဲ့ဒ႑ာရီေတြကိုလဲလာေျပာျပတဲ့သူေတြရွိပါတယ္။

ဘာပဲျဖစ္ျဖစ္ ဂုတ္ထိပ္တံတားဟာကမၻာေက်ာ္ေပမဲ့ ဂုတ္ထိပ္တံတားေအာက္ကဂူအေၾကာင္းဟာေတာ့ လူသိပ္မသိေသးတဲ့အေၾကာင္းအရာပါ။

Crd,