အရည်အသွေးမပြည့်မီလို့ဆိုပြီး အာလူးအချိန်၃၂တန်လုံးလုံး ရောင်းမရပဲ လမ်းဘေးမှာပုံထားခဲ့ရ၍ ဒုက္ခရောက်ပြီး ဝမ်းနည်းမျက်ရည်ကျနေသော လယ်သမားအဖိုးအို

တရုတ်နိုင်ငံ Qinghaiပြည်နယ် ကျေးလက်ဒေသတွင် နေထိုင်သော အသက်၆၀အရွယ် လယ်သမား အဖိုးအိုတစ်ဦးသည် ဈေးကွက်တစ်ခုမှာ ဈေးကောင်းကောင်းနဲ့ရောင်းချဖို့ရာအတွက် မြေဧက၃၀၀လောက်ကို အာလူးစိုက်ခင်းအဖြစ် စိုက်ပျိုးခဲ့သည်။

အဖိုးအိုသည် အာလူးတွေ ရိတ်သိမ်းချိန်ရောက်ပြီးနောက် အာလူးအချိန် ၃၂တန်လုံးကို ကားဌား၍ တင်ဆောင်ကာ မွေးရပ်ဇာတိကနေ

ရှန်ကျန်းမြို့ဆီသို့ လေးရက်အကြာ ခရီးနှင်ခဲ့ပြီး ကုန်သည်တစ်ဦးဆီမှာ ရောင်းချဖို့စီစဉ်ခဲ့သည်။

သို့ပေမယ့် ကုန်သည်ဆီရောက်သောအခါ အဖိုးအိုရဲ့ အားလူးတွေက ဈေးကွက်စံချိန်စံနှုန်းနဲ့ အရည်အသွေးမပြည့်မီတာကြောင့် ဝယ်ယူခြင်းမရှိပဲ ပြန်လွှတ်ခဲ့ရာ လမ်းဘေးတစ်နေရာတွင် အာလူးတွေကို ပုံထားခဲ့ရသည်။

အဖိုးအိုသည် သူမျှော်မှန်းထားသလိုမဖြစ်လာသည့်အပြင် ဘယ်ကုန်သည်ကမှ သူ့ရဲ့အားလူးတွေကို လက်ခံခြင်းမရှိတာကြောင့်

လမ်းဘေးမှာ စိတ်ပျက်အားငယ်စွာနဲ့ ငိုနေခဲ့ရာ မြင်တွေ့သူအချို့က အကြောင်းစုံမေးမြန်းပြီး အာလူးတွေကို လာရောက်အားပေးဖို့အတွက် လူမှုကွန်ယက်တွင် မျှဝေရင်း အကူအညီတောင်းပေးခဲ့ကြသည်။

Rain (For Ialinks)

Zawgyi
တ႐ုတ္နိုင္ငံ Qinghaiျပည္နယ္ ေက်းလက္ေဒသတြင္ ေနထိုင္ေသာ အသက္၆၀အ႐ြယ္ လယ္သမား အဖိုးအိုတစ္ဦးသည္ ေဈးကြက္တစ္ခုမွာ ေဈးေကာင္းေကာင္းနဲ႕ေရာင္းခ်ဖိဳ႕ရာအတြက္ ေျမဧက၃၀၀ေလာက္ကို အာလူးစိုက္ခင္းအျဖစ္ စိုက္ပ်ိဳးခဲ့သည္။

အဖိုးအိုသည္ အာလူးေတြ ရိတ္သိမ္းခ်ိန္ေရာက္ၿပီးေနာက္ အာလူးအခ်ိန္ ၃၂တန္လုံးကို ကားဌား၍ တင္ေဆာင္ကာ ေမြးရပ္ဇာတိကေန

ရွန္က်န္းၿမိဳ႕ဆီသို႔ ေလးရက္အၾကာ ခရီးႏွင္ခဲ့ၿပီး ကုန္သည္တစ္ဦးဆီမွာ ေရာင္းခ်ဖိဳ႕စီစဥ္ခဲ့သည္။

သို႔ေပမယ့္ ကုန္သည္ဆီေရာက္ေသာအခါ အဖိုးအိုရဲ႕ အားလူးေတြက ေဈးကြက္စံခ်ိန္စံႏႈန္းနဲ႕ အရည္အေသြးမျပည့္မီတာေၾကာင့္ ဝယ္ယူျခင္းမရွိပဲ ျပန္လႊတ္ခဲ့ရာ လမ္းေဘးတစ္ေနရာတြင္ အာလူးေတြကို ပုံထားခဲ့ရသည္။

အဖိုးအိုသည္ သူေမွ်ာ္မွန္းထားသလိုမျဖစ္လာသည့္အျပင္ ဘယ္ကုန္သည္ကမွ သူ႕ရဲ႕အားလူးေတြကို လက္ခံျခင္းမရွိတာေၾကာင့္

လမ္းေဘးမွာ စိတ္ပ်က္အားငယ္စြာနဲ႕ ငိုေနခဲ့ရာ ျမင္ေတြ႕သူအခ်ိဳ႕က အေၾကာင္းစုံေမးျမန္းၿပီး အာလူးေတြကို လာေရာက္အားေပးဖို႔အတြက္ လူမႈကြန္ယက္တြင္ မွ်ေဝရင္း အကူအညီေတာင္းေပးခဲ့ၾကသည္။

Rain (For Ialinks)