အတုယူကြစေချင်ပါသည် ကိုယ်တွေ ဆီမှာတော့ အမှိုက် ဆိုပြီး ရတဲ့ဈေးနဲ့ ရောင်းပေးလိုက်ကြတယ်။
ဝယ်သူရှိလို့ ပျော်တောင် နေကြအုံးမယ်.. တီထွင် ဖန်တီးတက်သူတွေ လက်ထဲရောက်သွားတော့ အမှိုက်ကနေ ရွှေဖြစ်သွားတယ်။
မြန်မာပြည်က လှည်းပန်းတောင်းတွေ ဘာလုပ်ဖို့ ဝယ်နေကြတာလဲလို့ ရှာဖွေလိုက်တာ တွေ့သွားပါပြီ… မြန်မာပြည်တွင်းမှာ ဝယ်နေကြတာအလွန်ဆုံးပေးရင် တစ်လုံး ကို ၅၀၀၀ ပဲ။
ပန်းပု ထုထားတဲ့ ပုံထဲမှာပါတဲ့ ယွမ်ငွေဈေးအရ မြန်မာငွေ ၆သိန်းမှ ၁၄ သိန်းကျော် ရှိပါတယ်။လှည်းပတောင်း ဆိုတာ နွားလှည်းရဲ့ ဘီးအလည်ဗဟိုမှာ ရှိတဲ့ လှည်းဝင်ရိုး တပ်ရတဲ့ နေရာမှာ ရှိတာပါ..
လှည်းဘီးက ဒေါက်တွေကို လှည်းပတောင်းပတ်လည်မှာ စိုက်ပြီး အပြင်ပတ်လည်က သစ်သားဂွေနဲ့ ပတ်ပတ်လည် ဆက်လိုက်မှ လှည်းဘီးတစ်ခု ဖြစ်လာတာပါ။
မြန်မာတောင်သူတွေရဲ့ လက်ရှိ အခြေအနေကတော့ အများစုမှာ နွားတွေ မရှိတော့ပါဘူး…။လယ်ထွန် ကောက်စိုက်၊ လယ်ရိတ် စတဲ့ လုပ်ငန်းတွေမှာ စက်တွေကို ငှားပြီး လုပ်နေကြတာ ဖြစ်ပါတယ်….။
နွားမရှိတော့ ရှိတဲ့ လှည်းတွေကလည်း အသုံးမဝင်တော့ပါဘူး…။ ပျက်ရင်လည်း မပြင်ကြတော့ပါဘူး..။
လှည်းတွေ ပျက်သွားတဲ့ အခါ ရောင်းလို့ ရတာ တွေ ဖြုတ်ရောင်း ကြပါတယ်။ လှည်းပတောင်းတွေကို ပြုလုပ်တဲ့အခါ ခိုင်ခန့်စေဖို့ ပိတောက်သားနဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်..
ပိတောက်သားတွေ ဈေးကြီးတဲ့ အခါ စီးပွားရေး အကွက်မြင်သူတွေက ပိတောက်သားနဲ့ လုပ်ထားတဲ့ ယခုလို
ပစ္စည်းဟောင်း တွေကို ဈေးပေါပေါ နဲ့ ဝယ်ယူပြီး တန်ဖိုးမြင့် ထုတ်ကုန်တွေ ပြုလုပ် ရောင်းချကြတာ ဖြစ်ပါတယ်….။
Crd,
Zawgyi
အတုယူၾကေစခ်င္ပါသည္ ကိုယ္ေတြ ဆီမွာေတာ့ အမွိုက္ ဆိုၿပီး ရတဲ့ေဈးနဲ႕ ေရာင္းေပးလိုက္ၾကတယ္။
ဝယ္သူရွိလို႔ ေပ်ာ္ေတာင္ ေနၾကအုံးမယ္.. တီထြင္ ဖန္တီးတက္သူေတြ လက္ထဲေရာက္သြားေတာ့ အမွိုက္ကေန ေ႐ႊျဖစ္သြားတယ္။
ျမန္မာျပည္က လွည္းပန္းေတာင္းေတြ ဘာလုပ္ဖို႔ ဝယ္ေနၾကတာလဲလို႔ ရွာေဖြလိုက္တာ ေတြ႕သြားပါၿပီ ျမန္မာျပည္တြင္းမွာ ဝယ္ေနၾကတာအလြန္ဆုံးေပးရင္ တစ္လုံး ကို ၅၀၀၀ ပဲ။
ပန္းပု ထုထားတဲ့ ပုံထဲမွာပါတဲ့ ယြမ္ေငြေဈးအရ ျမန္မာေငြ ၆သိန္းမွ ၁၄ သိန္းေက်ာ္ ရွိပါတယ္။လွည္းပေတာင္း ဆိုတာ ႏြားလွည္းရဲ႕ ဘီးအလည္ဗဟိုမွာ ရွိတဲ့ လွည္းဝင္ရိုး တပ္ရတဲ့ ေနရာမွာ ရွိတာပါ..
လွည္းဘီးက ေဒါက္ေတြကို လွည္းပေတာင္းပတ္လည္မွာ စိုက္ၿပီး အျပင္ပတ္လည္က သစ္သားေဂြနဲ႕ ပတ္ပတ္လည္ ဆက္လိုက္မွ လွည္းဘီးတစ္ခု ျဖစ္လာတာပါ။
ျမန္မာေတာင္သူေတြရဲ႕ လက္ရွိ အေျခအေနကေတာ့ အမ်ားစုမွာ ႏြားေတြ မရွိေတာ့ပါဘူး။လယ္ထြန္ ေကာက္စိုက္၊ လယ္ရိတ္ စတဲ့ လုပ္ငန္းေတြမွာ စက္ေတြကို ငွားၿပီး လုပ္ေနၾကတာ ျဖစ္ပါတယ္.။
ႏြားမရွိေတာ့ ရွိတဲ့ လွည္းေတြကလည္း အသုံးမဝင္ေတာ့ပါဘူး။ ပ်က္ရင္လည္း မျပင္ၾကေတာ့ပါဘူး..။
လွည္းေတြ ပ်က္သြားတဲ့ အခါ ေရာင္းလို႔ ရတာ ေတြ ျဖဳတ္ေရာင္း ၾကပါတယ္။ လွည္းပေတာင္းေတြကို ျပဳလုပ္တဲ့အခါ ခိုင္ခန႔္ေစဖို႔ ပိေတာက္သားနဲ႕ ျပဳလုပ္ရတာ ျဖစ္ပါတယ္..
ပိေတာက္သားေတြ ေဈးႀကီးတဲ့ အခါ စီးပြားေရး အကြက္ျမင္သူေတြက ပိေတာက္သားနဲ႕ လုပ္ထားတဲ့ ယခုလို
ပစၥည္းေဟာင္း ေတြကို ေဈးေပါေပါ နဲ႕ ဝယ္ယူၿပီး တန္ဖိုးျမင့္ ထုတ္ကုန္ေတြ ျပဳလုပ္ ေရာင္းခ်ၾကတာ ျဖစ္ပါတယ္.။
Crd,