လျှပ်စစ်မီးမလိုတဲ့ ရှေးခေတ် ရေနံဆီသုံး ရေခဲသေတ္တာကြီး…

သက်တမ်း နှစ်ပေါင်း (၁၀၀) ခန့်ရှိ ရေနံဆီ သုံးရေခဲသေတ္တာ။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်း မြို့နယ်၊ စိုင်ပြင်မြို့ အမှတ် (၁) ရပ်ကွက် မဟာလယ်တီ ကျောင်းမကျောင်းတိုက်တွင် ရှိသောရေခဲသေတ္တာမှာ နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိပြီး ရေနံဆီမီးဖြင့် အပူပေး အသုံးပြုရပါသည်။

၎င်းရေခဲသေတ္တာကို မဟာလယ်တီ ကျောင်းမ ဆရာတော်ကြီး ဦးဓမ္မပါလသည် တောင်ကြီးမြို့မှဒေါ်တင်တင်ဆိုသော အိန္ဒိယ အမျိုးသမီးကြီး တစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ဆရာတော်ကြီး သက်တော်ထင်ရှား ရှိစဉ်က မိန့်ကြားခဲ့ဖူးပါသည်။

ရေခဲသေတ္တာ မှာ England နိုင်ငံ Electrolux ကုမ္ပဏီမှ Queen Mary & king Jourge (V) လက်ထက်တွင်ထုတ်လုပ်ခဲ့ကြောင်း Name plate တွင် တွေ့ရှိရပါသည်။ ထုတ်လုပ်သည့် ခုနှစ်ကိုမူ မတွေ့ရပါ။

QueenMary & kingJourge(V) စိုးစံသောနှစ်မှာ (1893-1936) ဖြစ်သောကြောင့် ထုတ်လုပ်သည့်နှစ်မှာ နှစ်ပေါင်း ၈၀ မှ ၁၀၀ ဝန်းကျင်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

ရေခဲသေတ္တာ အမြင့်မှာ ၄ ပေ၊ အကျယ်မှာ ၂ ပေ ပတ် လည်ခန့်ရှိ၍ ကိုယ်ထည် တစ်ခုလုံး ထူထဲသော သံထည်များဖြင့် ပြုလုပ်ထားသည်ကိုတွေ့ရပါသည်။

အသုံးပြုပုံမှာ ရေခဲသေတ္တာအောက်တွင် ပါရှိသော မီးဖို ထဲတွင် ရေနံဆီထည့်ကာ မီးထွန်း အပူပေးအသုံးပြုရခြင်း ဖြစ်ပါသည်၊ သို့သော် ယခု ရေနံဆီ မီးဖိုက အသုံးပြု၍ မရနိုင်တော့ပါ။

ဆရာတော်ကြီးရှိစဉ်က ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ရေနံဆီ မီးဖိုအစား Gas မီးတောက်မီးဖြင့်ကျွန်တော်ကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့ပါသည်။

၂ နာရီခန့် Gas မီးတောက်ဖြင့်စမ်းသပ်ရာရေခဲသေတ္တာ အခန်းများ အေးစိမ့်လာသည်ကို တွေ့ရသဖြင့် ကောင်းမွန်စွာ အလုပ်လုပ်သေးကြောင်း တွေ့ရှိရပါသည်။ ။

Crd,မူရင်း

Zawgyi
သက္တမ္း ႏွစ္ေပါင္း (၁၀၀) ခန႔္ရွိ ေရနံဆီ သုံးေရခဲေသတၱာ။

စစ္ကိုင္းတိုင္း ေဒသႀကီး၊ ဒီပဲယင္း ၿမိဳ႕နယ္၊ စိုင္ျပင္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ မဟာလယ္တီ ေက်ာင္းမေက်ာင္းတိုက္တြင္ ရွိေသာေရခဲေသတၱာမွာ ႏွစ္ေပါင္း ၁၀၀ ခန႔္သက္တမ္းရွိၿပီး ေရနံဆီမီးျဖင့္ အပူေပး အသုံးျပဳရပါသည္။

၎ေရခဲေသတၱာကို မဟာလယ္တီ ေက်ာင္းမ ဆရာေတာ္ႀကီး ဦးဓမၼပါလသည္ ေတာင္ႀကီးၿမိဳ႕မွေဒၚတင္တင္ဆိုေသာ အိႏၵိယ အမ်ိဳးသမီးႀကီး တစ္ဦးထံမွ ဝယ္ယူခဲ့သည္ဟု ဆရာေတာ္ႀကီး သက္ေတာ္ထင္ရွား ရွိစဥ္က မိန႔္ၾကားခဲ့ဖူးပါသည္။

ေရခဲေသတၱာ မွာ England နိုင္ငံ Electrolux ကုမၸဏီမွ Queen Mary & king Jourge (V) လက္ထက္တြင္ထုတ္လုပ္ခဲ့ေၾကာင္း Name plate တြင္ ေတြ႕ရွိရပါသည္။ ထုတ္လုပ္သည့္ ခုႏွစ္ကိုမူ မေတြ႕ရပါ။

QueenMary & kingJourge(V) စိုးစံေသာႏွစ္မွာ (1893-1936) ျဖစ္ေသာေၾကာင့္ ထုတ္လုပ္သည့္ႏွစ္မွာ ႏွစ္ေပါင္း ၈၀ မွ ၁၀၀ ဝန္းက်င္ခန႔္ရွိနိုင္သည္ဟု ခန႔္မွန္းရပါသည္။

ေရခဲေသတၱာ အျမင့္မွာ ၄ ေပ၊ အက်ယ္မွာ ၂ ေပ ပတ္ လည္ခန႔္ရွိ၍ ကိုယ္ထည္ တစ္ခုလုံး ထူထဲေသာ သံထည္မ်ားျဖင့္ ျပဳလုပ္ထားသည္ကိုေတြ႕ရပါသည္။

အသုံးျပဳပုံမွာ ေရခဲေသတၱာေအာက္တြင္ ပါရွိေသာ မီးဖို ထဲတြင္ ေရနံဆီထည့္ကာ မီးထြန္း အပူေပးအသုံးျပဳရျခင္း ျဖစ္ပါသည္၊ သို႔ေသာ္ ယခု ေရနံဆီ မီးဖိုက အသုံးျပဳ၍ မရနိုင္ေတာ့ပါ။

ဆရာေတာ္ႀကီးရွိစဥ္က ဆရာေတာ္ႀကီး၏ ခြင့္ျပဳခ်က္ျဖင့္ ေရနံဆီ မီးဖိုအစား Gas မီးေတာက္မီးျဖင့္ကြၽန္ေတာ္ကိုယ္တိုင္ စမ္းသပ္ၾကည့္ခဲ့ပါသည္။

၂ နာရီခန႔္ Gas မီးေတာက္ျဖင့္စမ္းသပ္ရာေရခဲေသတၱာ အခန္းမ်ား ေအးစိမ့္လာသည္ကို ေတြ႕ရသျဖင့္ ေကာင္းမြန္စြာ အလုပ္လုပ္ေသးေၾကာင္း ေတြ႕ရွိရပါသည္။ ။

Crd,မူရင္း