တရုတ်နိုင်ငံက ပြည်နယ်တစ်ခုက ကြီးမားတဲ့ မြေကျွံတွင်းကြီးတစ်ခုထဲမှာ မထင်မှတ်ထားပါဘဲရှေးဟောင်းတောအုပ်လေးတစ်ခုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါနေရာဟာ Guangxi Zhuang အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ တည်ရှိတဲ့ Leye County နယ်မြေအတွင်းမှာလို့
သိရပါတယ်။ မေလ(၆)ရက်နေ့ကမှ ဒီတွေ့ရှိမှုဖြစ်ခဲ့တာပါ။
မြေကျွံတွင်းကြီးရဲ့ အတွင်းပိုင်းမှာဧရာမလိုဏ်ဂူကြီး (၃)ခုအထိ ရှိနေပြီး၊ အရှည်အားဖြင့် (၁၀၀၄)ပေ၊ အကျယ်အားဖြင့် (၄၉၂)ပေ အထိ ရှိတယ်လို့ သိရပါတယ်။
ထူးခြားတာက အဲဒီလိုဏ်ဂူကြီးတွေရဲ့ အတွင်းပိုင်းမှာ သစ်တောတွေ ရှိနေပြီးသစ်ပင်ပန်းမန်တွေဟာယနေ့အချိန်ထိ မှတ်တမ်းတင်ရသေးခြင်းမရှိသေးတဲ့ မျိုးစိတ်တွေ ဖြစ်နေပါတယ်။
ရှာဖွေတွေ့ရှိမှုမှာ ဉီးဆောင်ခဲ့သူChen Lixin က “ဒီလိုဂူကြီးထဲမှာ ယနေ့ခေတ်အထိ မှတ်တမ်းတင်ရခြင်းမရှိသေးတဲ့ အပင်မျိုးကွဲတွေ ရှိနေတယ်ဆိုတာ ကျနော် မအံ့ဩတော့ပါဘူး …
တချို့အပင်တွေဆို အမြင့်ပေ (၁၃၀)လောက်ထိ ရှိပါတယ် “လို့ ပြောခဲ့ပါတယ်။
National Cave and Karst Research Institute မှအမှုဆောင်ဒါရိုက်တာဖြစ်သူ George Veni က ဒါဟာ သမိုင်းမှာ တစ်ခါမှ မရှိဘူးတဲ့ ရှာဖွေတွေ့ရှိမှုပါလို့ ပြောပါတယ်။
ဘာသာပြန် – လင်းဇော်ကို , ကိုးကား – UniLad
Credit
Zawgyi
တ႐ုတ္နိုင္ငံက ျပည္နယ္တစ္ခုက ႀကီးမားတဲ့ ေျမကြၽံတြင္းႀကီးတစ္ခုထဲမွာ မထင္မွတ္ထားပါဘဲေရွးေဟာင္းေတာအုပ္ေလးတစ္ခုကို သက္ဆိုင္ရာ တာဝန္ရွိသူေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။
အဆိုပါေနရာဟာ Guangxi Zhuang အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းမွာ တည္ရွိတဲ့ Leye County နယ္ေျမအတြင္းမွာလို႔
သိရပါတယ္။ ေမလ(၆)ရက္ေန႕ကမွ ဒီေတြ႕ရွိမႈျဖစ္ခဲ့တာပါ။
ေျမကြၽံတြင္းႀကီးရဲ႕ အတြင္းပိုင္းမွာဧရာမလိုဏ္ဂူႀကီး (၃)ခုအထိ ရွိေနၿပီး၊ အရွည္အားျဖင့္ (၁၀၀၄)ေပ၊ အက်ယ္အားျဖင့္ (၄၉၂)ေပ အထိ ရွိတယ္လို႔ သိရပါတယ္။
ထူးျခားတာက အဲဒီလိုဏ္ဂူႀကီးေတြရဲ႕ အတြင္းပိုင္းမွာ သစ္ေတာေတြ ရွိေနၿပီးသစ္ပင္ပန္းမန္ေတြဟာယေန႕အခ်ိန္ထိ မွတ္တမ္းတင္ရေသးျခင္းမရွိေသးတဲ့ မ်ိဳးစိတ္ေတြ ျဖစ္ေနပါတယ္။
ရွာေဖြေတြ႕ရွိမႈမွာ ဉီးေဆာင္ခဲ့သူChen Lixin က ဒီလိုဂူႀကီးထဲမွာ ယေန႕ေခတ္အထိ မွတ္တမ္းတင္ရျခင္းမရွိေသးတဲ့ အပင္မ်ိဳးကြဲေတြ ရွိေနတယ္ဆိုတာ က်ေနာ္ မအံ့ဩေတာ့ပါဘူး
တခ်ိဳ႕အပင္ေတြဆို အျမင့္ေပ (၁၃၀)ေလာက္ထိ ရွိပါတယ္ လို႔ ေျပာခဲ့ပါတယ္။
National Cave and Karst Research Institute မွအမႈေဆာင္ဒါရိုက္တာျဖစ္သူ George Veni က ဒါဟာ သမိုင္းမွာ တစ္ခါမွ မရွိဘူးတဲ့ ရွာေဖြေတြ႕ရွိမႈပါလို႔ ေျပာပါတယ္။
ဘာသာျပန္ လင္းေဇာ္ကို , ကိုးကား UniLad
Credit