ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းခေါက်ရတဲ့ အကြောင်းအရင်း

ဂျပန်ခေတ်က ဖြစ်သည်စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်သို့ဂျပန်အရာရှိတစ်ဦးနှင့် စကားပြန်တစ်ဦးရောက်လာ၏ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်းထိုးတုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလဲ ဟုမေး၏

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုးတုံးခေါက်ခြင်းဖြစ်ကြောင်း ရှင်းပြရာဂျပန်အရာရှိကြီးက ” ဒဘုန်းကြီးတွေ သူများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေတုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစားရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့

ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီဆရာတော်ကြီးအား လျှောက်ထားရာဆရာတော်ကြီးက ” ဘုန်းကြီးတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီးစားတာဟာ ကြွားချင်လို့ မဟုတ်ဘူး

ဒီအနီးအနားမှာ ဘုရားဖူး ခရီးသွားသံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင်ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ်ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာ ဖြစ်​တဲ့အပြင်​ နောက်​ပြီး​တော့ ရွာ​တွေက ဆွမ်း ဆွမ်​းဟင်​​း ​လောင်​းလှူ​ကြသော ဆွမ်​ဒါယိကာ ဆွမ်​းဒါယိကာမ များအ​နေဖြင့်​့

မိမိတို့လှူလိုက်​တဲ့ ဆွမ်​း ခဲဘွယ်တို့ကို ​ဆရာ​တော်​ သံဃာ​တော်​များ ဘုန်​း​ပေးသုံး​ဆောင်​ ​တော့မှာဖြစ်​တဲ့အတွက်​အလှူရှင်​များအ​နေဖြင်​့ ​ကောင်​းမှုကုသိုလ်​ အစုစုအတွက်​ သာဓုအနု​မောဒနာ ​ခေါ်ဆိုနိုင်​ဘို့ဖြစ်​တယ်​ တကာဟု ရှင်းပြ၏

ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍ဂျပန်အရာရှိကြီးက နားလည်သဘောကျသည့်အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသည်ဟူ၏ပေးလိုသည့် မှတ်ချက်မှာ ခရီးသွား ဆရာတော်သံဃာတော်တို့အနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင်

စားသောက်ဆိုင်များဝင်၍ အကုန်အကျခံဘုဉ်းပေးတော်မမူကြပါနှင့်သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာဝင်ရောက် ဘုဉ်းပေးတော်မူကြပါ၎င်းကြေးမောင်းသံ တုံးခေါက်သံတို့သည်အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်းပင်ဖြစ်ပါပေ၏

Credit

Zawgyi







Credit