တီထွင်မှုကိုပြုလုပ်နိုင်သည့် မည်သူကိုမဆို မှတ်တမ်းတင်ဂုဏ်ပြုမှုတွေဖြင့် ချီးမြှောက်ပေးရမှာဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက်၏ကောင်းမွန်သော တီထွင်တစ်ခုဟာ ကမ္ဘာကြီးတစ်ခုလုံးကို အဆင်ပြေစေမှာဖြစ်ပါတယ်။
ယခုတွင်လည်းအင်္ဂလန်နိုင်ငံမှအသက်၃၀အရွယ်Andy Jenningsဆိုသည့်အင်ဂျင်နီယာအမျိုးသားဟာအမှိုက်ပုံးကိုပင် လျှပ်စစ်အင်ဂျင်တပ်ဆင်ပြီး ဆိုင်ကယ်တစ်စီးလို ပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ်။
အမှိုက်ပုံးဟာ အင်ဂျင်ပါဝါ 110 CC ကိုတပ်ဆင်ထားခြင်းဖြစ်ပြီး တစ်နာရီကို ၇၂ကီလိုမီတာအထိပင် မြန်နှုန်းမြင့်မောင်းနှင်နိုင်တာဖြစ်ပါတယ်။
ထို့ကြောင့်လည်း အမျိုးသားဟာ အမှိုက်ပုံးကို လျှင်မြန်စွာမောင်းနှင်နိုင်မှုဖြင့် ကမ္ဘာ့စံချိန်မှတ်တမ်းကိုတင်ရှိနိုင်ခဲ့ပါတယ်။
Shoon (Cele Daily) Credit
Zawgyi