ယင်ကောင်ဆိုတာ သားစိမ်းငါးစိမ်းနဲ့ အညှီရှိရင် ဘယ်နေရာကပဲ ဖြစ်ဖြစ် ရောက်လာတတ်တဲ့ အင်းဆက်သတ္တဝါမျိုးပါ။
အထူးသဖြင့် ငါးနဲ့ ပုစွန်တွေကို အခြောက်လှန်းတဲ့အခါ ယင်ကောင်တွေက အုပ်လိုက် ရောက်လာလေ့ ရှိပြီး လှမ်းထားတဲ့ငါးပုစွန်တွေကို စားယူခြင်း၊ ဥချန်ထားခဲ့ခြင်း စတာတွေကြောင့် ပျက်စီးဆုံးရှုံး ရလေ့ ရှိပါတယ်။
အဲဒါကြောင့် သားငါး အခြောက်လှန်းရာမှာယင်မနားစေဖို့ လုပ်ငန်းရှင်တွေက နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်ကြရပါတယ်။ ပစ္စည်းကိရိယာတွေ၊ ယင်မနားဆေးတွေ သုံးပြီး ယင်ကောင်တွေ မလာအောင် ပြုလုပ်လေ့ ရှိပါတယ်။
မြန်မာပြည်မှာတော့ ယခုနောက်ပိုင်း ယင်မနားဆေးဆိုတဲ့ ဆေးတွေ ခေတ်စားလာပါတယ်။ အဲဒီဆေးကို သတ်မှတ်တဲ့ အချိုးအစားအတိုင်း ရေနဲ့ရောပြီး ငါးခြောက်တွေပေါ် ဖျန်းထားလိုက်ရင်ယင်ကောင်လုံးဝ မလာစေတဲ့ ဆေးဖြစ်ပါတယ်။
အဲဒီဆေးက သူ့အညွှန်းအတိုင်း သုံးစွဲရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာတွေရဲ့ ထုံးစံအတိုင်း တခုခုဆို အလွန်အကျွံ သုံးစွဲလိုက်ကြတာမှာအခုဆိုရင် ငါးခြောက်လုပ်ငန်းတိုင်းလိုလိုမှာ သုံးစွဲနေကြပါပြီ။
ပေါက်ဖော်နိုင်ငံကြီးကလည်း ခွင့်ပြုချက် ရတာတွေရော၊ မရတာတွေရော အားလုံးသွင်းပေးနေပါတယ်။ပုံထဲမှာ ဖော်ပြထားတာကတော့ရန်ကုန်မြို့တနေရာမှာ လှန်းထားတဲ့ ငါးခြောက်တွေပဲ ဖြစ်ပါတယ်။
ထူးဆန်းတာတခုက ငါးခြောက်တွေ အများကြီး လှန်းထားပေမယ့် ယင်ကောင် တကောင်မှ မရှိတာကို တွေ့ရတာ ဖြစ်ပါတယ်။
ပြီးတော့ လှန်းထားတဲ့ ငါးခြောက်အကောင်ကြီးတချို့ကလည်း နေဒီလောက်လှန်းထားတာတောင် အနီရောင် ရဲရဲတောက်နေတာဆိုတော့ ဆိုးဆေးတွေ ဘယ်လောက်တောင်သုံးထားတယ်ဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။
ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအသောက်တွေမှာ ဒီလို ဓာတုဗေဒဆေးတွေ အများပြား ပါဝင်နေတာကြောင့် မြန်မာလူမျိုးတွေမှာ ရောဂါဘယထူပြောပြီး ကျန်းမာရေးအတွက် အကုန်ုအကျ များနေကြတာပါ။
စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း ကိုယ် အမြတ်ရဖို့ တခုထဲ မကြည့်ဘဲနဲ့ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် ကျန်းမာချမ်းသာပြီး အဆင်ပြေအောင် လောဘတွေ လျှော့သင့်ပါပြီလို့ တိုက်တွန်းလိုက်ရပါတယ်။
crd-
Zawgyi
ယင္ေကာင္ဆိုတာ သားစိမ္းငါးစိမ္းနဲ႕ အညွီရွိရင္ ဘယ္ေနရာကပဲ ျဖစ္ျဖစ္ ေရာက္လာတတ္တဲ့ အင္းဆက္သတၱဝါမ်ိဳးပါ။
အထူးသျဖင့္ ငါးနဲ႕ ပုစြန္ေတြကို အေျခာက္လွန္းတဲ့အခါ ယင္ေကာင္ေတြက အုပ္လိုက္ ေရာက္လာေလ့ ရွိၿပီး လွမ္းထားတဲ့ငါးပုစြန္ေတြကို စားယူျခင္း၊ ဥခ်န္ထားခဲ့ျခင္း စတာေတြေၾကာင့္ ပ်က္စီးဆုံးရႈံး ရေလ့ ရွိပါတယ္။
အဲဒါေၾကာင့္ သားငါး အေျခာက္လွန္းရာမွာယင္မနားေစဖို႔ လုပ္ငန္းရွင္ေတြက နည္းအမ်ိဳးမ်ိဳးနဲ႕ ေဆာင္႐ြက္ၾကရပါတယ္။ ပစၥည္းကိရိယာေတြ၊ ယင္မနားေဆးေတြ သုံးၿပီး ယင္ေကာင္ေတြ မလာေအာင္ ျပဳလုပ္ေလ့ ရွိပါတယ္။
ျမန္မာျပည္မွာေတာ့ ယခုေနာက္ပိုင္း ယင္မနားေဆးဆိုတဲ့ ေဆးေတြ ေခတ္စားလာပါတယ္။ အဲဒီေဆးကို သတ္မွတ္တဲ့ အခ်ိဳးအစားအတိုင္း ေရနဲ႕ေရာၿပီး ငါးေျခာက္ေတြေပၚ ဖ်န္းထားလိုက္ရင္ယင္ေကာင္လုံးဝ မလာေစတဲ့ ေဆးျဖစ္ပါတယ္။
အဲဒီေဆးက သူ႕အၫႊန္းအတိုင္း သုံးစြဲရမွာ ျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ ျမန္မာေတြရဲ႕ ထုံးစံအတိုင္း တခုခုဆို အလြန္အကြၽံ သုံးစြဲလိုက္ၾကတာမွာအခုဆိုရင္ ငါးေျခာက္လုပ္ငန္းတိုင္းလိုလိုမွာ သုံးစြဲေနၾကပါၿပီ။
ေပါက္ေဖာ္နိုင္ငံႀကီးကလည္း ခြင့္ျပဳခ်က္ ရတာေတြေရာ၊ မရတာေတြေရာ အားလုံးသြင္းေပးေနပါတယ္။ပုံထဲမွာ ေဖာ္ျပထားတာကေတာ့ရန္ကုန္ၿမိဳ႕တေနရာမွာ လွန္းထားတဲ့ ငါးေျခာက္ေတြပဲ ျဖစ္ပါတယ္။
ထူးဆန္းတာတခုက ငါးေျခာက္ေတြ အမ်ားႀကီး လွန္းထားေပမယ့္ ယင္ေကာင္ တေကာင္မွ မရွိတာကို ေတြ႕ရတာ ျဖစ္ပါတယ္။
ၿပီးေတာ့ လွန္းထားတဲ့ ငါးေျခာက္အေကာင္ႀကီးတခ်ိဳ႕ကလည္း ေနဒီေလာက္လွန္းထားတာေတာင္ အနီေရာင္ ရဲရဲေတာက္ေနတာဆိုေတာ့ ဆိုးေဆးေတြ ဘယ္ေလာက္ေတာင္သုံးထားတယ္ဆိုတာ မခန႔္မွန္းနိုင္ေတာ့ပါဘူး။
ကြၽန္ေတာ္တို႔ ေန႕စဥ္စားေနတဲ့ အစားအေသာက္ေတြမွာ ဒီလို ဓာတုေဗဒေဆးေတြ အမ်ားျပား ပါဝင္ေနတာေၾကာင့္ ျမန္မာလူမ်ိဳးေတြမွာ ေရာဂါဘယထူေျပာၿပီး က်န္းမာေရးအတြက္ အကုန်ုအကျ မ်ားေနၾကတာပါ။
စီးပြားေရး လုပ္ငန္းရွင္ေတြ အေနနဲ႕လည္း ကိုယ္ အျမတ္ရဖို႔ တခုထဲ မၾကည့္ဘဲနဲ႕ ေရာင္းသူဝယ္သူ ႏွစ္ဦးႏွစ္ဖက္ က်န္းမာခ်မ္းသာၿပီး အဆင္ေျပေအာင္ ေလာဘေတြ ေလွ်ာ့သင့္ပါၿပီလို႔ တိုက္တြန္းလိုက္ရပါတယ္။
crd-