ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်လို့ တလွဲအတွေးတွေနဲ့ ကြားဖူးနားဝ ရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ…
ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် တဲ့လား။ ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ။ စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြား။
တကယ်တွေ့ဖူးသည်ဆိုသည့် ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငင ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။ မိမိလက်လှမ်းမီသလောက် ရှာဖွေကြည်တော့ ရွာတစ်ရွာတည်ဖို့ လိုအပ်တဲ့ စုန်း (၇) ယောက်က…
စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ
( စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး )
ဋီကာကျမ်း
ထို ခုနှစ်ဦးမှာ
(၁) မြေပညာရှင်
ရွာသစ်တည်မည့် နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာကို သိရှိကျွမ်းကျင်သူ
(၂) ရေပညာရှင်
သောက်သုံးရေ/ ရေချို/ စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရကို သိရှိကျွမ်းကျင်သူ
(၃) လေပညာရှင်
လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝကို ကျွမ်းကျင်ပါးနပ်သူ
(၄) စီးပွါးရေးပညာရှင်
(၅)ပညာရေး စီမံနိုင်သူ
(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ
(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ
ရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကိုသိသောသူအစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။ ယခုစာကိုဖတ်မိသူ မိတ်ဆွေအနေနဲ့ကျွန်တော် မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျ။
Ref; -အရှင်စန္ဒကုမာရ ( ရွှေတြိဂံ )
-ဋီကာကျမ်း
Zawgyi
႐ြာတ႐ြာ ျဖစ္ေပၚဖို႔ စုန္း ( ၇ ) ေယာက္ ရွိဖို႔လိုတယ္လို႔ တလြဲအေတြးေတြနဲ႕ ၾကားဖူးနားဝ ရွိခဲ့တာကို ဗဟုသုတအေနနဲ႕ တင္ပါရေစ
ေယာေဒသမွာ ႐ြာသစ္တစ္႐ြာတည္ဖို႔ စုန္း( ၇ )ေယာက္လိုတယ္ တဲ့လား။ ငယ္စဥ္က ၾကားဖူးနားဝ စကားေလးပါ။ စုန္းအေၾကာင္းေတြက အိပ္ယာဝင္ပုံျပင္ေတြလို အထူးထူး အျခားျခား အမ်ားမ်ားအျပားျပား။
တကယ္ေတြ႕ဖူးသည္ဆိုသည့္ ပုဂၢိုလ္ထံ ေမးျမန္းျပန္ေတာ့လည္း ေစ့ေစ့ငင ေျဖနိုင္သူဟူ၍ မေတြ႕ရေသးပါ။ မိမိလက္လွမ္းမီသေလာက္ ရွာေဖြၾကည္ေတာ့ ႐ြာတစ္႐ြာတည္ဖို႔ လိုအပ္တဲ့ စုန္း (၇) ေယာက္က
စုန္း=> စုႏၷော=>ေျဖာင့္မွန္ေသာသူ
( စုႏၷောတိ ဥဇုကေတာ-ေျဖာင့္မတ္မွန္ကန္သည့္ ပညာရွင္ခုႏွစ္ဦး )
ဋီကာက်မ္း
ထို ခုႏွစ္ဦးမွာ
(၁) ေျမပညာရွင္
႐ြာသစ္တည္မည့္ ေနရာသည္ ေျမအေနအထားသင့္မသင့္ ေျမဆီေျမလႊာကို သိရွိကြၽမ္းက်င္သူ
(၂) ေရပညာရွင္
ေသာက္သုံးေရ/ ေရခ်ိဳ/ စိုက္ပ်ိဳးေရးလုပ္ငန္းသုံးေရ/ ရမရကို သိရွိကြၽမ္းက်င္သူ
(၃) ေလပညာရွင္
ေလေၾကာင္း သင့္မသင့္ ေလၿငိမ္အရပ္ ဟုတ္/ မဟုတ္ စသည့္ ေလသေဘာသဘာဝကို ကြၽမ္းက်င္ပါးနပ္သူ
(၄) စီးပြါးေရးပညာရွင္
(၅)ပညာေရး စီမံနိုင္သူ
(၆)က်န္းမာေရး ေစာင့္ေရွာက္မႈေပးနိုင္သူ
(၇)ဆက္သြယ္ေရး ကြၽမ္းက်င္သူ
႐ြာတည္မည့္ေနရာသည္ ႐ြာ၏လိုအပ္ခ်က္မ်ားအတြက္ ဆက္သြယ္သြားလာရန္ လြယ္ကူမည့္အခ်က္အလက္ လမ္းေၾကာင္းကိုသိေသာသူအစရွိသျဖင့္ ေတြ႕ရွိမွတ္သားမိပါတယ္။ ယခုစာကိုဖတ္မိသူ မိတ္ေဆြအေနနဲ႕ကြၽန္ေတာ္ မွတ္သားမိသမွ်ေလးေတြ ျပန္ေဝမွ်တာပါခင္ဗ်။
Ref; -အရွင္စႏၵကုမာရ ( ေ႐ႊႀတိဂံ )
-ဋီကာက်မ္း