“တည်ဆောက်ပြီးစီးခဲ့ပါက ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် မင်းကွန်းပုထိုးတော်ကြီး အကြောင်း”

ခရစ်နှစ် ၁၇၉၀ ပြည့်က သူ့နန်းဌာနသို့ အလည်ရောက်လာ စိနတိုင်း (တရုတ်ပြည်) ဘုရင် ကိုယ်စားလှယ်တော် တမန်အဖွဲ့က ပဏ္ဏပါးသည့် ဗုဒ္ဓစွယ်တော် တစ်ဆူ ဌာပနာတော် မူရန် ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရား ရည်သန်တော် မူခဲ့သည်။

ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန် မျှမဟုတ်ကြောင်း ပြသဖို့ ဖြစ်လေသည်။ ဘိုးတော်ဘုရားနန်းတက်ပြီး (၉)နှစ်အကြာ ခရစ်နှစ် ၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်းပုထိုးကြီးကို စတင် တည်ဆောက်တော်မူသည်။

ကိုယ်တိုင် ကြီးကြပ်တည်ဆောက်နိုင်ရန် အလို့ငှာ စံနန်းမှ ဧရာဝတီ မြစ်အတွင်း ကျွန်းတစ်ခုပေါ် ၁၇၉၇ခုနှစ် တိုင်အောင် ပြောင်းရွှေ့စံနေခဲ့သည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်အလုပ် ကိုဆက်လုပ်ရန် ခက်ခဲလာတော့သည်။

အမြင့်ပေ ၅၀၀ အထိ တည်ထားရန် ရည်ရွယ်သော်လည်း ပထမပစ္စယံ ၁၆၅’ အပြီးတွင် တဘောင်၊ စနည်းတို့အား မလွန်ဆန်ရဲ၍ ဘုရားတည်ခြင်းကို ရပ်ဆိုင်းခဲ့ရသည်။ လုံးပတ်မှာ စတုရန်းပေ ၄၅၀ တိတိ ကြီးမားကျယ်ဝန်းသည်။ လေးဘက်မျက်နှာတွင် မုဒ်ပေါက်ငယ် တစ်ခုစီ ပြုလုပ်ထားသည်။

ဘိုးတော်ဘုရားအနေဖြင့် အဆိုပါ ပုထိုး ကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။ သို့သော် ပုထိုးတည်မှု ဆိုင်းလိုက်ရသည့်အခါ တည်လက်စမှာ ဉာဏ်တော် မီတာ ၆၀ သို့မဟုတ် ၁၉၈ ပေသာ ရှိသေးသည်။

သူ့၏ အောက်ဆုံးဆင့် စင်္ကြန်သည်ပင် ပေ ၄၅၀ သို့မဟုတ် ၁၃၇ မီတာစတုရန်း အရွယ်ရှိသည်။ အလျား ၄ ရပ် တဖက်စီမှ မုဒ်ဦးပေါ်ထွက်လာ ကြပြီး ဘုရားဆောင်တို့ကလည်း အသင့်ရှိပေသည်။

ဘိုးတော်ဘုရားသည် ဘုရားအဆောင်တို့ ကိုခဲနားသတ်၍ ယင်းအတွင်းဝယ် ရွှေဆင်းထု ၁၅၀၀ ငွေဆင်းထု ၂၅၃၄ အပြင် အခြား ဌာပနာ ၃၇၀၀၀ သို့သွတ်သွင်းရာတွင် ထိုစဉ်ကာလ တီထွင်စစဦး ဆော်ဒါရည် ဖေါက်စက် နမူနာတလုံး ပင်ပါသေးသည်ဟု ဘိုးတော်ဘုရား နန်းတော်သို့ ဗြိတိသျှသံ ဟီရန်ကောက်စ် ပြောသည်မှာ အဆန်းအပြား ပင်ဖြစ်နေသေးသည်။

(ပုထိုးတော်ကြီး ပြိုကျခဲ့ရင် မိခင်သေတယ်ဆိုခဲ့ရင်တောင် အသုဘမပို့ပဲ အမြန်ပြေးပြီး ဘုရားဌာပနာတွေ သွားခိုးဖို့ ရှေးကလူတွေ စာဆိုနဲ့ ပြောစမှတ်တွင်ခဲ့သည်။ တကယ်တမ်းတော့ ဘုရားပစ္စည်းဖြစ်နေတဲ့အတွက် စိတ်နဲ့တောင် မပြစ်မှားသင့်ပါ၊ ပုထိုးတော်ကြီး ရဲ့ ဌါပနာတွေ များပြားလွန်းတာကို စာဆိုသဘောနဲ့ ပြောခြင်းသာဖြစ်ပါသည်။ )

မြန်မာသက္ကရာဇ် ၁၁၈၁-ခု (ခရစ်နှစ်-၁၈၁၉)ခုနှစ်တွင် ဘိုးတော်ဘုရား နတ်ရွာစံခဲ့သဖြင့် ဘုရားကြီးမှာလည်း ယနေ့တိုင် အပြီးမသတ်နိုင် ဖြစ်ခဲ့ရသည်။ အကယ်၍ ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့လျှင် ပုထိုးတော်ကြီးသည် မြန်မာပြည်တွင် အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်ပေလိမ့်မည်။

အပြီးသတ် မတည်ဆောက်နိုင်ရုံသာမက မြန်မာသက္ကရာဇ် ၁၂၀၀-ပြည့်နှစ် နှင့် ၁၃၁၈-ခုနှစ် တို့တွင် လှုတ်ခဲ့သော မြေငလျင်ဒဏ်များကြောင့် ကွဲအက်ပျက်စီးလျက်ပင် ၍ှိနေပေသည်။ နမူနာပုံစံ စေတီတစ်ဆူကို ဘုရားကြီး၏ တောင်ဘက် (၄)ဖာလုံခန့်အကွာတွင် တည်ထားလျက် ရှိပြီး ပုံတော်စေတီဟု အမည်တွင်သည်။

ခရစ်နှစ် ၁၈၃၈ ခုငလျင်ကြောင့် ပုထိုးကြီး၏ ပထမအဆစ်မှာ အောက်ဘုရားဆောင် အတွင်း ပစ်လဲပြိုလဲ၍ မြစ်မျက်နှာပြင် တင်ကြိုကာကွယ်ထားသော ခြင်္သေ့ကိုယ်နှင့် ဂဠုန် နှုတ်သီး နှင့် ဂဠုန်တောင်ကြီး များတစုံ လည်းပျက်ပြား ဆုံးရှုံးရလေသည်။

သို့ပင်သော်ငြားလည်း မင်းကွန်းဘုရားသည် မပြီးမပြတ်ကျန်လျက်နှင့် ၁၈၁၉ ခုနှစ်အတွင်း သူအနိစ္စရောက်သည့် နောက်၌ပင် သူ့အားဆက်ခံ စိုးစံခဲ့သော မည်သည့်သားမြေးဆက်ကမှ ဆက်လက်၍ဆောက်လုပ်ခြင်း မဆက်ကြတော့ချေ။ အပျက်အစီး အပုံကြီးသည် ၃၂၈ ပေအထိ ခေါင်းလောင်းကြီး ၏ တောင်ဘက်တွင် ယခုတိုင် ခန့်ခန့်ထည်ထည် ရပ်တည်လျက်ရှိပါသည်။

crd,

Zawgyi
ခရစ္ႏွစ္ ၁၇၉၀ ျပည့္က သူ႕နန္းဌာနသို႔ အလည္ေရာက္လာ စိနတိုင္း (တ႐ုတ္ျပည္) ဘုရင္ ကိုယ္စားလွယ္ေတာ္ တမန္အဖြဲ႕က ပဏၰပါးသည့္ ဗုဒၶစြယ္ေတာ္ တစ္ဆူ ဌာပနာေတာ္ မူရန္ ကမၻာ့အႀကီးဆုံး ပုထိုးတစ္ဆူ တည္ေတာ္မူရန္ ဘိုးေတာ္ဘုရား ရည္သန္ေတာ္ မူခဲ့သည္။

ရည္႐ြယ္ရင္းက သူမည္မွ် ဘုန္းတန္ခိုး အာႏုေဘာ္ ေတာ္ေတာ္တန္တန္ မွ်မဟုတ္ေၾကာင္း ျပသဖို႔ ျဖစ္ေလသည္။ ဘိုးေတာ္ဘုရားနန္းတက္ၿပီး (၉)ႏွစ္အၾကာ ခရစ္ႏွစ္ ၁၇၉၀ ခုႏွစ္တြင္ မႏၱရာႀကီး သို႔မဟုတ္ မင္းကြန္းပုထိုးႀကီးကို စတင္ တည္ေဆာက္ေတာ္မူသည္။

ကိုယ္တိုင္ ႀကီးၾကပ္တည္ေဆာက္နိုင္ရန္ အလို႔ငွာ စံနန္းမွ ဧရာဝတီ ျမစ္အတြင္း ကြၽန္းတစ္ခုေပၚ ၁၇၉၇ခုႏွစ္ တိုင္ေအာင္ ေျပာင္းေ႐ႊ႕စံေနခဲ့သည္။ ထိုအခ်ိန္တြင္ ေငြကုန္လူပန္း ႏွင့္ ပုထိုးတည္အလုပ္ ကိုဆက္လုပ္ရန္ ခက္ခဲလာေတာ့သည္။

အျမင့္ေပ ၅၀၀ အထိ တည္ထားရန္ ရည္႐ြယ္ေသာ္လည္း ပထမပစၥယံ ၁၆၅ အၿပီးတြင္ တေဘာင္၊ စနည္းတို႔အား မလြန္ဆန္ရဲ၍ ဘုရားတည္ျခင္းကို ရပ္ဆိုင္းခဲ့ရသည္။ လုံးပတ္မွာ စတုရန္းေပ ၄၅၀ တိတိ ႀကီးမားက်ယ္ဝန္းသည္။ ေလးဘက္မ်က္ႏွာတြင္ မုဒ္ေပါက္ငယ္ တစ္ခုစီ ျပဳလုပ္ထားသည္။

ဘိုးေတာ္ဘုရားအေနျဖင့္ အဆိုပါ ပုထိုး ကို ၁၅၂ မီတာ သို႔မဟုတ္ ၄၉၉ ေပ အျမင့္ ေဆာက္ရန္ ရည္႐ြယ္သည္။ သို႔ေသာ္ ပုထိုးတည္မႈ ဆိုင္းလိုက္ရသည့္အခါ တည္လက္စမွာ ဉာဏ္ေတာ္ မီတာ ၆၀ သို႔မဟုတ္ ၁၉၈ ေပသာ ရွိေသးသည္။

သူ႕၏ ေအာက္ဆုံးဆင့္ စၾကၤန္သည္ပင္ ေပ ၄၅၀ သို႔မဟုတ္ ၁၃၇ မီတာစတုရန္း အ႐ြယ္ရွိသည္။ အလ်ား ၄ ရပ္ တဖက္စီမွ မုဒ္ဦးေပၚထြက္လာ ၾကၿပီး ဘုရားေဆာင္တို႔ကလည္း အသင့္ရွိေပသည္။

ဘိုးေတာ္ဘုရားသည္ ဘုရားအေဆာင္တို႔ ကိုခဲနားသတ္၍ ယင္းအတြင္းဝယ္ ေ႐ႊဆင္းထု ၁၅၀၀ ေငြဆင္းထု ၂၅၃၄ အျပင္ အျခား ဌာပနာ ၃၇၀၀၀ သို႔သြတ္သြင္းရာတြင္ ထိုစဥ္ကာလ တီထြင္စစဦး ေဆာ္ဒါရည္ ေဖါက္စက္ နမူနာတလုံး ပင္ပါေသးသည္ဟု ဘိုးေတာ္ဘုရား နန္းေတာ္သို႔ ၿဗိတိသွ်သံ ဟီရန္ေကာက္စ္ ေျပာသည္မွာ အဆန္းအျပား ပင္ျဖစ္ေနေသးသည္။

(ပုထိုးေတာ္ႀကီး ၿပိဳက်ခဲ့ရင္ မိခင္ေသတယ္ဆိုခဲ့ရင္ေတာင္ အသုဘမပို႔ပဲ အျမန္ေျပးၿပီး ဘုရားဌာပနာေတြ သြားခိုးဖို႔ ေရွးကလူေတြ စာဆိုနဲ႕ ေျပာစမွတ္တြင္ခဲ့သည္။ တကယ္တမ္းေတာ့ ဘုရားပစၥည္းျဖစ္ေနတဲ့အတြက္ စိတ္နဲ႕ေတာင္ မျပစ္မွားသင့္ပါ၊ ပုထိုးေတာ္ႀကီး ရဲ႕ ဌါပနာေတြ မ်ားျပားလြန္းတာကို စာဆိုသေဘာနဲ႕ ေျပာျခင္းသာျဖစ္ပါသည္။ )

ျမန္မာသကၠရာဇ္ ၁၁၈၁-ခု (ခရစ္ႏွစ္-၁၈၁၉)ခုႏွစ္တြင္ ဘိုးေတာ္ဘုရား နတ္႐ြာစံခဲ့သျဖင့္ ဘုရားႀကီးမွာလည္း ယေန႕တိုင္ အၿပီးမသတ္နိုင္ ျဖစ္ခဲ့ရသည္။ အကယ္၍ ၿပီးစီးေအာင္ တည္ေဆာက္နိုင္ခဲ့လွ်င္ ပုထိုးေတာ္ႀကီးသည္ ျမန္မာျပည္တြင္ အျမင့္ဆုံး ဘုရားတစ္ဆူ ျဖစ္ေပလိမ့္မည္။

အၿပီးသတ္ မတည္ေဆာက္နိုင္႐ုံသာမက ျမန္မာသကၠရာဇ္ ၁၂၀၀-ျပည့္ႏွစ္ ႏွင့္ ၁၃၁၈-ခုႏွစ္ တို႔တြင္ လႈတ္ခဲ့ေသာ ေျမငလ်င္ဒဏ္မ်ားေၾကာင့္ ကြဲအက္ပ်က္စီးလ်က္ပင္ ၍ွိေနေပသည္။ နမူနာပုံစံ ေစတီတစ္ဆူကို ဘုရားႀကီး၏ ေတာင္ဘက္ (၄)ဖာလုံခန႔္အကြာတြင္ တည္ထားလ်က္ ရွိၿပီး ပုံေတာ္ေစတီဟု အမည္တြင္သည္။

ခရစ္ႏွစ္ ၁၈၃၈ ခုငလ်င္ေၾကာင့္ ပုထိုးႀကီး၏ ပထမအဆစ္မွာ ေအာက္ဘုရားေဆာင္ အတြင္း ပစ္လဲၿပိဳလဲ၍ ျမစ္မ်က္ႏွာျပင္ တင္ႀကိဳကာကြယ္ထားေသာ ျခေသၤ့ကိုယ္ႏွင့္ ဂဠုန္ ႏႈတ္သီး ႏွင့္ ဂဠုန္ေတာင္ႀကီး မ်ားတစုံ လည္းပ်က္ျပား ဆုံးရႈံးရေလသည္။

သို႔ပင္ေသာ္ျငားလည္း မင္းကြန္းဘုရားသည္ မၿပီးမျပတ္က်န္လ်က္ႏွင့္ ၁၈၁၉ ခုႏွစ္အတြင္း သူအနိစၥေရာက္သည့္ ေနာက္၌ပင္ သူ႕အားဆက္ခံ စိုးစံခဲ့ေသာ မည္သည့္သားေျမးဆက္ကမွ ဆက္လက္၍ေဆာက္လုပ္ျခင္း မဆက္ၾကေတာ့ေခ်။ အပ်က္အစီး အပုံႀကီးသည္ ၃၂၈ ေပအထိ ေခါင္းေလာင္းႀကီး ၏ ေတာင္ဘက္တြင္ ယခုတိုင္ ခန႔္ခန႔္ထည္ထည္ ရပ္တည္လ်က္ရွိပါသည္။

crd,