သိန်း ၁၅၀ ကို ၁နှစ်နဲ့၆လအတွင်း စုဆောင်းခဲ့တဲ့ ကျောင်းသူလေးရဲ့ငွေစုနည်း

တက္ကသိုလ်ကျောင်းသူကျောင်းသား အများစုက အိမ်က ပေးတဲ့ မုန့်ဖိုးပဲ သုံး၊ ကိုယ့်ဘဏ်အကောင့်ထဲမှာ ဘယ်လောက်မှ မရှိသေးတဲ့အချိန်မှာ လိမ္မာပါးနပ်လှတဲ့ ကျောင်းသူလေးတစ်ဦးကတော့ ဒေါ်လာ (၂၀,၀၀၀) အထိ စုပြသွားနိုင်ခဲ့ပါတယ်။

သြစတေးလျ ကွင်းစ်လန်းမှာ နေထိုင်တဲ့ (၁၉) နှစ်အရွယ် အန်လန်ဟာ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ပဲ (၁၈) လအတွင်း ဒေါ်လာ ၂၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျော်)အထိ စုပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။

သူမကို အိုင်ဒီယာ ရစေခဲ့တာကတော့ (၂၀၁၅) ခုနှစ်တုန်းက $1,000 Project စာအုပ်ကို ရေးသားခဲ့တဲ့ Canna Campbell ဆိုတဲ့ ငွေကြေးပညာရှင်တစ်ဦးဖြစ်ပါတယ်။

Campbell က ငွေတွေ အများကြီးပွားလာစေဖို့ ဒေါ်လာ (၁,၀၀၀) စီ ခွဲပြီး စီမံခဲ့တာကို ကြည့်ကာ အန်လန်က ဒေါ်လာ (၁၀၀) စီခွဲပြီး စစုခဲ့ပါတယ်။

“ကျွန်မရဲ့ ပုံမှန်အလုပ်အပြင် ကလေးထိန်းအလုပ်နဲ့ စာသင်ပေးတဲ့အလုပ်တွေလိုမျိုး အပိုဝင်ငွေရမယ့် အလုပ်တွေကို လုပ်ခဲ့ပါတယ်” လို့ အန်လန်က ဆိုပါတယ်။ အန်လန်က ကလေးထိန်းအလုပ်ကို တစ်နာရီ (၁၅) ဒေါ်လာ ယူပြီး စာသင်ပေးတာအတွက်ကိုတော့ တစ်နာရီ ဒေါ်လာ (၃၀) ယူပါတယ်။

အချိန်ကုန်သက်သာစေဖို့ကိုလည်း တပည့်တွေအကုန်လုံးကို ရက်တူတူ အချိန်ပေးပါတယ်။ ဒီလို အလုပ်တွေအပြင် ဆယ်ကျော် သက်ဟာ သူမ အိတ်ထဲ ရောက်လာသမျှ အကြွေစေ့တွေအကုန်လုံးကို စုဘူးထဲ ထည့်ပါတယ်တဲ့။ သူမ ပိုက်ဆံအိတ်ထဲက အကြွေစေ့တွေကို တစ်ပတ်တစ်ခါ ရှင်းပြီး ပုလင်းထဲမှာ စုပါတယ်။

ဒါ့အပြင် အန်လန်ဟာ အပိုသုံးစရိတ်တွေကို လျှော့ချခဲ့ပါတယ်။ မလိုတော့တဲ့ ပစ္စည်းတွေကို ရောင်းထုတ်ပြီး အပြင်မှာ ထွက်စားစရိတ် သက်သာအောင် အိမ်မှာပဲ ပြင်ဆင်ချက်ပြုတ်စားပါတယ်။

ရှောပင်းထွက်ရာမှာလည်း ခဏခဏ မဝယ်တော့ဘဲ တန်ဖိုးကြီးတာ တစ်ခုခုကို နှစ်သက်မှ တစ်ခါတစ်လေ ဝယ်ပါတော့တယ်တဲ့။ ဒီလိုနဲ့ သူမဟာ (၁၈) လအတွင်း ဒေါ်လာ (၂၀,၀၀၀) စုမိနိုင်ခဲ့ပြီး ဂျပန်ကိုတောင် သူငယ်ချင်းနဲ့အတူ ခရီးထွက်နိုင်ခဲ့ပါသေးတယ်။

“သင့်ဆီမှာ ပိုက်ဆံစုတာ အကျင့်ဖြစ်သွားပြီဆိုရင် လွယ်သွားပါပြီ။ အလေ့အကျင့်တစ်ခုလိုဖြစ်သွားရင် ပိုက်ဆံစုမိဖို့ သင် အရမ်းကြီး ကြိုးစားစရာ မလိုတော့ပါဘူး” လို့ အန်လန်က ပြောပြပါတယ်။

သူမဟာ ရှေ့လျှောက်လည်း အလုပ်ကြိုးစားလုပ်ကာ ငွေဆက်စုသွားမှာ ဖြစ်ပြီး မကြာခင် အိမ်တစ်လုံးပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အတုယူဖွယ် ဆယ်ကျော်သက်လေး တစ်ယောက်ပါပဲ..။

Zawgyi
တကၠသိုလ္ေက်ာင္းသူေက်ာင္းသား အမ်ားစုက အိမ္က ေပးတဲ့ မုန႔္ဖိုးပဲ သုံး၊ ကိုယ့္ဘဏ္အေကာင့္ထဲမွာ ဘယ္ေလာက္မွ မရွိေသးတဲ့အခ်ိန္မွာ လိမၼာပါးနပ္လွတဲ့ ေက်ာင္းသူေလးတစ္ဦးကေတာ့ ေဒၚလာ (၂၀,၀၀၀) အထိ စုျပသြားနိုင္ခဲ့ပါတယ္။

ၾသစေတးလ် ကြင္းစ္လန္းမွာ ေနထိုင္တဲ့ (၁၉) ႏွစ္အ႐ြယ္ အန္လန္ဟာ ရိုးရွင္းတဲ့ နည္းလမ္းေလးေတြနဲ႕ပဲ (၁၈) လအတြင္း ေဒၚလာ ၂၀,၀၀၀ (ျမန္မာက်ပ္ေငြ သိန္း ၁၅၀ ေက်ာ္)အထိ စုၿပီး မိသားစုနဲ႕ သူငယ္ခ်င္းေတြကို အံ့အားသင့္သြားေစခဲ့ပါတယ္။

သူမကို အိုင္ဒီယာ ရေစခဲ့တာကေတာ့ (၂၀၁၅) ခုႏွစ္တုန္းက $1,000 Project စာအုပ္ကို ေရးသားခဲ့တဲ့ Canna Campbell ဆိုတဲ့ ေငြေၾကးပညာရွင္တစ္ဦးျဖစ္ပါတယ္။

Campbell က ေငြေတြ အမ်ားႀကီးပြားလာေစဖို႔ ေဒၚလာ (၁,၀၀၀) စီ ခြဲၿပီး စီမံခဲ့တာကို ၾကည့္ကာ အန္လန္က ေဒၚလာ (၁၀၀) စီခြဲၿပီး စစုခဲ့ပါတယ္။

ကြၽန္မရဲ႕ ပုံမွန္အလုပ္အျပင္ ကေလးထိန္းအလုပ္နဲ႕ စာသင္ေပးတဲ့အလုပ္ေတြလိုမ်ိဳး အပိုဝင္ေငြရမယ့္ အလုပ္ေတြကို လုပ္ခဲ့ပါတယ္ လို႔ အန္လန္က ဆိုပါတယ္။ အန္လန္က ကေလးထိန္းအလုပ္ကို တစ္နာရီ (၁၅) ေဒၚလာ ယူၿပီး စာသင္ေပးတာအတြက္ကိုေတာ့ တစ္နာရီ ေဒၚလာ (၃၀) ယူပါတယ္။

အခ်ိန္ကုန္သက္သာေစဖို႔ကိုလည္း တပည့္ေတြအကုန္လုံးကို ရက္တူတူ အခ်ိန္ေပးပါတယ္။ ဒီလို အလုပ္ေတြအျပင္ ဆယ္ေက်ာ္ သက္ဟာ သူမ အိတ္ထဲ ေရာက္လာသမွ် အေႂကြေစ့ေတြအကုန္လုံးကို စုဘူးထဲ ထည့္ပါတယ္တဲ့။ သူမ ပိုက္ဆံအိတ္ထဲက အေႂကြေစ့ေတြကို တစ္ပတ္တစ္ခါ ရွင္းၿပီး ပုလင္းထဲမွာ စုပါတယ္။

ဒါ့အျပင္ အန္လန္ဟာ အပိုသုံးစရိတ္ေတြကို ေလွ်ာ့ခ်ခဲ့ပါတယ္။ မလိုေတာ့တဲ့ ပစၥည္းေတြကို ေရာင္းထုတ္ၿပီး အျပင္မွာ ထြက္စားစရိတ္ သက္သာေအာင္ အိမ္မွာပဲ ျပင္ဆင္ခ်က္ျပဳတ္စားပါတယ္။

ေရွာပင္းထြက္ရာမွာလည္း ခဏခဏ မဝယ္ေတာ့ဘဲ တန္ဖိုးႀကီးတာ တစ္ခုခုကို ႏွစ္သက္မွ တစ္ခါတစ္ေလ ဝယ္ပါေတာ့တယ္တဲ့။ ဒီလိုနဲ႕ သူမဟာ (၁၈) လအတြင္း ေဒၚလာ (၂၀,၀၀၀) စုမိနိုင္ခဲ့ၿပီး ဂ်ပန္ကိုေတာင္ သူငယ္ခ်င္းနဲ႕အတူ ခရီးထြက္နိုင္ခဲ့ပါေသးတယ္။

သင့္ဆီမွာ ပိုက္ဆံစုတာ အက်င့္ျဖစ္သြားၿပီဆိုရင္ လြယ္သြားပါၿပီ။ အေလ့အက်င့္တစ္ခုလိုျဖစ္သြားရင္ ပိုက္ဆံစုမိဖို႔ သင္ အရမ္းႀကီး ႀကိဳးစားစရာ မလိုေတာ့ပါဘူး လို႔ အန္လန္က ေျပာျပပါတယ္။

သူမဟာ ေရွ႕ေလွ်ာက္လည္း အလုပ္ႀကိဳးစားလုပ္ကာ ေငြဆက္စုသြားမွာ ျဖစ္ၿပီး မၾကာခင္ အိမ္တစ္လုံးပိုင္ဆိုင္နိုင္ေအာင္ ႀကိဳးစားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အနာဂတ္မွာ ရင္းႏွီးျမႇုပ္ႏွံမႈေတြလည္း ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အတုယူဖြယ္ ဆယ္ေက်ာ္သက္ေလး တစ္ေယာက္ပါပဲ..။