မီးပူတိုက်ဖို့မီးပူတိုက်ဖို့ အဆင်မပြေတဲ့အခါ အပြင်သွားဖို့ရှိလာရင် အရမ်းကို အခက်တွေ့ပါတယ်။ တွန့်ကြေနေတဲ့အင်္ကျီနဲ့ အပြင်မသွားချင်ဘူး ဆိုရင်တော့မီးပူတိုက်စရာမလိုဘဲ အင်္ကျီတွေကို ပြန့်ပြူးသွားစေမယ့် နည်းလမ်းလေးတွေကိုဖော်ပြပေးပါမယ်နော်။
နည်းလမ်း ၁
ဖျန်းလို့ရတဲ့ ဘူးတစ်ခုထဲမှာ ရေအေး ၅၀၀ မီလီလီတာ၊ ချည်သားနူးညံ့စေတဲ့ဆေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း သို့မဟုတ် ၂ ဇွန်းထည့်ပြီး လှုပ်ခါလိုက်ပါ။
လှုပ်ခါပြီးတဲ့အခါ တွန့်ကြေနေတဲ့ အင်္ကျီတွေပေါ်မှာ ဖြန်းလိုက်ပြီး လက်နဲ့ ဆန့်ဆွဲလိုက်ပါ။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့အခါ
အင်္ကျီတွေပေါ်မှာ တွန့်ကြေနေတာတွေ ပျောက်သွားမှာပါ။ ဒီနည်းလမ်းက ချည်သားအင်္ကျီတွေက ပိုးသားလိုပါ နူးညံသွားစေပါတယ်။
နည်းလမ်း ၂
ဖျန်းဘူးထဲမှာ ရေထည့်ပြီး တွန့်ကြေနေတဲ့ အဝတ်အစားတွေကို ဖျန်းလိုက်ပါ။ အဲဒီနောက် အဝတ်အစားတွေကို လက်နဲ့ ပွတ်တိုက်ပြီး ဖြန့်လိုက်ပါ။
ပြီးရင် အဝတ်အစားတွေကို ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံပါ။ ချည်သားဆိုရင် လေကို အပူပေးပြီး မှုတ်လို့ရပါတယ်။ နူးညံ့တဲ့ပိုးသားလို ဆိုရင်တော့ လေအေးနဲ့ မှုတ်ပါ။
နည်းလမ်း ၃
နောက်တစ်နည်းကတော့ ဆံပင်ဖြောင့်စက်နဲ့ပါ။ တွ့န်ကြေနေတဲ့ အဝတ်အစားတွေပေါ်ကို ရေအနည်းငယ် တို့ထားလိုက်ပါ။
ပြီးရင် ဆံပင်ဖြောင့်စက်ကို အပူအနည်းငယ်ပေးပြီး အဝတ်အစားတွေပေါ်မှာ ဖြည်းဖြည်းချင်း မီးပူတိုက်သလို တိုက်လိုက်ပါ။
ဆံပင်ဖြောင့်စက်က အပူချိန်မြင့်သွားတတ်တာကြောင့် အဝတ်အစားတွန့်ရာခေါက်ရာတွေကို ခဏအတွင်း ပြေသွားစေပါတယ်။
ဒါပေမယ့် ပါးလွှာတဲ့ချည်သားတွေဆိုရင်တော့ အဝတ်အစားတွေ မီးကျွမ်းသွားနိုင်ပါတယ်။
နည်းလမ်း ၄
အဝတ်အစားတွေတွန့်ခေါက်နေရင် ရေပူနဲ့ ခဏစိမ်ထားလိုက်ပါ။ ပြီးရင်အဝတ်လှမ်းတဲ့ချိတ်နဲ့ ချိတ်ထားလိုက်ပါ။
၁၅ မိနစ်လောက်ထားပြီးရင်တော့ ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံပေးပါ။ လီနင်နဲ့ချုပ်ထားတဲ့အဝတ်အစားဆိုရင်တော့ အချိန်ပိုကြာတတ်ပါတယ်။
နည်းလမ်း ၅
လျှော်ပြီးသားအဝတ်အစားတွေကို လေပူမှုတ်ပေးပြီး ဖွရင်းခြောက်သွေ့စေတဲ့ လှိမ့်သွေ့စက် သင့်မှာရှိရင်တော့ အဲဒီစက်ထဲကို တွန့်ကြေနေတဲ့ အဝတ်အစားတွေ ထည့်လိုက်ပါ။
ပြီးရင် ရေခဲတုံးနှစ်တုံးထပ်ထည့်ပြီး အပူချိန်မြင့်မြင့်နဲ့ ၁၀မိနစ်ကြာအောင် အခြောက်ခံလိုက်ပါ။ရေခဲတုံးလေးတွေ အရည်ပျော်သွားရင် ရေနွေးငွေ့တွေထွက်လာပြီး အင်္ကျီမှာ တွန့်ကြေတာတွေ ပျောက်သွားပါတယ်။
ဒါပေမယ့် လှိမ့်သွေ့စက်ကို အသုံးမပြုခင်မှာ သင့်ရဲ့အင်္ကျီက လှိမ့်သွေံစက်ထဲကို အပူချိန်မြင့်မြင့်နဲ့ ထည့်လို့ရလားဆိုတာကို အညွှန်းမှာ အရင်ဖတ်သင့်ပါတယ်။
နည်းလမ်း ၆
ပိတ်စတစ်ခုကို ရေစိုအောင် စွတ်ပြီး ရေတွေပြောင်အောင် ညှစ်လိုက်ပါ။ အဲဒီနောက် တွန့်ကြေတဲ့အဝတ်အစားပေါ်မှာ ရေစွတ်ထားတဲ့ပိတ်စကို မိနစ် ၃၀ ခန့်တင်ထားပါ။
ပြီးရင် အဝတ်ကို ခါလိုက်ပါ။ ၁၅ မိနစ်ခန့်ခြောက်သွေ့အောင် လှန်းထားပြီးရင်တော့ အင်္ကျီပေါ်က တွန့်ခေါက်ရာတွေ ပျောက်သွားပါပြီ။
နည်းလမ်း ၇
မီးပူတိုက်လို့မရတဲ့ နေရာတွေမှာ ရေနွေးအိုးထဲကို ရေနွေးထည့်ပြီး မီးပူတိုက်သလို တိုက်နိုင်ပါတယ်။ ဒါမှမဟုတ် အဝတ်အစားတွေကိုဆူနေတဲ့ ရေနွေးအိုးနားကို ယူသွားလို့လည်း ရပါတယ်။ ရေနွေးငွေ့တွေကလည်း အင်္ကျီက တွန့်ကြေနေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
နည်းလမ်း ၈
အဝတ်အစား အခြောက်ခံစက်ထဲမှာ အဝတ်အစားတွေနဲ့အတူ ရေခဲတုံးလေးအနည်းငယ် ထည့်ပါ။ အခြောက်ခံစက်ကို အပူချိန်အနည်းငယ်မြင့်ထားပါ။
၅ မိနစ်ခန့် ကြာပြီးရင်တော့ ရေခဲတုံးလေးတွေ ပျော်သွားပြီး အဝတ်အစားတွေကလည်း စိုထိုင်းထိုင်း ဖြစ်သွားပါပြီ။
ဒီနည်းကတော့ မီးပူတိုက်သလောက်တော့ မထိရောက်ပါဘူး။ ဒါပေမယ့် အဝတ်အစားမှာ တွန့်ကြေတာတွေတော့ ပျောက်သွားပါတယ်။
Credit