အင်္ဂလန်နိူင်ငံ၏ဆောင်းရာသီတွင် ကြီးကျယ်သောကုန်စည်ပြပွဲကျင်းပရာ ကမ္ဘာအနှံ့မှလူ ၆ သန်းခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။၈၅၁ခုနှစ်တွင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံးပေါ်တီထွင်မှုများကိုပြသထားသည်။
အမေရိကန်နိုင်ငံသားများအတွက် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ ရက် ၂၀ခန့်ကြာမည့်ခရီးစဉ်ကို ရေနွေးငွေ့ သင်္ဘောများဖြင့် အကြိုအပို့လုပ်ပေးသည်။
အမေရိကန်သို့သွားသည့် သင်္ဘောများပေါ်တွင် ရွှေ့ပြောင်းအခြေချသူများနှင့်ဆင်းရဲနွမ်းပါးသူများ အများဆုံးလိုက်ပါလေ့ရှိသည်။
အင်္ဂလန်မှအမေရိကသို့ သွားသောရေနွေးငွေ့ သင်္ဘောများပေါ်တွင် အသက် ၅၀အရွယ်ရှိ ကျောင်းဆရာဟောင်း ဂေးလ်ဘော်ဒန် ဆိုသူလည်းလိုက်ပါလာသည်။
ခရီးစဉ်အစပိုင်းတွင် အခြေအနေကောင်းသော်လည်း နောက်ပိုင်းတွင် သင်္ဘောပေါ်မှကလေးငယ် အများးအပြား နေထိုင်မကောင်းဖြစ်လာသည်။
ခေါင်းမူး၍အန်ကြသည်။အစားလည်း မစားနိုင်တော့ချေ။ထိုလက္ခဏာများပေါ်ပြီး မကြာမှီတွင် ကလေးတစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားသည်။
သင်္ဘောပေါ်တွင်ဆရာဝန်မပါရှိချေ။ဂေးလ်ဘော်ဒန် သည်ဆရာဝန်မဟုတ်သော်လည်း ကလေးများ သေဆုံးနေသည့်ပြဿနာအရင်းအမြစ်ကို ရှာဖွေခဲ့သည်။ဂေးလ်သည် ကေလးငယ်များရဲ့ တူညီသည့်အချက်ကိုစတင်လေ့လာခဲ့သည်။
မကြာမီအကြောင်းရင်း တစ်ခုကို သတိထားမိခဲ့သည်။ကလေးများသေသည့် နေ့က သူတို့အားလုံးလတ်ဆတ်သည့် နွားနို့ သောက်ခဲ့ကြသည်။
ထိုခေတ်အခါက သင်္ဘောပေါ်တွင် နွားနို့ကိုသယ်ယူလာလျှင် ရေရှည်မခံသဖြင့် နွားမများကို သင်္ဘောများပေါ် တင်ဆောင်လာလေ့ရှိသည်။
သို့မှသာလတ်ဆတ်သည့် နွားနို့ရမည်ဖြစ်သည်။ဂေးလ် သည် နွားများ ထားသည့်နေရာသို့သွားရောက်ကြည့်ရှုရာ နွားများ နေမကောင်းဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။
နွားတွင်ဖြစ်သောရောဂါသည် နို့မှတဆင့် ကလေးများထံ ရောက်သွားသည်ဟု ဂေးလ်ကယူဆခဲ့သည်။ဂေးလ်သည် နွားနို့ကြောင့် ကလေးများ အန်လိုက်၊ဖျားလိုက်၊ သေဆုံးလိုက် ဖြစ်နေသည်ကိုကြည့်၍ယူကြုံးမရဖြစ်နေသည်။
နယူးယောက်သို့ရောက်သောအခါ ဂေးလ် သည်နွားနို့ကို ဘေးကင်းအောင် ထားနိူင်မည့် နည်းကိုရှာဖွေတော့သည်။အဖြေမရမခြင်းမနားခဲ့ချေ။ဂေးလ်သည် လေလုံဒယ်အိုးကို သုံး၍ နွားနို့ကိုမီးအေးအေးဖြင့် ကျိုသည်။
ရလဒ်မှာပျစ်ခဲနေသောနို့ကိုရသည်။သူ့အကြံမှာနို့ပျစ်အား အောက်ဆီဂျင် မကိန်းအောင်းစေရန်ဖြစ်သည်။အောက်ဆီဂျင်သည် နို့ကိုပိုပျစ်စေသည်။ညစ်ပတ်အောင်လည်းလုပ်နိူင်သည်။
ဂေးလ်သည်ပျစ်ခဲနေသော နို့ကို သကြားထည့်၍ဗူးတစ်ခုအတွင်း ထည့်ကာ ရက်သတ္တပတ်ခန့်မျှထားလိုက်သည်။
တစ်ပတ်ခန့်ကြာသောအခါဗူးကိုဖွင့်၍ စမ်းကြည့်လိုက်ရာ နို့သည်အရောင်နှင့်အရသာပါ မပြောင်းလဲသလိုဆိုးကျိုးလည်းမရှိသည်ကိုတွေ့လိုက်ရသည်။
ဂေးလ်သည်သူ၏တီထွင်မှု အောင်မြင်သည်ကိုသိလိုက်ရသဖြင့် နွားနို့ကို ဘေးကင်းအောင်ထားနိူင်သွားသည်။သူတီထွင်ခဲ့သောအရာကိုနို့ဆီဟုအမည်ပေးခဲ့သည်။
နှစ်အနည်းငယ်အကြာတွင်ဖြစ်ပွားသော ပြည်တွင်းစစ်တွင်မြောက်ပိုင်းတပ်ဖွဲ့သည် ဂေးလ်ထံမှနို့ဆီအများအပြား ဝယ်ယူကာရှေ့တန်းသို့ပို့ခဲ့သည်။
စစ်သားများသည်အိမ်ပြန်ရောက်သည့်အခါ ငါတို့နို့ဆီသောက်ခဲ့တာဟုပြန်ပြောကြလေ့ရှိသည်။
ဂေးလ်ဘော်ဒန်၏နို့ဆီသည် နာမည်ကြီးသွားသည်။သင်္ဘောများသည်လည်း နွားများတင်၍ခရီးထွက်ရန်မလိုတော့ချေ ။ ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။
Credit မူရင်းရေးသားသူအားလေးစားစွာဖြင့်