သဲကန္တာရကြီးထဲက မြေအောက်မှာတည်ထားတဲ့ကူဘာပီးဒီမြို့ လေးအကြောင်း

သာမန်လူတွေယုံနိုင်မလားတော့မသိပေမယ့် ကမ္ဘာမြေကြီးရဲ့ အောက်ကို နက်နက်တူးပြီး မြေအောက်မှာ နေထိုင်ကြတဲ့ ကူဘာပီးဒီး မြို့မှာ ပြင်ပလောကမှာ တကယ်ရှိလို့နေပါတယ်။

၎င်းမြို့ကတော့ သြစတြေးလျ နိုင်ငံ တောင်ပိုင်းမှာတည်ရှိပြီး ၎င်းမြို့ဟာ ကမ္ဘာမြေကြီးရဲ့ အောက် ပေတော်တော်နက်နက်မှာ တည်ထားတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်။

၎င်း ကူဘာပီးဒီမြို့ရှိတဲ့နေရာဟာ ကန္တာရကြီး ဖြစ်တဲ့အပြင် နွေရာသီမှာဆိုရင် ကျောက်တုံးပေါ်မှာ ကြက်ဥကြော်လို့ရတဲ့ အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်ထိရှိနေတာပဲဖြစ်ပါတယ်။

သို့ပေမယ့် မြေအောက်မှာဆိုရင်တော့ အပူချိန်ဟာ၂၅ ဒီဂရီစင်တီဂိတ်ပဲရှိသလို မြေကြီးပေါ်မှာနွေ ၊မြေအောက်မှာဆောင်းဖြစ်နေတာကြောင့်ဒေသခံတွေဟာ မြေ အောက်ကတူးထားတဲ့ လိုဏ်းခေါင်းတွေထဲမှာပဲ နေလာကြရာကနေ နောက်ပိုင်းမှာ အိမ်တွေဆောက်ပြီး နေထိုင်လာကြတာဖြစ်ပါတယ်။

သို့ပေမယ့် မြေကြီးအောက်က အိမ်တွေဆိုပြီး အထင်သွားသေးလို့မရပါဘူး သူတို့အိမ်တွေဟာ ဘယ်လောက်သေသပ်လှပနေလဲဆိုတာယခုပရိသတ်တွေမြင့်တွေ့ နေရတဲ့ ပုံတွေထဲက အတိုင်းပါပဲ။

ဒါ့အပြင် ၎င်းမြို့မှာဆိုရင် မြေပေါ်ကမြို့တွေလိုပဲ ဟိုတယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ရုပ်ရှင်ရုံတွေ ၊ ဘုရားကျောင်းတွေ ၊ဆံပင်ညှပ်ဆိုင်တွေနဲ့ ရေကူးကန်တွေပါ စုံစုံလင်လင်ရှိလို့နေပါသေးတယ်။

၎င်းမြို့ဟာ နေမရှိ လမရှိ ၊ ကောင်းကင်မရှိ ၊ စမ်းချောင်းမရှိ ၊ တောအုပ်တွေမရှိ ၊ ကျေးငှက်ကလေးတွေမရှိတဲ့မြို့တစ်မြို့ဆိုပေမယ့်အမြဲတမ်းလိုလို အေးအေးချမ်းချမ်းရှိလှပြီး နေထိုင်ချင်စရာကောင်းလှတဲ့ မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။

ပရိသတ်တွေရော ကမ္ဘာမြေကြီးရဲ့ အောက်ဘက် ပေတော်တော်များများ အနက်မှာ တည်ထားတဲ့ ဒီမြို့လေးမှာ မနေချင်ကြဘူးလား။

crd,မူရင်း

Zawgyi
သာမန္လူေတြယုံနိုင္မလားေတာ့မသိေပမယ့္ ကမၻာေျမႀကီးရဲ႕ ေအာက္ကို နက္နက္တူးၿပီး ေျမေအာက္မွာ ေနထိုင္ၾကတဲ့ ကူဘာပီးဒီး ၿမိဳ႕မွာ ျပင္ပေလာကမွာ တကယ္ရွိလို႔ေနပါတယ္။

၎ၿမိဳ႕ကေတာ့ ၾသစေၾတးလ် နိုင္ငံ ေတာင္ပိုင္းမွာတည္ရွိၿပီး ၎ၿမိဳ႕ဟာ ကမၻာေျမႀကီးရဲ႕ ေအာက္ ေပေတာ္ေတာ္နက္နက္မွာ တည္ထားတဲ့ၿမိဳ႕တစ္ၿမိဳ႕ပဲျဖစ္ပါတယ္။

၎ ကူဘာပီးဒီၿမိဳ႕ရွိတဲ့ေနရာဟာ ကႏၱာရႀကီး ျဖစ္တဲ့အျပင္ ႏြေရာသီမွာဆိုရင္ ေက်ာက္တုံးေပၚမွာ ၾကက္ဥေၾကာ္လို႔ရတဲ့ အပူခ်ိန္ ၅၀ ဒီဂရီ စင္တီဂရိတ္ထိရွိေနတာပဲျဖစ္ပါတယ္။

သို႔ေပမယ့္ ေျမေအာက္မွာဆိုရင္ေတာ့ အပူခ်ိန္ဟာ၂၅ ဒီဂရီစင္တီဂိတ္ပဲရွိသလို ေျမႀကီးေပၚမွာႏြေ ၊ေျမေအာက္မွာေဆာင္းျဖစ္ေနတာေၾကာင့္ေဒသခံေတြဟာ ေျမ ေအာက္ကတူးထားတဲ့ လိုဏ္းေခါင္းေတြထဲမွာပဲ ေနလာၾကရာကေန ေနာက္ပိုင္းမွာ အိမ္ေတြေဆာက္ၿပီး ေနထိုင္လာၾကတာျဖစ္ပါတယ္။

သို႔ေပမယ့္ ေျမႀကီးေအာက္က အိမ္ေတြဆိုၿပီး အထင္သြားေသးလို႔မရပါဘူး သူတို႔အိမ္ေတြဟာ ဘယ္ေလာက္ေသသပ္လွပေနလဲဆိုတာယခုပရိသတ္ေတြျမင့္ေတြ႕ ေနရတဲ့ ပုံေတြထဲက အတိုင္းပါပဲ။

ဒါ့အျပင္ ၎ၿမိဳ႕မွာဆိုရင္ ေျမေပၚကၿမိဳ႕ေတြလိုပဲ ဟိုတယ္ေတြ ၊ စားေသာက္ဆိုင္ေတြ ၊ ႐ုပ္ရွင္႐ုံေတြ ၊ ဘုရားေက်ာင္းေတြ ၊ဆံပင္ညွပ္ဆိုင္ေတြနဲ႕ ေရကူးကန္ေတြပါ စုံစုံလင္လင္ရွိလို႔ေနပါေသးတယ္။

၎ၿမိဳ႕ဟာ ေနမရွိ လမရွိ ၊ ေကာင္းကင္မရွိ ၊ စမ္းေခ်ာင္းမရွိ ၊ ေတာအုပ္ေတြမရွိ ၊ ေက်းငွက္ကေလးေတြမရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ဆိုေပမယ့္အၿမဲတမ္းလိုလို ေအးေအးခ်မ္းခ်မ္းရွိလွၿပီး ေနထိုင္ခ်င္စရာေကာင္းလွတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ပဲျဖစ္ပါတယ္။

ပရိသတ္ေတြေရာ ကမၻာေျမႀကီးရဲ႕ ေအာက္ဘက္ ေပေတာ္ေတာ္မ်ားမ်ား အနက္မွာ တည္ထားတဲ့ ဒီၿမိဳ႕ေလးမွာ မေနခ်င္ၾကဘူးလား။

crd,မူရင္း