လွန်ခဲ့သောနှစ်ပေါင်း ၆၀ က အာရှတွင် ပထမဆုံးအဖြစ် BSA မော်တော်ဆိုင်ကယ်ဖြင့် မြန်မာနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ မိုင်ပေါင်း ငါးသောင်းကျော် တစ်နှစ်ကြာ စွန့်စားခရီးသွားကမ္ဘာပတ်ခဲ့ပြီး
မြန်မာနိိုင်ငံ၏ ဂုဏ်ကို မြှင်တင်ခဲ့သော ကမ္ဘာလှည့် တင်တင်စိန်သည် ဇူလိုင်လ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် သီလရှင်ဘဝဖြင့် တိမ်းပါးကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
R.I.P ပါ အဘွား ကမ္ဘာလှည့်ဒေါ်တင်တင်စိန််
ဆိိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ့ပထမဆုံးအမျိုးသမီး အဘွားဒေါ်တင်တင်စိန် ဆုံးသွားပါပြီတဲ့။ ဒီနိုင်ငံမှာ ကိုယ်အတွေ့ချင်ဆုံး idol ဟာ အဘွားဒေါ်တင်တင်စိန်ပါပဲ။
အဘွားနေထိိုင်ရာ ပုဂံမြို့သစ်ကိုသွားပြီး ဂါရဝပြုချင်ပေမယ့် အဘွားကျန်းမာရေးအခြေအနေအရ ဧည့်တွေ့လက်ခံဖို့အဆင်မပြေလို့ မတွေ့ခဲ့ရပါဘူး။ အခု အဘွားဆုံးပြီဆိုတော့ ဒီစာစုနဲ့ပဲ ရည်မှန်းကန်တော့လိုက်ပါတယ်။
အဘွားဒေါ်တင်တင်စိိန်ဟာ အာရှမှာရော မြန်မာနိိုင်ငံမှာပါ ပထမဆုံး၊ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့တဲ့အမျိုးသမီးပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)ကျော်က အဘွားဒေါ်တင်တင်စိန်နဲ့ ခင်ပွန်းဖြစ်သူ သစ်တောအရေးပိုင် ဦးဘတုတ်တို့ဟာ ဒုတိယကမ္ဘာစစ်လက်ကျန် BSA ဆိုင်ကယ်နဲ့ နှစ်ယောက်သား တစ်နှစ်နီးပါးလောက် ကမ္ဘာပတ်ခဲ့ကြပါတယ်။
၁၉၅၅-၁၉၅၆ခုနှစ် ဇနီးမောင်နှံနှစ်ယောက် နိုင်ငံ (၃၀)ကျော် မိုင်ပေါင်း (၅၀၀၀၀)ကျော်် တစ်နှစ်နီးပါးသူတို့ခရီးစဉ်ဟာ စွန့်စားခန်းအပြည့်ပါပဲ။
ဒီအကြောင်းတွေကို အဘွားကိုယ်တိုင်ရေးခဲ့တဲ့ အာရှပထမဆုံး မြန်မာပြည်မှ မော်တော်ဆိုင်ကယ်ဖြင့် စွန့်စားခရီးသွားနှစ်ဦးဆိုတဲ့ စာအုပ်မှာ ဖတ်ရှုနိုင်တာမို့ အများကြီးမပြောတော့ပါဘူး။
သူတို့ခရီးစဉ်အတွင်း ဥရောပတစ်ခွင်ကနိိုင်ငံတွေ၊ ဗြိတိိန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျာမဦ၊ နော်ဝေနိုင်ငံတွေအပြင် အက်စကီးမိုးစ်တွေနဲ့အတူ ရေခဲအိမ်လေးထဲ တစ်ညပါအိပ်ခဲ့ဖူးသေးသတဲ့။
လူရိိုင်းတွေကြား အသက်အန္တရာယ်ကြုံခဲ့တာတွေ၊ လမ်းစရိတ် ပိုက်ဆံပြတ်သွားတာတွေ၊ ဆိုင်ကယ်ချို့ယွင်းတာတွေ၊ လမ်းမှားတာတွေလည်း သူတို့ခရီးစဉ်အတွင်းကြုံခဲ့ရပါသတဲ့သရက်မြို့ဇာတိိ ဖြစ်တဲ့ အဘွားဒေါ်တင်တင်စိန်ဟာ အထက်တန်းကို အမှတ်ကောင်းကောင်း၊ ဂုဏ်ထူးတွေနဲ့အောင်ခဲ့ပြီး သရက်မြို့အလှမယ်ဘွဲ့လည်းရရှိခဲ့သူဖြစ်ပါတယ်။
ပညာရေးရော ရုပ်ရည်ရော ပြည့်စုံတဲ့ အဘွားဟာ အပျော်တမ်းဓာတ်ပုံတွေရိိုက်လေ့ရှိသူ သစ်တောဝန်ထောက် ဦးဘတုတ်နဲ့ အကြောင်းပါခဲ့တယ်။
အိိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်ရမှ သမီးကို သူတို့မိဘတွေဆီခဏပြန်အပ်ပြီး လင်မယားနှစ်ယောက်သား တစ်နှစ်တာ ကမ္ဘာပတ်ကြသတဲ့လေ။
အဘွားတို့ဇနီးမောင်နှံက အစတုန်းကတော့ မြန်မာပြည်ပဲပတ်ဖို့စီစဉ်ရာက ကမ္ဘာပါပတ်ဖြစ်သွားသတဲ့။ သူတိို့ခရီးစဉ်ဟာ ကမ္ဘာ့မီဒီယာတွေက အသိအမှတ်ပြုရတဲ့ခရီးစဉ်လည်းဖြစ်ခဲ့ပါတယ်။
၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့အဘွားဟာ ကွယ်လွန်ချိန် ၂၀၂၀ မှာတော့ အသက် (၈၃)နှစ်ရှိိခဲ့ပါပြီ။
အဘွားကွယ်လွန်သွားပေမယ့် အဘွားရဲ့ စွန့်စားခန်းတွေ၊ အာဂသတ္တိတွေ၊ ခရီးစဉ်အတွေ့အကြုံတွေက သမိုင်းတွင်ကျန်ရစ်ခဲ့ဦးမှာပါ။
အဘွားမကွယ်လွွန်မီ သီလရှင်် ဆရာလေးဒေါ်ဓမ္မနန္ဒအဖြစ် တရားအားထုတ်ခဲ့တာတွေ၊ အဘွားပိုင်တဲ့ ဟိုတယ်ပါရောင်းချပြီး သာသနာပြုလုပ်ငန်းတွေအတွက်လှူဒါန်းခဲ့တာတွေ၊
တိိုင်းပြည်အကျိုးပြုလုပ်ငန်း၊ပညာရေး၊ ဘာသာရေးတွေအတွက် ကိုယ်တိုင်ပါဝင်ခဲ့တာတွေ၊ ကွယ်လွန်ပြီး ရုပ်ကလာပ်ကို ဆေးပညာလေ့လာရေးအတွက် လှူဒါန်းခဲ့တာတွေကြောင့် ကောင်းမွန်ရာရောက်မယ်ဆိုတာ ယုံကြည်ပါတယ်
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်