အော်တိုဂီယာ ကားကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထားသင့်ပါတယ်။ ညာဘက် ခြေထောက်တစ်ဖက်တည်းနဲ့ပဲ လီဘာ (Acce- lerator Pedal) နဲ့ ဘရိတ် (Brake Pedal) ကို အသုံးပြုသင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လီဘာမှာ KD (Kick Down Switch) လို့ခေါ်တဲ့ ဂီယာအချိန်းအပြောင်းကို အင်ဂျင်အပတ်ရေ (RPM) နဲ့ ထိန်းချုပ်ထားပြီးဘရိတ်မှာတော့ STP (Stop Light Switch) ရှိနေပါတယ်။
KD မီးကြိုးရော၊ STP မီးကြိုးရော၊ ECU(Engine Control Unit)၊ ECM (Engine Control Module) Box လို့ခေါ်တဲ့ အင်ဂျင်ကွန်ထရိုးဘောက်ထဲကို ဝင်ပါတယ်။
KD မီးရဲ့အလုပ်လုပ်ပုံက လီဘာနင်းချိန် အင်ဂျင်အပတ်ရေပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု၊ အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်းလုပ်ပေးပါတယ်။
STP ကတော့ ဘရိတ်နည်းနည်း နင်းလိုက်လို့ ECU ထဲကို မီးဝင်သွားတာနဲ့ အင်ဂျင်အပတ် ရေ တစ်ထောင်အောက်အထိ ဆီဖြတ်ပစ်ပါတယ်။ ထပ်နင်းလိုက်ရင် Speed Meter ရဲ့ တွက်ချက်မှုအရ ဂီယာကို ဒေါင်းပေးပါတယ်။
နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက Automatic Transmission Lock Up Torque Converter လုပ်ပြီး ကားရဲ့ မောင်းနှင်နေတဲ့ အော်တိုဂီယာစနစ်ကို အမြန်ဆုံး ရပ်ပစ်တာပါ။ အရှိန်ကိုလိုက်ပြီး ဂီယာကို လိုရင်လို သလို တစ်ချက်ချင်းဒေါင်းပေးပြီး အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိ အမြန်တစ်ခါတည်း ဒေါင်းပေး ပါတယ်။
အခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ Two Step Break Switch တွေကို သုံးပါတယ်။ ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က လီဘာနင်းနေရင် ကားရဲ့ အင်ဂျင်ထိန်းချုပ်မှုစနစ် အော်တိုဂီယာထိန်းချုပ်မှုစနစ်တွေ ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်ဂျင်ပါနာပြီး ပျက်တတ်ပါတယ်။
အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက် တင်ဖို့ကို ဘရိတ်ဘယ်ဘက် အစွန်မှာထားပေးတတ်ပါတယ်။ ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် ညာဘက်ခြေထောက် တစ်ချောင်းတည်းနဲ့ပဲ မောင်းနှင်ရမယ်လို့ ကားကုမ္ပဏီတွေကအတိအကျညွှန်ကြားထားပါတယ်။
ဒီနေရာမှာ ပြဿနာရှိတာက မန်နျူရယ်ဂီယာ မောင်းနေရာကနေ အော်တိုဂီယာပြောင်းမောင်းတဲ့ သူတွေအတွက်ပါ။မန်နျူရယ်မောင်းတဲ့ သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မဖြစ်မနေအသုံးပြုရ (ဘယ်ဘက်က ကလပ်နင်းရ)တဲ့ အတွက် အော်တိုဂီယာ မောင်းရင်လည်း ဘယ်ဘက်ကိုသုံးတဲ့အကျင့် ဆွဲကပ်နေတတ်ပါတယ်။
ဒီလိုဆိုရင်ဘယ်ဘက်ကို တတ်နိုင်သမျှ မေ့ထားဖို့လိုပါတယ်။ ညာမောင်းကနေ ဘယ်မောင်းပြောင်းမောင်းရင် တွေ့တတ်တဲ့ အခက်အခဲလိုမျိုးပါပဲ။ ဒီပြဿနာဟာလည်း အော်တိုဂီယာအ မောင်းကြာသွားလို့ မေ့မေ့ဖျောက်ဖျောက်နဲ့ ဘယ်ခြေထောက် မသုံးမိတော့ရင် ပျောက်သွားမယ့် အကျင့်တစ်ခုပါပဲ။
Credit – မူရင်း
Zawgyi
ေအာ္တိုဂီယာ ကားကို ေမာင္းမယ္ဆိုရင္ ဘယ္ဘက္ေျခေထာက္ကို လုံးဝေမ့ထားသင့္ပါတယ္။ ညာဘက္ ေျခေထာက္တစ္ဖက္တည္းနဲ႕ပဲ လီဘာ (Acce- lerator Pedal) နဲ႕ ဘရိတ္ (Brake Pedal) ကို အသုံးျပဳသင့္ပါတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ လီဘာမွာ KD (Kick Down Switch) လို႔ေခၚတဲ့ ဂီယာအခ်ိန္းအေျပာင္းကို အင္ဂ်င္အပတ္ေရ (RPM) နဲ႕ ထိန္းခ်ဳပ္ထားၿပီးဘရိတ္မွာေတာ့ STP (Stop Light Switch) ရွိေနပါတယ္။
KD မီးႀကိဳးေရာ၊ STP မီးႀကိဳးေရာ၊ ECU(Engine Control Unit)၊ ECM (Engine Control Module) Box လို႔ေခၚတဲ့ အင္ဂ်င္ကြန္ထရိုးေဘာက္ထဲကို ဝင္ပါတယ္။
KD မီးရဲ႕အလုပ္လုပ္ပုံက လီဘာနင္းခ်ိန္ အင္ဂ်င္အပတ္ေရျပည့္ရင္ မိုင္ႏႈန္းျပမီတာ (Speed Meter) ရဲ႕ထိန္းခ်ဳပ္မႈ၊ အင္းလက္ေလထိန္းတံခါးဆင္ဆာ (Throttle Position Sensor) ေတြရဲ႕ ထိန္းခ်ဳပ္မႈနဲ႕ လိုသလို ဂီယာအခ်ိန္းအေျပာင္းလုပ္ေပးပါတယ္။
STP ကေတာ့ ဘရိတ္နည္းနည္း နင္းလိုက္လို႔ ECU ထဲကို မီးဝင္သြားတာနဲ႕ အင္ဂ်င္အပတ္ ေရ တစ္ေထာင္ေအာက္အထိ ဆီျဖတ္ပစ္ပါတယ္။ ထပ္နင္းလိုက္ရင္ Speed Meter ရဲ႕ တြက္ခ်က္မႈအရ ဂီယာကို ေဒါင္းေပးပါတယ္။
ေနာက္ထပ္လုပ္ေဆာင္ခ်က္တစ္ခုက Automatic Transmission Lock Up Torque Converter လုပ္ၿပီး ကားရဲ႕ ေမာင္းႏွင္ေနတဲ့ ေအာ္တိုဂီယာစနစ္ကို အျမန္ဆုံး ရပ္ပစ္တာပါ။ အရွိန္ကိုလိုက္ၿပီး ဂီယာကို လိုရင္လို သလို တစ္ခ်က္ခ်င္းေဒါင္းေပးၿပီး အျမန္လိုအပ္ရင္ နံပါတ္ ၁ ဂီယာအထိ အျမန္တစ္ခါတည္း ေဒါင္းေပး ပါတယ္။
အခုေခတ္ေမာ္ဒယ္ျမင့္ကားေတြမွာေတာ့ Two Step Break Switch ေတြကို သုံးပါတယ္။ ဒါေၾကာင့္ ဘယ္ဘက္က ဘရိတ္ေပၚေျခေထာက္တင္ထားၿပီး ညာဘက္က လီဘာနင္းေနရင္ ကားရဲ႕ အင္ဂ်င္ထိန္းခ်ဳပ္မႈစနစ္ ေအာ္တိုဂီယာထိန္းခ်ဳပ္မႈစနစ္ေတြ ရႈပ္ေထြးကုန္ၿပီး ဂီယာေရာ အင္ဂ်င္ပါနာၿပီး ပ်က္တတ္ပါတယ္။
ေအာ္တိုဂီယာကားတိုင္းလိုလို ဘယ္ဘက္ေျခေထာက္ တင္ဖို႔ကို ဘရိတ္ဘယ္ဘက္ အစြန္မွာထားေပးတတ္ပါတယ္။ ဒါေၾကာင့္ ေအာ္တိုဂီယာကားကို ေမာင္းႏွင္ရင္ ညာဘက္ေျခေထာက္ တစ္ေခ်ာင္းတည္းနဲ႕ပဲ ေမာင္းႏွင္ရမယ္လို႔ ကားကုမၸဏီေတြကအတိအက်ၫႊန္ၾကားထားပါတယ္။
ဒီေနရာမွာ ျပႆနာရွိတာက မန္န်ဴရယ္ဂီယာ ေမာင္းေနရာကေန ေအာ္တိုဂီယာေျပာင္းေမာင္းတဲ့ သူေတြအတြက္ပါ။မန္န်ဴရယ္ေမာင္းတဲ့ သူေတြအေနနဲ႕ ဘယ္ေျခေထာက္ကို မျဖစ္မေနအသုံးျပဳရ (ဘယ္ဘက္က ကလပ္နင္းရ)တဲ့ အတြက္ ေအာ္တိုဂီယာ ေမာင္းရင္လည္း ဘယ္ဘက္ကိုသုံးတဲ့အက်င့္ ဆြဲကပ္ေနတတ္ပါတယ္။
ဒီလိုဆိုရင္ဘယ္ဘက္ကို တတ္နိုင္သမွ် ေမ့ထားဖို႔လိုပါတယ္။ ညာေမာင္းကေန ဘယ္ေမာင္းေျပာင္းေမာင္းရင္ ေတြ႕တတ္တဲ့ အခက္အခဲလိုမ်ိဳးပါပဲ။ ဒီျပႆနာဟာလည္း ေအာ္တိုဂီယာအ ေမာင္းၾကာသြားလို႔ ေမ့ေမ့ေဖ်ာက္ေဖ်ာက္နဲ႕ ဘယ္ေျခေထာက္ မသုံးမိေတာ့ရင္ ေပ်ာက္သြားမယ့္ အက်င့္တစ္ခုပါပဲ။
Credit မူရင္း