သင်္ဘောကြီး တစီးလုံးကို ဖျောက်ခဲ့တဲ့ ကမ္ဘာကျော် လျှို့ဝှက်စမ်းသပ်မှု တခုအကြောင်း (ဖြစ်ရပ်မှန်)

အမေရိကန် ပြည်ထောင်စုတပ်မတော်တွင် အသုံးပြုရန် ရည်ရွယ်၍ ထုတ်လုပ်နေသော ကိုယ်ပျောက်ဝတ်စုံသည် အောင်မြင်လုနီးပါး ရှိနေပြီဟု သိရသည်။ တစတစ တိုးတက်လာသော သိပ္ပံနည်းပညာများသည် ယုံကြည့်ရန် ခက်ခဲ လာသည်။

ရေဒီယို၊ တီဗီ၊ ဂြိုဟ်တု၊ မောင်းသူမဲ့လေယာဉ်၊ ကွန်ပျူတာ အစရှိသည့် ခေတ်ပေါ် ကိရိယာများသည် အံ့ဖွယ်များပင် ဖြစ်သည်။ ယင်းကိရိယာများ မပေါ်ခင် ယင်းကိရိယာများ၏ အလုပ်လုပ်ပုံကို ပြောပြလျှင် မည်သူမျှ ယုံမည် မဟုတ်ပေ။

ကမ္ဘာတခြမ်း တနေရာမှ ဖြစ်ပျက်နေသည်တို့ကို ရုပ်ရော အသံရော တပြိုင်နက် ကြားနိုင် မြင်နိုင်ရခြင်းသည် ရှေးယခင် ခေတ်ကဆိုလျှင် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်မှသာလျှင် ဖြစ်နိုင်မည်ဟု ယူဆကြလိမ့်မည်။

ယခု အမေရိကန်ုတို့ စမ်းသပ်နေသော ကိုယ်ပျောက်ကားနှင့် ကိုယ်ပျောက်ဝတ်စုံတို့မှာ ဆန်းသည်ဟု ထင်ရသော်လည်း မဆန်းပါ။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်ကပင် သင်္ဘောကြီးတစီးလုံးကို ပျောက်အောင် ဖြောက်နိုင်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။

၁၉၄၃ – ကမ္ဘာကျော်စမ်းသပ်မှု၏ အစ ဖီလာဒဲဖီးယားစမ်းသပ်မှု

ထူးဆန်းသော ပညာရှင်ကြီး တက်စလာသည် ၁၉၄၃ ခုနှစ်တွင် စမ်းသပ်မှု တခုကို ပြုလုပ်ခဲ့သည်။ ထိုစမ်းသပ်မှုကို အစက လျှို့ဝှက်ပြုလုပ်ခဲ့သော်လည်း စမ်းသပ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများမှ ပေါက်ကြားကကမ္ဘာကျော်ခဲ့သော စမ်းသပ်မှု တခု ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Philadephia Experiment အမည်နှင့်ပင် ရုပ်ရှင်ကား တကား ထွက်ရှိခဲ့သည်။

စမ်းသပ်မှု စပြီ

မူလအစ ၁၉၃၆ ခုနှစ်ပိုင်းကတည်းက ဤစမ်းသပ်မှုကို တိရစ္ဆာန်များဖြင့် စမ်းသပ်နေခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကား ကမ္ဘာကျော် ဖီလာဒဲဖီးယားစမ်းသပ်မှုကို သင်္ဘောသား အစုံအလင်ဖြင့် USS Eldrige သင်္ဘောပေါ်တွင် စမ်းသပ်ခဲ့သည်။ သင်္ဘောသားများကို အသိမပေးဘဲ ရုတ်တရက် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

စမ်းသပ်မှုစတင် လိုက်သည် နှင့် တပြိုင်နက် သင်္ဘောပေါ်တွင် တပ်ဆင်ထားသော ဂျင်နရေတာများ မီးလောင်ကျွမ်းသွားကာ ယင်းနှင့် ဆက်နွယ် နေသော ခလုပ်များ အားလုံး ပျက်စီးသွားခဲ့သည်။

သို့သော် သင်္ဘောကြီးမှာ မြင်ကွင်းမှ ဖြည်းဖြည်းခြင်း ပျောက်ကွယ် သွားတော့သည်။ သင်္ဘောကြီးနှင့် သင်္ဘောပေါ်ရှိ အရာရှိ ရေတပ်ဖွဲ့ဝင်တို့သည် (၄) နာရီကြာမျှ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

အချို့သော ဖော်ပြချက်တို့တွင် အပြာရောင် အလင်းတန်းကြီးများ လျှပ်တပြက်ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။ သင်္ဘောကြီး ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက်
သင်္ဘောကြီးသည် (၃၇၅) မိုင် အကွာအဝေးတွင် တည်ရှိသော ဗာဂျီးနီးယားပြည်နယ်ရှိ နော်ဖော့ (Norfolk) ရေတပ် အခြေစိုက် စခန်းတွင် သွားပေါ်နေသည်။

(၄) နာရီ ကြသော အခါ ဖီလာဒဲဖီးယား စခန်း၌ ပြန်ပေါ်လာသည်။သင်္ဘောပတ်ပတ်လည်တွင် အစိမ်းရောင်မြူခိုးများ ရစ်ဝဲလျက် ရှိနေပြီး သင်္ဘောပေါ်တွင် ပါသွားသော သင်္ဘောသား အချို့လဲ ပျောက်ဆုံးနေခဲ့သည်။ အချို့မှာ သင်္ဘောနံရံတွင် သံမဏိလွှာများနှင့် တွယ်ဆက် နစ်ဝင်နေခဲ့သည်။

အချို့မှာ မီးလောင်ကျွမ်းလျက် ရှိကာ အသက်ရှင်ကျန်သော သင်္ဘောသားတို့မှာလဲ မှတ်ဉာဏ်များ ပျောက်ဆုံးနေကာ မိမိနာမည်ပင် မမှတ်မိတော့ချေ။

ဤစမ်းသပ်မှုအား ဖုံးကွယ်ရန် အမေရိကန်မှ ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် အတွင်းအရာရှိများမှ ပေါက်ကြား လာခဲ့သည်။ ထိုသင်္ဘောသည် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကာ အမှန်တကယ်ပင် ပျောက်ဆုံးသွားခဲ့ပြီး အခြားနေရာသို့ ရောက်ရှိနေခဲ့ပါသလား။

လူများမှာလဲ အဘယ်ကြောင့် မှတ်ဉာဏ် ပျောက်ဆုံးခြင်း အပါအဝင် အခြားဆိုးဝါးသည့် အဖြစ်အပျက် များစွာ အဘယ့်ကြောင့် ဖြစ်ခဲ့ရပါသနည်း။

Tesla သည် လူလော…..ဂြိုဟ်သားလော

တစထက် တစ နာမည်ကြီးလာသော ထိုသတင်းကို အမေရိကန်အစိုးရက မည်သို့မျှ ဖုံးကွယ်၍ မရတော့။ အမေရိကန်သည် မန်ဟက်တန်စီမံကိန်း ခေါ် အနုမြူဗုံးစီမံကိန်းအားတိုးတိုး တိတ်တိတ် စမ်းသပ်ခဲ့ကာဟီရိုရှီးမားနှင့် နာဂါစကီမြို့များပေါ် အမှန်တကယ် ကြဲချလိုက်မှ သာလျှင် တကမ္ဘာလုံးမှ အံ့အားသင့်ခဲ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍လည်း ယုံကြည်နိုင်လောက်သော ထူးဆန်းသည့် သဲလွန်စများ တစ တစ ပေါ်လာတော့သည်။ ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။ မောရစ်ကေ ဂျက်ဆမ်ဆိုသော အပျော်တမ်း နက္ခတ် ပညာရှင်တဦးထံ စာတစောင် ရောက်လာသည်။

စာထဲတွင် ရေးသားသူသည် ထိုစမ်းသပ်မှု၏ မျက်မြင်သက်သေတဦး ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်ကို အနီးနားတွင် ရှိသော SS Andrew Furuseth သင်္ဘောပေါ်မှ အစအဆုံး မြင်တွေ့လိုက်ရကြောင်း ရေးသားထားသည်။

ဂျက်ဆင်က ထိုစမ်းသပ်မှု အား အသေးစိတ် သိလိုကြောင်း စာပြန်ပို့လိုက်သည်။ ပြန်စာမှာ လအတော်ကြာမှ ပြန်ရောက်လာခဲ့သည်။ သူပြန်ပြော သည်မှာ သူ့အနေနှင့် ဂျက်ဆပ်မေးသည်ကို တိုက်ရိုက် ပြန်မပြောနိုင်ကြောင်း မရေမရာ ပြန်လည်ဖြေထားခဲ့သည်။

စာထဲတွင် သူသည် ယခုကမ္ဘာပေါ်တွင် မဟုတ်ဘဲ အခြားဂြိုဟ်တခု၌ နေထိုင်နေပြီ ဖြစ်ကြောင်းလဲ ရေးသားထားသည်။
ဂျက်ဆပ်သည် အလွန်စိတ်အနှောင့်အယှက် ဖြစ်ကာ ယင်းမှာ သူ့အား အနှောင်အယှက်အနေနှင့် ဆက်သွယ်လာသူ တသီးသက်သက်ပင် ဖြစ်သည်ဟု ယူဆကာ အဆက်အသွယ် မလုပ်တော့ပေ။

ဂြိုဟ်သားများလော

ဂျက်ဆပ်သည် ယခင်က ပန်းကန်ပြားပျံများ အလုပ်လုပ်ပုံ အကြောင်း စာတမ်းပြုစုကာ The Case For UFOs အမည်နှင့် စာအုပ်တအုပ် ထုတ်ဝေခဲ့ဖူးသည်။ ၁၉၅၇ ခုနှစ်နွေရာသီတွင် ဖြစ်သည်။

ဂျက်ဆပ်အတွက် အံ့အားသင့်ဖွယ်များ ထပ်ဖြစ် လာသည်။ ဂျက်ဆပ်၏ အလုပ်ဌာနသို့ ပါဆယ်တခု ရောက်လာသည်။ အထုပ်ထဲတွင် သူ၏ ပန်းကန်ပြားပျံ အကြောင်း စာအုပ်ပါကာ ယင်းစာအုပ် စာမျက်နှာတိုင်းတွင် ရှိသော ဖော်ပြချက်များအား အလွန် အဆင့်အတန်းမြင့်လှသော ဝေဖန်ထောက်ပြ ချက်များကို လက်ရေးမူဖြင့် ပြန်လည် ရေးသားထားသည်။

ရေးသားထားသည့် ပုံစံမှာလည်း လူ ၃ယောက် အမြန်အလှန် စကားပြောနေသည့် ပံုံစံရေးသားထားသည်။ လူတယောက် လက်ရေးမှာလည်း Tesla ၏ လက်ရေးနှင့် အလွန်အင်မတန်ပင် ဆင်တူဖြစ်နေသည်ကို နောက်ပိုင်းတွင် တွေ့ရသည်။

ဤကမ္ဘာတွင် မဟုတ်ဘဲ အခြားကမ္ဘာတွင် ရှိနေသည့် ပုံစံဖြင့် လက်ရေးမူ ၃ ခုဖြစ်နေသည်။၎င်းတို့၏ မှတ်ချက်များမှာ အလွန် အဆင့်အတန်းမြင့်လှပြီး ဖီလာဒဲဖီးယား အဖြစ်အပျက်နှင့် ပတ်သက်သော ဝေဖန်မှတ်ချက်ချမှုတို့မှာလည်း ထိုစဉ်က ပေါ်ပေါက်နေသော နည်းပညာများထက် မြင့်မားနေကြောင်း သိသာသည်။

ဂျက်လေယာဉ် concept ကိုသွယ်ဝိုက် ချပြသွားသည်ကိုလဲ နောက်ပိုင်းမှ သိရသည်။ နောက်ဆုံး ၁၉၅၉ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင်ကား ဂျက်ဆပ်သည် ထူးဆန်းစွာပင် အကြောင်း မသိရဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတော့သည်။

ဤစီမံကိန်းကို အမေရိကန် အစိုးရက တာဝန်ခံထားသည်။ မအောင်မြင်ပါ။ သင်္ဘောလည်း ပျောက် မသွားပါဟု ဖြေရှင်းထားသည်။ သို့သော် ဂျက်ဆပ်ထံသို့ ရောက်ရှိလာသော စာများနှင့် ပတ်သက်၍ နှုတ်ပိတ်နေခဲ့ရသည်။

ဘာမှ မပြောနိုင်၊ လက်ရေးမူ ၃ ခုတွင် တခုမှာ တက်စလာ၏ လက်ရေးနှင့် တူနေရသည်မှာလည် အလွန်ထူးဆန်းသော အချက်ဖြစ်သည်။ တက်စ်လာမှာ ၁၉၄၃ ခုနှစ်တွင် သေဆုံးပြီး ဖြစ်သည်။

မှတ်ဉာဏ်များ ပျောက်ကွယ် သွားသော သင်္ဘောသားတို့ှမှာလည်း အမှန်တကယင် ဖြစ်သည်။ ဤစီမံကိန်းသည် မည်သို့သော စီမံကိန်း ဖြစ်သနည်း

ကိုယ်ပျောက်ရန် အချက်

အမေရိကန် စစ်ဖက်ရေးရာများတွင် တာဝန် ထမ်းဆောင်နေသော ဒေါက်တာ ဖရန်ကလင်နိုင်က Unified Field Theory ကို တင်ပြထားသည်။

သီအိုရီကို အကြမ်းအားဖြင့် ပြောသော်ကမ္ဘာ့ဆွဲအား စက်ကွင်းနှင့် လျှပ်စစ် သံလိုက်စက်ကွင်းတို့ တခုနှင့် တခု အံဝင်ခွင်ကျ ပေါင်းစည်းနိုင်အောင် လုပ်နိုင်တဲ့ ကိရိယာကိုသာ ထုတ်နိုင်ခဲ့လျှင် အရာဝတ္ထုတခုကို ခြုံလွှမ်းထားသော အလင်းများကို ယိုင်သွားစေပြီး ယင်းအရာဝတ္ထုသည် မြင်ကွင်းမှ ပျောက်ကွယ်သွားမည် ဖြစ်သည်။

Credit မူရင်းရေးသားသူအားလေးစားစွာဖြင့်