ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင် မက္ခရာမင်းသားကြီးဟာ ဘိုးတော်ဘုရား(ဗဒုံမင်း)နဲ့ ဒုတိယမြောက်နန်းတော်မိဖုရားသီရီမဟာရတနာဒေဝီတို့ရဲ့ သားတော်ဖြစ်တယ်။ ငယ်နာမည်မောင်ဖြိုး ၁၁၅၃ ခုနတ်တော်လ္ဆန်း ၁၅ ရက်နေ့မှာ ဖွားမြင်တော်မူတယ်။
၁၁၅၃ ခုနှစ်မှာ မင်းရဲကျော်စွာ ၁၁၆၄ ခုနှစ်မှာသတိုးမင်းလှကျော်စွာ၊ ၁၁၆၈ ခုနှစ်မှာ မဟာသီရိဓမ္မရာဇာဘွဲ့တွေ ခမည်းတော်ကပေးပါတယ်။ ညီတော်လှိုင်မင်းသား ညီမတော်ကျောက်
ဆည်မြို့၊ မြစ်သားမြို့စားမင်းသမီး(ရွှေနန်းမြင့်)မွေးချင်းသုံးယောက်အနက် ပထမသားတော်ဖြစ်ပါတယ်။
မက္ခရာမြို့အပြင် ဗန့်ကျီတိုက်ကိုလည်း ကံကျွေးခံရပေမဲ့ မက္ခရာမင်းသားလို့ပဲ အမည်တွင်တယ်၊အလောင်းမင်းတရားကြီးနှင့်လည်း ရုပ်ချင်းဆင်တယ်လို့ ဆိုကြပါတယ်။
ငယ်စဉ်က ခမည်းတော်(ဗဒုံမင်း)နဲ့ နောင်တော်အိမ်ရှေမင်းသားတို့ ယိုးဒယား၊ရခိုင်၊ မဏိပူရ၊အာသံစတဲ့ နယ်ချဲတိုက်ပွဲများ အောင်ပွဲဆင်နေတဲ့အခါမှာသူကတော့စစ်ရေးကိုစိတ်မဝင်စား၊ပညာရေးကိုသာအရေးထားခဲ့ပြီး လောကီ လောကုတ္တရာဗဟုသုတ၊ စာပေရေးသားရာကိုသာ လိုက်စားခဲ့တယ်။ ဆေးကျမ်း၊ဓာတ်ကျမ်း၊ဗေဒင်ကျမ်းနဲ့ ပါဠိသက္ကတဘာသာတွေကိုလည်း လေ့လာတယ်။
အဲဒီဘာသာရပ် ကျမ်းပေါင်း(၂၃၄)ကျမ်းလောက်ကို အရပ်ရပ်က စုဆောင်းယူလာစေပြီး မြန်မာဘာသာကို ပြန်ဆိုပါတယ်။မက္ခရာမင်းသားမောင်ဖြိုးဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးအရ သွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မဝင်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘဝကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း(၂၃၄)ကျမ်းခန့်စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။ ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာအစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။
ထို့နောက်သူသည်အင်္ဂလိပ်ကုန်သည်ချားလိန်းထံမှ (Ree’s Encyclopedia) စွယ်စုံကျမ်းကြီးကို ဝယ်ယူရရှိခဲ့ရာ အထူးတလည် လေ့လာဆည်းပူးခဲ့သည်။
ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို A မှ Z အထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသော စေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။
သို့သော်ကျမ်းကြီးမှာအုပ်ရေ၄၅အုပ်အထိရှိသောကြောင့်နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီးသူဘာသာပြန်ဆိုနေစဉအတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။
ထို့ကြောင့်မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏ အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သောအင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။
နောက်ပိုင်းဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန် အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သောအင်္ဂလိပ်ကုန်သည်တစ်ဦးနှင့်အင်္ဂလိပ်စာနှင့်အဘိဓာန်ကိုယခုမှမြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။
ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၎င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။
မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။ မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။
မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီးအနောက်တိုင်းနက္ခတ္တဗေဒနှင့်ပထဝီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။
ထို့ပြင်ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှသည်။
ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။ သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။
Credit မူရင်း