စစ်သူကြီးမဟာဗန္ဓုလသည် နယ်ချဲ့အင်္ဂလိပ်တို့ကို ရဲဝံ့ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ရန်သူပင်ဖြစ်လင့်ကစား နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် စစ်သူ ကြီးမဟာဗန္ဓုလအား လေးစားခဲ့ကြရသည်။
အကြောင်းမူ စစ်သူကြီးမဟာဗန္ဓုလမှ ရန်သူနယ်ချဲ့အင်္ဂလိပ်တို့အား ပြန်ကြားသည့် စာတစ်စောင်ကြောင့်ဖြစ်ပေသည်။ ထိုစဉ်က အင်္ဂလိပ်တပ်ပေါင်းစုမှူး ဗိုလ်ချုပ်ဆာအာချီဘော် ကင်းဘဲလ်သည် သူကိုယ်တိုင်ဦးစီးသော ကြည်းကြောင်းချီ ပင်မ စစ် ကြောင်းကို ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း မြစ်ရိုးတစ် လျှောက်ချီတက်ပြီး ဟင်္သာတတစ်ဖက်ကမ်း သာရဝေါတွင် ခေတ္တရပ်နားရန် ဗိုလ်မှူးကော့တွန်းဦးစီးသော ရေကြောင်းချီတပ် သည်။
စစ်သူကြီး မဟာဗန္ဓုလဦးစီးသော ဓနုဖြူခံတပ်ကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးသိမ်းပိုက်ရန် ၊ သိမ်းပိုက်ပြီးနောက် ဧရာဝတီမြစ်ရိုးအတိုင်း အထက်ကို ဆက်လက်ချီတက်ပြီး၊ ဟင်္သာတ၊သာရဝေါတွင် ဗိုလ်ချုပ်ကင်းဘဲလ်၏ ပင်မကြည်းကြောင်းချီ တပ်မကြီးနှင့် ဗိုလ်မှူးချုပ် ကော့တွန်း၏ ရေကြောင်းချီတပ်ကို အတူတကွပူးပေါင်းပြီး
ပြည်မြို့သို့ ဆက်လက်တက်ရန် ထိုနောက် ပြည်မြို့စစ်ဒေသနယ်မြေတွင် တပ်စွဲထားသော မြန်မာ့တပ်မတော်အား ရေကြောင်း – ကြည်း ကြောင်း နှစ်ဖက်ညှပ်လျှက် ဝင်ရောက်တိုက်ခိုက်၍ ပြည်မြို့နှင့် ပြည်မြို့ကို သိမ်းပိုက်ရန် ၊ ထိုမှတစ်ဆင့် မြန်မာဘုရင် ထီးနန်းစိုးရာ အင်းဝနေပြည်တော်ကို ဆက်လက်ချီတက် သိမ်းပိုက်ရန် ဖြစ်လေသည်။
ဗိုလ်မှူးချုပ်ကော့တွန်းဦးစီးသော ရေကြောင်းချီတပ်မသည် ရန်ကုန်မြို့မှ ၁၉၂၅ ခု၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထွက်ခွာခဲ့ရာ ဓနုဖြူမြို့အနီး ၂ မိုင်ကွာ ဧရာတီမြစ်ကမ်းပါး ဒေသသို့ ၁၈၂၅ ခု၊ မတ်လ ၆ ရက်နေ့တွင် ရောက်လာသည်။
ဗိုလ်မှူးချုပ်ကော့တွန်း ဦးစီးသော အင်္ဂလိပ်ရေကြောင်း ချီတပ် သည် ဗိုလ်မှူးသတိုးမင်းကြီး မဟာဗန္ဓုလ ဦးစီးသော မြန်မာတို့၏ ဓနုဖြူခံတပ်ကြီးကို လှမ်းမြင်ရသည့်နည်းတူ မြန်မာတို့၏ ဓနုဖြူခံတပ်ကြီးကလည်း ဗိုလ်မှူးချုပ် ကော့တွန်းဦးစီးသော အင်္ဂလိပ် တို့၏ ရေကြောင်းချီတပ်မနှင့် ရေတပ်တိုက်သင်္ဘောများကို လှမ်းမြင်နေရလေသည်။
ထို့နောက် ဓနုဖြူခံတပ်ကြီး၏ အပြင်ခံတပ်ငယ်အောက်နား တွင် ကျောက်ချရပ်နားနေစဉ် သင်္ဘောပေါ်မှ ဗိုလ်မှူးချုပ် ကော့တွန်းက ဓနုဖြူခံတပ်ရှိ မဟာန္ဓုလအား လက်နက်ချအညံ့ခံရန်နှင့် လက်နက်မချပါက မိမိတို့အင်္ဂလိပ်တပ်ကပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း အကြောင်းကြားစာပို့လိုက်လေသည်။
မြန်မာ့သတ္တိနှင့် မြန်မာမျိုးချစ်စိတ်ဓာတ်ကို လျှော့တွက်ထား သော အင်္ဂလိပ်တို့ မှန်းချက်မကိုက် ဖြစ်သွားရသည်။ အဘယ် ကြောင့်ဆိုသော် မြန်မာစစ်သူကြီး မဟာဗန္ဓုလ၏ပြန်စာမှာ ယဉ်ကျေးသိမ်မွေ့ပြီး ရဲဝံ့ပြတ်သားသောကြောင့်ပင်ဖြစ်သည်။
အင်္ဂလိပ်စစ်ဗိုလ်အား စစ်သူကြီးမဟာဗန္ဓုလ ပြန်ကြားသည် ပြန်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။ “သင်နှင့်ကျွန်ုပ်တို့သည် မိမိတို့တိုင်းပြည်အတွက် အသီးသီးစစ်တိုက်နေကြသည်။ ကျွန်ုပ်၏မယိမ်းမယိုင် ခုခံတွန်းလှန်မှုကို သင်တွေ့မြင်ရပြီ ဖြစ်သည်။
ကျွန်ုပ်ကို တွန်းလှန်နိုင်လျှင် သင်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းထား နိုင်ပေလိမ့်မည်။ မိတ်ဆွေတစ်ဦးအနေဖြင့် ဓနုဖြူခံတပ်သို့ လာရောက်ကြည့်လိုပါက သင့်ကိုကျွန်ုပ် လိုက်လံပြသပါမည်။ ရန်သူအနေဖြင့် လာလိုမူလည်း ကမ်းသို့တက်ပြီး တပ်ချင်းရင်ဆိုင်နိုင်ပါသည်”
ထိုကဲ့သို့ ပြန်ကြားလိုက်လေသောအခါ မြန်မာတို့၏ ရိုးသား ဖြူစင်သော၊ ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးသောစိတ်ဓာတ် ထင်ဟပ်သည်နှင့်အတူ ကျူးကျော်ရန်ပြု လာပါလျှင်လည်း ရဲဝံ့ ပြတ်သားစွာ တိုက်ခိုက်ချေမှုန်းသွားရန် သန္နိဋ္ဌာန်ချထားသည် ကို အထင်းသား တွေ့မြင်နေရပေသတည်း။
နန္ဒာမိုးကြယ်(မြန်မာ့ဗဟုသုတ-၁၀၀ စာအုပ်မှ)
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Zawgyi
စစ္သူႀကီးမဟာဗႏၶဳလသည္ နယ္ခ်ဲ့အဂၤလိပ္တို႔ကို ရဲဝံ့ေျပာင္ေျမာက္စြာ တိုက္ပြဲဝင္ခဲ့သူျဖစ္သည္။ တစ္ဖက္ႏွင့္တစ္ဖက္ ရန္သူပင္ျဖစ္လင့္ကစား နယ္ခ်ဲ့အဂၤလိပ္တို႔အေနျဖင့္ စစ္သူ ႀကီးမဟာဗႏၶဳလအား ေလးစားခဲ့ၾကရသည္။
အေၾကာင္းမူ စစ္သူႀကီးမဟာဗႏၶဳလမွ ရန္သူနယ္ခ်ဲ့အဂၤလိပ္တို႔အား ျပန္ၾကားသည့္ စာတစ္ေစာင္ေၾကာင့္ျဖစ္ေပသည္။ ထိုစဥ္က အဂၤလိပ္တပ္ေပါင္းစုမႉး ဗိုလ္ခ်ဳပ္ဆာအာခ်ီေဘာ္ ကင္းဘဲလ္သည္ သူကိုယ္တိုင္ဦးစီးေသာ ၾကည္းေၾကာင္းခ်ီ ပင္မ စစ္ ေၾကာင္းကို ဧရာဝတီျမစ္၏ အေရွ႕ဘက္ကမ္း ျမစ္ရိုးတစ္ ေလွ်ာက္ခ်ီတက္ၿပီး ဟသၤာတတစ္ဖက္ကမ္း သာရေဝါတြင္ ေခတၱရပ္နားရန္ ဗိုလ္မႉးေကာ့တြန္းဦးစီးေသာ ေရေၾကာင္းခ်ီတပ္ သည္။
စစ္သူႀကီး မဟာဗႏၶဳလဦးစီးေသာ ဓႏုျဖဴခံတပ္ကို ဝင္ေရာက္တိုက္ခိုက္ ဖ်က္ဆီးသိမ္းပိုက္ရန္ ၊ သိမ္းပိုက္ၿပီးေနာက္ ဧရာဝတီျမစ္ရိုးအတိုင္း အထက္ကို ဆက္လက္ခ်ီတက္ၿပီး၊ ဟသၤာတ၊သာရေဝါတြင္ ဗိုလ္ခ်ဳပ္ကင္းဘဲလ္၏ ပင္မၾကည္းေၾကာင္းခ်ီ တပ္မႀကီးႏွင့္ ဗိုလ္မႉးခ်ဳပ္ ေကာ့တြန္း၏ ေရေၾကာင္းခ်ီတပ္ကို အတူတကြပူးေပါင္းၿပီး
ျပည္ၿမိဳ႕သို႔ ဆက္လက္တက္ရန္ ထိုေနာက္ ျပည္ၿမိဳ႕စစ္ေဒသနယ္ေျမတြင္ တပ္စြဲထားေသာ ျမန္မာ့တပ္မေတာ္အား ေရေၾကာင္း ၾကည္း ေၾကာင္း ႏွစ္ဖက္ညွပ္လွ်က္ ဝင္ေရာက္တိုက္ခိုက္၍ ျပည္ၿမိဳ႕ႏွင့္ ျပည္ၿမိဳ႕ကို သိမ္းပိုက္ရန္ ၊ ထိုမွတစ္ဆင့္ ျမန္မာဘုရင္ ထီးနန္းစိုးရာ အင္းဝေနျပည္ေတာ္ကို ဆက္လက္ခ်ီတက္ သိမ္းပိုက္ရန္ ျဖစ္ေလသည္။
ဗိုလ္မႉးခ်ဳပ္ေကာ့တြန္းဦးစီးေသာ ေရေၾကာင္းခ်ီတပ္မသည္ ရန္ကုန္ၿမိဳ႕မွ ၁၉၂၅ ခု၊ ေဖေဖာ္ဝါရီလ ၆ ရက္ေန႕တြင္ ထြက္ခြာခဲ့ရာ ဓႏုျဖဴၿမိဳ႕အနီး ၂ မိုင္ကြာ ဧရာတီျမစ္ကမ္းပါး ေဒသသို႔ ၁၈၂၅ ခု၊ မတ္လ ၆ ရက္ေန႕တြင္ ေရာက္လာသည္။
ဗိုလ္မႉးခ်ဳပ္ေကာ့တြန္း ဦးစီးေသာ အဂၤလိပ္ေရေၾကာင္း ခ်ီတပ္ သည္ ဗိုလ္မႉးသတိုးမင္းႀကီး မဟာဗႏၶဳလ ဦးစီးေသာ ျမန္မာတို႔၏ ဓႏုျဖဴခံတပ္ႀကီးကို လွမ္းျမင္ရသည့္နည္းတူ ျမန္မာတို႔၏ ဓႏုျဖဴခံတပ္ႀကီးကလည္း ဗိုလ္မႉးခ်ဳပ္ ေကာ့တြန္းဦးစီးေသာ အဂၤလိပ္ တို႔၏ ေရေၾကာင္းခ်ီတပ္မႏွင့္ ေရတပ္တိုက္သေဘၤာမ်ားကို လွမ္းျမင္ေနရေလသည္။
ထို႔ေနာက္ ဓႏုျဖဴခံတပ္ႀကီး၏ အျပင္ခံတပ္ငယ္ေအာက္နား တြင္ ေက်ာက္ခ်ရပ္နားေနစဥ္ သေဘၤာေပၚမွ ဗိုလ္မႉးခ်ဳပ္ ေကာ့တြန္းက ဓႏုျဖဴခံတပ္ရွိ မဟာႏၶဳလအား လက္နက္ခ်အညံ့ခံရန္ႏွင့္ လက္နက္မခ်ပါက မိမိတို႔အဂၤလိပ္တပ္ကျပင္းထန္စြာ တိုက္ခိုက္မည္ျဖစ္ေၾကာင္း အေၾကာင္းၾကားစာပို႔လိုက္ေလသည္။
ျမန္မာ့သတၱိႏွင့္ ျမန္မာမ်ိဳးခ်စ္စိတ္ဓာတ္ကို ေလွ်ာ့တြက္ထား ေသာ အဂၤလိပ္တို႔ မွန္းခ်က္မကိုက္ ျဖစ္သြားရသည္။ အဘယ္ ေၾကာင့္ဆိုေသာ္ ျမန္မာစစ္သူႀကီး မဟာဗႏၶဳလ၏ျပန္စာမွာ ယဥ္ေက်းသိမ္ေမြ႕ၿပီး ရဲဝံ့ျပတ္သားေသာေၾကာင့္ပင္ျဖစ္သည္။
အဂၤလိပ္စစ္ဗိုလ္အား စစ္သူႀကီးမဟာဗႏၶဳလ ျပန္ၾကားသည္ ျပန္စာမွာ ေအာက္ပါအတိုင္း ျဖစ္သည္။ သင်နှင့်ကျွန်ုပ်တို့သည် မိမိတို႔တိုင္းျပည္အတြက္ အသီးသီးစစ္တိုက္ေနၾကသည္။ ကျွန်ုပ်၏မယိမ်းမယိုင် ခုခံတြန္းလွန္မႈကို သင္ေတြ႕ျမင္ရၿပီ ျဖစ္သည္။
ကျွန်ုပ်ကို တြန္းလွန္နိုင္လွ်င္ သင္၏ဂုဏ္သိကၡာကို ထိန္းသိမ္းထား နိုင္ေပလိမ့္မည္။ မိတ္ေဆြတစ္ဦးအေနျဖင့္ ဓႏုျဖဴခံတပ္သို႔ လာေရာက္ၾကည့္လိုပါက သင့်ကိုကျွန်ုပ် လိုက္လံျပသပါမည္။ ရန္သူအေနျဖင့္ လာလိုမူလည္း ကမ္းသို႔တက္ၿပီး တပ္ခ်င္းရင္ဆိုင္နိုင္ပါသည္
ထိုကဲ့သို႔ ျပန္ၾကားလိုက္ေလေသာအခါ ျမန္မာတို႔၏ ရိုးသား ျဖဴစင္ေသာ၊ ၿငိမ္းခ်မ္းေရးကို ႏွစ္သက္ျမတ္နိုးေသာစိတ္ဓာတ္ ထင္ဟပ္သည္ႏွင့္အတူ က်ဴးေက်ာ္ရန္ျပဳ လာပါလွ်င္လည္း ရဲဝံ့ ျပတ္သားစြာ တိုက္ခိုက္ေခ်မႈန္းသြားရန္ သႏၷိ႒ာန္ခ်ထားသည္ ကို အထင္းသား ေတြ႕ျမင္ေနရေပသတည္း။
နႏၵာမိုးၾကယ္(ျမန္မာ့ဗဟုသုတ-၁၀၀ စာအုပ္မွ)
မူရင္းေရးသားသူအား ေလးစားစြာ credit ေပးပါသည္။