မုန်လာဥတွေမုန်လာဥတွေ စျေးပြန်ကြီးတော့မယ်.. ခုချိန်အခြောက်လှမ်းရင် မုန်လာခြောက်ဖွေးဖွေးလေးရပါတယ်..
လှန်းထားပီးအိတ်နဲ့ ထုပ်သိမ်းထားရင် တမိုးတွင်းလုံး ငါးနဲ့ရောမလား ကြက်သားဝက်သား ကြိုက်တာနဲ့ ဆီပြန်လေးချက်စား အရမ်းစားကောင်းပါတယ်..
မိုးတွင်းစာလေး လှန်းထားကြပါနော်..ဝက်သား ကြက်သား ဒီတိုင်းချက်စားတာထက် မုန်လာဥအရောလေးက ပိုစားကောင်းပါတယ်..
ပုဇွန်ခြောက်ကလေးနဲ့ အစပ်ကြော် စားလဲကောင်းတယ်နော်..
လှမ်းနည်းကတော့..
အခွံသင်ပီး ပုံထဲကအတိုင်း အချောင်းလေးတွေ ဖျက်လှီးပီးနေပူမှာ စကောလေးနဲ့ ဖျန့်လှန်းပေးပါ..
ခြောက်ပီဆို အိပ်နဲ့လုံအောင်ထုပ် သိမ်းပီးချက်ခါနီး ရေနာရီဝက်စိမ်ပီး ချက်ယုံပါ..
အခွံခွာရင်တော့ ပိုကောင်းတယ်၊ အခွံမခွာပဲ အစိပ်ကလေးတွေစိပ် ဆားနည်းနည်းထည့်ပြီးနယ်၊ ခဏထား၊ ထွက်လာတဲ့အရည်တွေကိုသွန်ပြစ်ပြီး နေပူလှန်း ခြောက်တော့သိမ်းရုံပါ၊ ၂ နှစ် ၃ နှစ်ထားလည်းအရောင်မဲသွားရုံပဲ၊ စားလို့ကောင်းပါတယ်။
Crd,
Zawgyi
မုန္လာဥေတြမုန္လာဥေတြ ေစ်းျပန္ႀကီးေတာ့မယ္.. ခုခ်ိန္အေျခာက္လွမ္းရင္ မုန္လာေျခာက္ေဖြးေဖြးေလးရပါတယ္..
လွန္းထားပီးအိတ္နဲ႕ ထုပ္သိမ္းထားရင္ တမိုးတြင္းလုံး ငါးနဲ႕ေရာမလား ၾကက္သားဝက္သား ႀကိဳက္တာနဲ႕ ဆီျပန္ေလးခ်က္စား အရမ္းစားေကာင္းပါတယ္..
မိုးတြင္းစာေလး လွန္းထားၾကပါေနာ္..ဝက္သား ၾကက္သား ဒီတိုင္းခ်က္စားတာထက္ မုန္လာဥအေရာေလးက ပိုစားေကာင္းပါတယ္..
ပုဇြန္ေျခာက္ကေလးနဲ႕ အစပ္ေၾကာ္ စားလဲေကာင္းတယ္ေနာ္..
လွမ္းနည္းကေတာ့..
အခြံသင္ပီး ပုံထဲကအတိုင္း အေခ်ာင္းေလးေတြ ဖ်က္လွီးပီးေနပူမွာ စေကာေလးနဲ႕ ဖ်န့္လွန္းေပးပါ..
ေျခာက္ပီဆို အိပ္နဲ႕လုံေအာင္ထုပ္ သိမ္းပီးခ်က္ခါနီး ေရနာရီဝက္စိမ္ပီး ခ်က္ယုံပါ..
အခြံခြာရင္ေတာ့ ပိုေကာင္းတယ္၊ အခြံမခြာပဲ အစိပ္ကေလးေတြစိပ္ ဆားနည္းနည္းထည့္ၿပီးနယ္၊ ခဏထား၊ ထြက္လာတဲ့အရည္ေတြကိုသြန္ျပစ္ၿပီး ေနပူလွန္း ေျခာက္ေတာ့သိမ္း႐ုံပါ၊ ၂ ႏွစ္ ၃ ႏွစ္ထားလည္းအေရာင္မဲသြား႐ုံပဲ၊ စားလို႔ေကာင္းပါတယ္။
Crd,