လက်ရုံးရည်အပြည့်ဝဆုံးဖြစ်သော (အယုဒ္ဓယ ယိုးဒယား နှင့် မန်ချူး တရုတ်ကို အနိုင်တိုက်သောမင်း) ဆင်ဖြူရှင်မင်း ၏သမိုင်း

ဆင်ဖြူ ရှင်မင်းသည် ယိုးဒယားသို့ ကိုယ်တော်တိုင် ချီတက်ခြင်းမပြုဘဲ မိမိ၏ လက်ရွေးစင် စစ်သူကြီး နှစ်ဦး ဖြစ်သည့် နေမျိူးသီဟပတေ့ နှင့် မဟာနော်ရထာ တို့ကို ချီတက်သိမ်းပိုက်ခိုင်းခဲ့သည်။

မိမိ၏ ဗျူ ဟာကိုသာ ချပြ ခဲ့ပြီး လက်ရွေးစင် စစ်သူကြီးနှစ်ဦးမှ အကောင်အ ထည်ဖော် ဆောက်ရွက်ခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်း ဇင်းမယ်ကြောင်းကို ချီတက်သော နေမျိုူးသီဟပတေ့သည် ၁၇၆၄ နှစ်၊၁၀လပိုင်း၊၃၁ ရက်နေ့တွင် လင်းဇင်းမြို့နှင့်တကွ မြို့ကို အနိုင်ရလေ၏။

လင်းဇင်းမင်း၏ သမီးတော်များ၊အမတ်များ၊ ရွှေငွေ၊ အမြှောက်သေနတ်၊ တိုက်ဆင်တို့ကို နေပြည်တော်သို့ အဆက်အသ လွှတ်လေ၏။ထို့နောက် လကွန်းမြို့ကို ဆက်လက်ချီတက်လေ၏။ လကွန်းမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး ထိုမြို့တွင် စခန်းချ နေကြလေ၏။

လင်းဇင်း၊ဇင်းမယ် တို့မှ စစ်သည်အင်အားထပ်မံ စုဆောင်းရာ အင်အား နှစ်သောင်း တိုး လေသည်။ ၁၇၆၅ နှစ်၊၁၀လ၊ ၂၂ ရက်တွင် ထားဝယ်စစ်ကြောင်းကို ဦးဆောင်သည့် မဟာနော်ရထာတို့ တပ်ပေါင်းစုသည် ယိုးဒယားနယ်သို့ စတင်ချီတက်လေ၏။

ခရီးလမ်းတစ်လျှောက်ရှိ မြို့များကို အဆက်မပြတ် သိမ်းပိုက်လေသည်။ယိုးဒယားဘုရင် (Ekathat , 1758-1767) မှ စစ်အင်အားခြောက်သောင်းကျော် လွှတ်ပြီး မဟာနော်ရထာ၏ တပ်များကို ခုခံစေလေ၏။ သို့သော်လည်း မတော်လှန်နိုင်သဖြင့် မြို့တော် အယုဒ္ဒယသို့ ပြန်လည် ဆုတ်ခွာလေသည်။

မြောက်ဘက် တွင် နေမျိုးသီဟပတေ့ တောင်ဘက်တွင် မဟာနော်ရထာ တပ်များ နှစ်ဖက် ညုပ်ပြီး ယိုးဒယားနယ်ကို ဝင် တိုက် ကြသဖြင့် ယိုးဒယားဘုရင်အလွန် စိတ်ဓါတ်ကျနေလေ၏။ ဆင်ဖြူ ရှင်၏ တပ်များ သည် အောင်ပွဲများ အဆက်မပြတ် ရရှိနေသဖြင့် အလွန်အမင်းစိတ်ဓါတ်တက်ကြွနေကြလေသည်။

၁၇၆၆ ၊၁၁ လပိုင်း၊ ၁၄ ရက်တွင် ဇင်းမယ်ကြောင်းသည် အယုဒ္ဒယမြို့၏ အရှေ့မြောက် ရှိ ပနံပသုတ်ရွာသို့ ရောက်ရှိလာလေသည်။ မဲ့ပိန်မြစ်ကို အလယ်ထားပြီး ကမ်းနှစ်ဖက် လက်ဝဲ လက်ယာတွင် ခံတပ်ကြီး ဆောက် ကာ ထားဝယ်စစ်ကြောင်း စောင့်နေလေသည်။

မျိုူးရိက္ခာကို အပြည့်အ၀ သွင်းထားပြီး၊ ဆင်မြင်း၊ရဲမက် ကြီးများ ဖြင့် အခိုင်အခံ နေလေ၏။ ထားဝယ်ကြောင်းလည်း အယုဒ္ဒယမြို့၏ အနောက်မြောက်ယွန်း ကန္နီရွာ တွင် တပ်ကြီးစွဲ နေလေ၏။ယိုးဒယားဘုရင်လည်း မိမိ၏မြို့တော်ကို အခိုင်အခံ့ပြင်ဆင်ပြီး ရေကျသည်နှင့် မြို့မှ ထွက်တိုက်စေလေ၏။

သို့သော် မအောင်မြင်ဘဲ ဆုတ်ခွာသွားရပြန်၏။ နေမျိုူးသီဟပတေ့ လည်း အယုဒ္ဒယမြို့ပတ်လည်တွင် မျှော်စင်ကြီးများ ဆောက်ပြီး ရှေးယခင်က နည်းများအတိုင်း အမြှောက်ကြီးများကို တင်ကာ မြို့တွင်းသို့ ပစ်ခွင်းလေ၏။

ထိုသို့ တိုက်ခိုက်နေစဉ် ထိုလ ၁၉ ရက်တွင် ဗိုလ်ချူ ပ် မဟာနော်ရထာ ကွယ်လွန်လေ၏။ ထားဝယ်စစ်ကြောင်း ကို ဗိုလ်ချူ ပ်နေမျိုူးသီဟပတေ့မှ မိမိ၏ စစ်ကြောင်းနှင့် ပေါင်းစပ်ပြီး အုပ်ချူ ပ် လေ၏။ ဆင်ဖြူ ရှင် ဆီကို လည်း အလျှောက်အထား ပို့လွှတ်လေသည်။

ထိုသို့ ယိုးဒယားကို တိုက်နေစဉ် တရုတ်တပ်များသည် ဆင်ဖြူ ရှင်ပိုင်နက်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်နေပြီး မြို့များကို တမြို့ပြီးတမြို့သိမ်းပိုက်နိုင်နေရာ နန်းတော်ရှိ မှူးမတ်များမှ ယိုးဒယားရှိ စစ်တပ်များကို ပြန်လည် ဆုတ်ခွာပြီး ခုခံရန် လျှောက်ထားသော်လည်း ဆင် ဖြူ ရှင်မှ နားမဝင်ဘဲ ယိုးဒယားကို အနိုင်သာ သိမ်းရန် အမိန့်ထုတ်လေ၏။

( တရုတ်ကျူးကျော်စစ် ခုခံပုံကို အကျယ် အဖြစ်ထပ်မံ ရေးသားတင်ပြပါမည်) ဆင်ဖြူ ရှင်လည်း ယိုးဒယားမင်း နှင့်တကွ ယိုးဒယားပြည်အားလုံးကို သိမ်းပြီး ပြန်လာရန် အမိန့်တော် ထုတ်လေ၏။ ထိုအမိန့်တော်သည် ၁၇၆၇၊ ၂ လ၊ ၃ ရက်နေ့တွင် နေမျိူးသီဟပတေ့ လက်သို့ ရောက်လေ၏။

နေမျိူးသီဟပတေ့လည်း ယိုးဒယားမြို့ရိုးဆီသို့ ဥမင်များတူးပြီး မြို့ရိုးပြို အောင် ဆောက်ရွက်လေသည်။ ယိုးဒယားတို့ဘက်မှ ဆီပူများ၊ မီးများဖြင့် မြို့ရိုးပေါ်မှ အဆက်မပြတ် ပစ်ကာ ပြန်လည်ခုခံ၏။ သို့သော် အမြှောက်ကြီးများဖြင့် ထိုမြို့ရိုးအပေါ်သို့ ပစ်သဖြင့် စစ်သည်များ မြို့ရိုးနားမကပ်ဝံ့ကြပေ။ မြို့ရိုးသည် အလွန်ခိုင်ခံ့သဖြင့် အမြှောက်ဒဏ်ကို ကြံကြံခံနိုင်၏။

ဘုရင် Taksin ပန်းချီ ဥမင်တူးသည့် တပ်သား အများအပြားသေ၏။ သို့သော်လည်း နေမျိူးသီဟပတေ့မှ မှတ်တမ်းများဖြင့် ပြုလုပ်ကာ အရေးတော်အောင်လျှင် သေသူ၏ မိသားစုအားလုံး အခွန်လွတ်မည်၊ ဆုငွေရွှေငွေရ မည်ဟု ဆိုသဖြင့် တပ်သားများစွာ မိမိ၏ အသက်ကို ပဓန မထားဘဲ သေသူနေရာ ကို အဆက်မပြတ် ဝင်ကာ မြေတူး မီးတိုက် ပြီး တိုက်ခိုက်သဖြင့် အယုဒ္ဒယ၏ မြို့ရိုးမခံနိုင်ဘဲ ပြို ကျလေသည်။

အေဒီ ၁၇၆၇၊ ၄ လပိုင်း၊ ၉ ရက်နေ့တွင် ယိုးဒယားဘုရင် နှင့်တကွ ယိုးဒယားတပြည်လုံး ဆင်ဖြူ ရှင်လက်အောက်သို့ ကျရောက်ရလေသည်။ ယိုးဒယားမင်းလည်း သေနတ်ပစ်ခံရပြီး နတ်ရွာစံလေသည်။ နေမျိူးသီဟပတေ့လည်း ထွက်ပြေးကုန်သော ဘုရင့်ဆွေတော်မျိူးတော်များကို ဖမ်းဆီးစေရာ တချိူ့ကို ဖမ်းဆီးမိလေ၏။

ဖမ်းဆီးရသူ ဘုရင့်ဆွေတော်မျိူးတော်များကို နေပြည်တော်သို့ ပို့ဆောင်လေ၏။ မြို့ရိုးများကို ဖျက်စီးစေလေ သည်။ယိုးဒယားဘုရင့်၏ ရွှေငွေရတနာများကိုလည်း သယ်ဆောင်လာခဲ့ရသည်။ ဆင်၊မြင်း၊အမြှောက်၊စိန်ပြောင်း နှင့် အထူးထူးသော အရာများစွာတို့ကို ယူဆောင်လာခဲ့ရလေသည်။

ယိုးဒယားမြို့ကျသော် ယိုးဒယားဘုရင်၏ အမတ်များ၊ တပ်မှူးများ သည် အနယ်နယ်အရပ်ရပ်သို့ ထွက်ပြေးကြကုန်လေသည်။ နောက်ပိုင်းတွင် ထိုသို့ ထွက်ပြေးသွားသော တပ်မှူးများထဲမှ Taksin (၁၇၆၇ – ၁၇၈၂) ဆိုသည့် တရုတ်စပ်သောအမတ် မှ ပြို လဲသွားသော ယိုးဒယားမင်းဆက်ကို ပြန်လည်ထူထောင်ခဲ့၏။

Credit – သမိုင်းပုံရိပ်