မြိတ်ဒေသက တံငါသည်တစ်ဦး ငါးတစ်ကောင်ကို သိန်း ၂၂ သိန်းနဲ့ ရောင်းထွက်သွားတဲ့အကြောင်း အရာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။
တံငါသည်ကြီး ၂၂ သိန်းနဲ့ ရောင်းလိုက်တဲ့ ငါးက ကသမျှင်ငါး (အမ) လို့ သိရပါတယ်။ ကသမျှင်ငါး က တန်ဖိုးအလွန်ကြီးတဲ့ ငါးဖြစ်ပြီး သူ့တစ်ကောင်ရဲ့ ပေါက်စျေးက ပုံမှန်ဆို သိန်း ရာနဲ့ချီတောင် ပေါက်စျေးရှိတယ်လို့ သိရပါတယ်။
အထီးစျေးက အမစျေးထက် ပေါက်စျေး ပိုမြင့်ပြီး ငါ့မှာပါတဲ့ စီပေါင်းက အဓိက အစိတ်အပိုင်းအနေနဲ့ စျေးကြီး ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။အထီးရဲ့ စီပေါင်းက အမ စီပေါင်းထက်ပိုပြီးထူတာကြောင့် ကသမျှင်ငါးရဲ့ အထီးစျေးက ပိုပြီးတယ်လို့ သိရပါတယ်။
ဘုရင့်နောင်ပွဲရုံမှာဆိုရင် ကသမျှင်ငါးကို လေလံဆွဲပြီး ရောင်းချတဲ့အထိ ရှိတယ်လို့ သိရပါတယ်။ လေလံအောင်သွားတဲ့သူက ကသမျှင်ငါးဗိုက်ကိုခွဲ အထဲက စီပေါင်းကို ထုတ်ကာ နေပူမပြဘဲ အခြောက်ခံတယ်လို့ သိရပါတယ်။
ခြောက်သွားတဲ့ စီပေါင်းကို တယုတယလေး ကတ္တီပါအိတ်လေးထဲ ထည့်ကာ ယူသွားကြတယ်လို့ သိရပါတယ်။တရုတ်ကုန်သည်တွေ အဓိက ဝယ်ယူကြတယ်လို့ သိရပါတယ်။
စီပေါင်းစျေးနှုန်းက သိန်းပေါင်းများစွာ တန်နေရတဲ့ အကြောင်းအရင်းကတော့ စီပေါင်းကို တန်ဖိုးကြီး ရေမွှေးထဲထည့်သွင်း အသုံးပြုတာကြောင့်လို့ သိရပါတယ်။
ဒါကြောင့် ကသမျှင်ငါးက အင်မတန်ကို စျေးကြီးနေတာ ဖြစ်ပါတယ်။ တံငါသည်တွေအနေနဲ့လည်း ကသမျှင်ငါးကို ဖမ်းမိရင် ထီပေါက်သလို ပျော်ကြတယ်လို့ သိရပါတယ်။
တစ်ကောင်တည်းကို ငွေကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ မြန်မာပြည်ရဲ့ ကသမျှင်ငါးအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးလိုက်ပါတယ်။ ။
“မြန်မာပြည်မှ ကပ်သမျှင်ငါးကို တရုတ်တွေက သိန်းရာချီပေးဝယ်ရတဲ့ အကြောင်းအရင်း”
အချိန် ၄၀ ဝန်းကျင်ရှိပြီး ကာလတန်ဖိုး သိန်း ၃၀၀/၅၀၀ ဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ Lucky ငါး။ ဒေသအခေါ် ကပ်သမျှင်ငါးတစ်ကောင် မွန်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
ဒါ့ကြောင့်ဒီငါးတွေ ဘာကြောင့်.ဒီလောက်တန်ကြေးကြီးသလဲဆိုတာအများသိအောင် ပြောပြချင်စိတ် ဖြစ်လာပါတယ်။ တကယ်တော့ ကပ်သမျှင်ငါးအသားက တန်ဘိုးမရှိပါဘူး။ စီပေါင်းက တန်ဘိုးကြီးတာပါ။
အထီးက စီပေါင်းအသားထူပြီး အမထက်ဈေးပိုရပါတယ်။ ဥပမာ ငါးတစ်ကောင် ပိသာနှစ်ဆယ်ရှိရင် စီပေါင်းခန့်မှန်းခြေ နှစ်ဆယ်သားလောက် ရှိနိုင် တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပါတယ်
ငါးဝယ်လက်များကတော့ စီပေါင်းအနေအထားအတွက် ဝမ်းဗိုက်ကို လက်နဲ့စမ်းပြီး ခန့်မှန်း စီပေါင်း အထူအပါးကို ခန့်မှန်း ဈေးပေးကြပါတယ်။ ဘုရင့်နောင်ပွဲရုံမှာ စီပေါင်း လေလံပွဲ လုပ်ပါတယ်။ တရုပ်ဝယ်လက်များ ဈေးအပြိုင်ဆွဲ ဝယ်ပါတယ်။
တကယ်တော့. ကပ်သမျှင်ငါး လေလံပွဲက စိတ်ဝင်စားဖို့ကောင်းပါတယ်။ လေလံအောင်တဲ့သူက ငါးကို ခဲတံချွန်ဓားနဲ့ဗိုက်ကိုကျွမ်းကျင်စွာ ခွဲယူပြီး လေသလပ်ခံ ခြောက်အောင်လုပ်ပါတယ်။ နေပူမလှမ်းပါဘူး။ ပြီးရင်စီပေါင်းကို ကတီပါအိတ်ထဲ တယုတယ ထည့်ယူပါတယ်။
ဒီ့နောက်တော့ ကျွန်တော်စိတ်ဝင်စားတာနဲ့ ကပ်သမျှင် ငါးစီပေါင်းကို ဘယ်နေရာမှာသုံးလို့ ဈေးကြီးတာလည်း စုံစမ်းကြည့်တဲ့အခါ အဖြေအမျိုးမျိုးရပါတယ်။အာရပ်လူမျိုးတွေ ကလေးမွေးပြီး မီးနေသည်ဘဝမှာ မီးရှို့ အငွေ့ရှူတယ်လို့ ပြောပါတယ်။
မြန်မာပြည်က မီးနေသည်တွေ နနွင်းရှူသလိုမျိုးပေါ့။ နောက် source တစ်ခုက တရုပ်မျိုးနွယ်စုတစ်မျိုးမှာ ကပ်သမျှင်စီပေါင်းကို ယောင်္ကျား မိန်းမ တင်တောင်းတဲ့ နေရာမှာသုံးပါတယ်။
ဥပမာ မိန်းကလေးရှင်ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး မိန်းမအကြိုက်လိုက်ရပါတယ်။ ယောင်္ကျားလေးရှင် ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး ယောင်္ကျားအကြိုက်လိုက်ရပါတယ်။ သိသလောက် ရေးပြခြင်းဖြစ်သည်။
ဒါ့ကြောင့် တံငါသည်တွေအနေနဲ့လည်း..ကံကောင်းနိုင်ကြပါစေလို့ ဆုတောင်းရင်း
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်