နှစ်ပေါင်း ၁၀၀၀ ကျော်ခဲ့ပြီဖြစ်တဲ့ ပခန်းကြီးမြို့ဟောင်း

ပခန်းကြီးမြို့‌ဟောင်းသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ တည်ရှိသည်။ ယနေ့ခေတ်မှာတော့ ပခန်းကြီးမြို့ဟောင်းသည် ရေစကြိုမြို့နယ်ရှိ ကျေးရွာအုပ်စုအဆင့်ရှိ ရွာကြီးတစ်ရွာမျှသာ တည်ရှိ‌‌ တော့သည်။

ပခန်းကြီးမြို့ဟောင်းအနီးတစ်ဝိုက်မှာ ရှေးဟောင်းသာသနိကအဆောက်အအုံပေါင်း ၃၃၃ခု ရှိတယ်။

သမိုင်းမတင်မီ ကျောက်ခေတ် ကာလမှ လူများနေထိုင်ခဲ့သော ကြေးရိုးကုန်း၊ ရွှေဥမင် တောင်ရိုး၊ ဝါကျကုန်း စသည့်နေရာများနှင့် သမိုင်းတင် ခေတ်ဖြစ်သော ပုဂံခေတ် မှ ကုန်းဘောင်ခေတ်ထိ ဘုရား စေတီပုထိုး၊ အုတ်ကုန်း သာသနိကအဆောက်အအုံဟူ၍ ၃၃၃ခု ခန့် တည်ရှိသည်။

ပခန်းမြို့ဟောင်းမြို့ရိုးသည် သက်တမ်းအားဖြင့် နှစ် ၁၀၀၀ ခန့်ရှိနေပြီး ပုဂံခေတ်ကာလထက်အချိန်စောခဲ့ကြောင်း နှင့်ပုဂံခေတ် နောက်ပိုင်းမင်းဆက်သုံး ဆက်မှ ပြင်ဆင်မွမ်းမံမှုသာရှိခဲ့၍ ယခုအချိန်တွင် မြို့ရိုးအနည်းငယ်သာ သိသာ ထင်ရှားနေပြီး အများစုမှာ ချုံနွယ်ပိတ် ပေါင်းများ ထူထပ်စွာပေါက် ရောက်နေကာ မြင်ကွင်းများဖုံလွှမ်းနေသည်။

မြို့ရိုးကို အနော်ရထာမင်းမတိုင် ခင် မင်းနှစ်ဆက်လောက်ကစတည်ခဲ့သည်။ နောက်ပြီး မင်းကြီးစွာစော်ကဲအင်း၀ ဘုရင်လက်ထက်မှာတစ်ကြိမ် မြို့ရိုးကိုပြင် ဆင်တယ်။ နောက် သာလွန်မင်းလက် ထက်မှာ တတိယအကြိမ်ပြင်ဆင်တယ်။

အားလုံး သုံးကြိမ်ပြင်ဆင်ခဲ့တယ်ဆိုတာကို ရတနာမဉ်ဖူကြောကျစာမှာပွောထားပါတယ်။ မြို့ရိုးတံတိုင်းကြီးသည် ပတ်လည် ၁ မိုင်လောက်ရှိပြီး ပေ ၂၀ လောက်သည်။

“လေးရာပြုဆန်း၊ မြို့ကူးခန်း၊ ပခန်း ခေါ်သထွေ”ကဝိလက္ခဏာသတ်ပုံကျမ်းသစ်ပင်ချူံနွယ်များအကြားတွင် မြင့်မြင့်မားမား မြို့ရိုးပျက်ကြီးများသည်အေးဆေးတည်ငြိမ်စွာဖြင့် အတိတ်သမိုင်းကိုပြောနေကြဟန်ရှိသည်။တချိန်က ကူးခန်းဟု တွင်ခဲ့သော ပခန်းမြို့ဟောင်းဖြစ်သည်။

ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်း ရေစကြိုနှင့် ၁၀မိုင်အကွာ ပခုက္ကူနှင့်မိုင်၂၀အကွာ ကားလမ်းမကြီးပေါ်တွင်ရှိသည်။ ရှင်မတောင်၏အရိပ်အောက်တွင် ရှားပင်များ၊ ထနောင်းပင်များ၊ ထန်းညိုပင်များဖြင့်ဝန်းရံထားသော အေးချမ်းသာယာသည့် အညာရွာကြီးတစ်ခုအဖြစ်သို့ ရောက်နေပြီ။

တချိန်တခါကဆိုလျှင်”သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း” ဟု စိတ်ကမှန်း၍ ကြည်နူးစရာမြို့ကြီးဖြစ်ခဲ့သည်။ဘုရားအိုကျောင်းပျက်တို့လည်းပေါများလှပါဘိ။ ဗုဒ္ဓသာသနာထွန်းလင်းပွင့်လန်းခဲ့ရာနေရာလဲဖြစ်ခဲ့သည်။

မြန်မာဘုရင်များလက်ထက်တော်ကိုပုခန်းတိုက်သည်ထင်ရှားခဲ့သောဒေသဖြစ်သည်။ ပခန်းသည် သာသနာသက္ကရာဇ် ၃၆ခုနှစ်ဓနုသီဟမင်းလက်ထက်တွင် စ၍ မြို့တည်ထောင်စိုးစံခဲ့သည်ဟု နရဒီပကျမ်းတွင် ပြဆိုခဲ့သည့်အတိုင်း ရှေးသမိုင်းရှိသည်။

ပုဂံခေတ် သိန်းခိုမင်း လက်ထက် သက္ကရာဇ်၂၇၇တွင် မင်းစည်သူနှင့် မင်းကျော်စွာညီနောင်မင်း သားနှစ်ပါးသည် ဤအရပ်သို့ရောက်လာပြီး တောင်သုံးလုံးမြေကိုညိုကာ မြို့တည်သဖြင့်”ကုခန္ဓ”(တူးခြင်း၊ညိုခြင်း)အနက်ကိုယူကာ”ကူးခန်း”ဟု သမုတ်ခဲ့ကြသည်။

နရပတိစည်သူမင်းကြီးလက်ထက်(သက္ကရာဇ်၅၃၆)တွင် ကူးခန်းအရပ်မှ သူပုန်သူကန်ထကြွ၍လာရောက်တိုက်ခိုက်နှိမ်နှင်းရာ “သူပုန်များ ပစေ၊ ခန်းစေ”ဟူသော ရည်ရွယ်ချက်ဖြင့် “ပခန်း”ဟုသမုတ်ခဲ့ကြောင်းလဲတွေ့ရသည်။

ဟံသာဝတီပါမင်းလက်ထက် ကူးခန်းကို မြို့ရိုးများနိမ့်ချည်မြင့်ချည်အကွက်ကျစနစ်တကျဆောက်လုပ်၍ မြို့တော်ကိုပြုပြင်ခဲ့သဖြင့် “ပခန္ဓ” သဒ္ဒါအရ ပခန်းဟုတွင်ခဲ့ကြောင်းလည်းဆိုကြသည်။အချိန်ကာလကြာရှည်လာသောအခါ ပခန်းကြီးမှ “ပုခန်းကြီး”ဟုအမည်တွင်လာခဲ့သည်။

ပခန်းသည်မြန်မာ့သမိုင်းစဉ်တလျှောက် သူ့ဂုဏ်သူ့သိန် သူ့အရှိန်နှင့် ထင်ရှားခဲ့သောဒေသတခုဖြစ်သည်။မြန်မာမှုရေးပီတိများဖြင့်လဲ လွှမ်းခြုံခဲ့ရပါသည်။ ပခန်းတွင် အထင်ရှားဆုံးမှာ စည်သူရှင်ဘုရားဖြစ်၏။

ပခန်းမြို့အလယ်ကုန်းတော်ပေါ်တွင်မင်းစည်သူတည်ထားခဲ့သည်။ နောင် မင်းအဆက်ဆက်ကလဲပြုပြင်ခဲ့ကြ၏။ စည်သူရှင်၏ခြေတော်ရင်းမှ အနောက်မြောက်ယွန်းယွန်းတနေရာတွင် ပခန်းကျောင်းတော်ကြီးရှိ၏။

သုံးဆင့်လည်ပေါ် မိုးပြသာဒ်၊ဘုရားဆောင် တစ်ဆောင်၊ဘောဂဆောင်၊ ကျက်သရေခန်းဆောင် စင်္ကြံလမ်းတို့နှင့် အခန်းခန်းအသွယ်သွယ် ပန်းနွယ်ပန်းဆိုင်း၊ နရားဆိုင်းနရားကြွစာမရီပန်းအလှတွေနှင့်မြိုင်နေသည်။

ထီးကိုင်သန်လျက်ကိုင်၊ သားမြီးယပ်ကိုင်၊နတ်ရုပ်၊ဘီလူးရုပ်တို့ကလဲ တံခါးရွက်တိုင်းမှာစောင့်ကြပ်နေကြသည်။ ကျောင်းဒကာကား ကျီဝန်မင်းကြီးဦးတုတ်ဖြစ်သည်။

ပခန်းမြို့ဟောင်းကြီး၏အရှေ့မြောက်ယွန်းယွန်း ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ပခန်းငယ်က ကျောင်းဒကာ ပခန်းမင်းကြီးဦးရန်ဝေး၏ကျောင်းကြီးမှာလည်း လူတဖက်ခန့်ကျွန်းတိုင်ကြီးများနှင့်ခန်းနားပါဘိ။

ထည်ဝါလှပါ၏။ပုခန်း၏မြို့တွင်း၊မြို့ပြင်အနှံ့ အင်္ဂတေအမည်းအကွာ၊အုတ်ရိုးလွှာကြေးညိုရောင်နှင့် ဘုရားအိုဘုရားပျက်များကလဲပေါများလှဘိသည်။ရေတွက်၍ပင် ကုန်နိုင်စရာမရှိ။

ပုခန်းသမိုင်းကိုလေ့လာရင်း ပုခန်းမြို့ဟောင်းမြင်ကွင်းကိုမြင်ရမှ ပုခန်း အတိတ်သမိုင်းသည်လွမ်းစရာဖြစ်လာသည်။ ပုဂံခေတ်က မင်းစည်သူ၊ မင်းကျော်စွာတို့သည်ခမည်းတော်ပုဂံဘုရင်၏ အလိုကျမြို့ပြပြည်ရွာစည်ကားအောင်တည်ခဲ့ကြသည်။မြောင်းအသွယ်သွယ်တူး၍ ချင်းတွင်းမြစ်ရေကိုယူကာစပါးတွေစိုက်ခဲ့ကြသည်။သူခိုးဓါးပြရန်ကိုလည်း ကာကွယ်ခဲ့ကြသည်။

ပြည်သူကိုစည်းရုံးခဲ့ကြသည်။ထိုဒေသသားတို့သည် မည်မျှချစ်ကြသနည်းဆိုသော် နောင်အခါ မင်းကျော်စွာအား ဦးမင်းကျော်၊ ကိုကြီးကျော် နတ်အဖြစ်နှင့် ယနေ့တိုင် ကိုးကွယ်နေကြဆဲဖြစ်သည်။ပုဂံအနော်ရထာလက်ထက်က ပခန်းသည် လေးရာပြုမြို့ဖြစ်၏။

စစ်မက်ရေးရာရှိလျှင်စစ်သည်အမှုထမ်း လေးရာ ပေးရသည်။အနော်ရထာမင်း၏ ပုဂံစစ်သည်တို့သည် ဂျွမ်းသူပုန်စစ်သည်တို့ကို တိုက်ရာနှင့် တိုင်းတစ်ပါးရန်သူများကိုတိုက်ခိုက်ရာတွင် နတ်စစ်သည်များကဲ့သို့ ရဲရင့်ပြီးကျွမ်းကျင်ဖျတ်လတ်၏ဟု သမိုင်း

ဆရာတို့က မှတ်တမ်းတင်ခဲ့ကြသည်။ထိုသို့ဆိုလျှင် ပုခန်းသားတို့သည်လည်း နတ်စစ်သည်များကဲ့သို့ရဲရင့်သည်၊ သတ္တိရှိသည်ဟု ဆိုရပါမည်။

ပုခန်းမြို့ဟောင်း၏မြောက်ဘက်မနီးမဝေးတွင် ရွှေဥမင်တောရရှိသည်။ဒုတိယအင်းဝခေတ်တွင် တစ်ပါးတည်း အရညဝါသီ တောအရပ်မှီ၍ ဂူအတွင်း ချူံအတွင်းမှ ပေရွက်၊ထန်းရွက်၊သစ်ရွက်တို့ဖြင့်စာ‌ပေရေးသားကျမ်းပြုခဲ့သော အံ့ဖွယ်စာရေးဆရာဖြစ်သည်။ပညာပြည့်ဝနှလုံးလှတော်မူပါပေ၏။

နေပြည်တော်မှကြွလာသော မင်းဆရာ တောင်ဖီလာဆရာတော်က တောထဲမှာ တစ်ပါးတည်း မကြောက်ဖူးလားဟု မေးရာ ရွှေဥမင်ဆရာတော် ရှင်ဇမ္ဗူဒီပဓဇက ကြောက်၍ တစ်ပါးထဲနေပါတယ်ဘုရားဟု တရားနှင့်ဆုံးမ လိုက်ရာ တောင်ဖီလာဆရာတော် တရားကျ၍တောရမှီးခဲ့သည်ဟုရှေးဆရာတို့ ရေးခဲ့ကြဖူးသည်။

မြန်မာ့အနှသဘင်သမိုင်းတွင် ပခန်းသဘင်ပညာရှင်တို့ ထင်ရှားခဲ့ကြသည်။မင်းသားကြီးဆရာညို၊ မင်းသားကြီး ဦးအောင်သာ၊ မင်းသမီးမညိုသ၊ မင်းသမီး မစိန်အိုတို့မှာ အမှတ်တရလွမ်းစရာဖြစ်၏။

ပုခန်းဆရာညို ဆိုလျှင် အညာတစ်ခွင်မှာနာမည်ကြီးခဲ့၏။ အဆိုကောင်းအငိုကောင်း မင်းသားဖြစ်သည်။ပွဲပြန်ခါနီး နူတ်ခွမ်းဆက်ရပြီဆိုလျင် ဆရာညိုက“ကညာပျို၊ ဘာကိုမှ မလွမ်းရစ်ပါနဲ့ ဆရာညို ဖာကိုထမ်းပါလို့ နာဂရာမြို့ပခန်းကိုတဲ့ ပြန်တော့မယ်”ဟုဆိုလေ့ရှိသည်။

ထိုခေတ်က ပွဲကြိုက်ခင်တို့မှာလွမ်းမျက်ရည်မဆည်နိုင်အောင်ရှိသည်ဟုရှေးလူကြီးသူမများ ပြောကြသည်။ပုခန်းနယ်က အဘိုးအဘွားတို့က သူတို့အရပ်ကိုရောက်လျှင်ပြောလေ့ရှိကြသည်။

” တို့များပုခန်းက ရှားပင်ပေါ် ဂုံနွယ်ရစ်ပေါက်တဲ့အရပ်မို့ ရှားပါးပေမယ့် ဂုဏ်ရှိသတဲ့ကွဲ့”ပခန်းနယ်မှာ ရဟန်းပညာရှိ လူပညာရှိတွေသမိုင်းအဆက်ဆက် ပေါ်ထွက်ခဲ့ကြသည်။သာသနာဝင်ကျမ်းများ၊ ရာဇဝင်ကျမ်းများနှင့် ဒေသဆိုင်ရာမှတ်တမ်းများအရရှာဖွေတွေရှိရသည်။ ပုခန်းနယ်သည် ကျယ်ဝန်းလှ၏။

အသေးစိတ်သုတေသနပြု၍ဆက်လက်ရှာဖွေပါလျှင်ပခန်းနယ်မှသာသနာပိုင်များ၊စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ။မှူးကြီးမတ်ကြီးများ။ အာဇာနည်သူရဲကောင်းများနှင့်သဘင်ပညာရှင်များ၏အကြောင်းသည်စာတစ်စောင်ပေတစ်ဖွဲ့ဖြစ်လာပေလိမ့်မည်။

ပခန်းနယ်သည်ရှေးဘုရင်များလက်ထက်ကထင်ရှားကျော်ကြားခဲ့သည့်ပထမကျော်အောင်စံထားဆရာတော်၊ဗားကရားသာသနာပိုင်ဆရာတော်၊ဝက်ခုတ်ဆရာတော်၊သာသနာပိုင်သဲအင်းဆရာတော်တို့၏ ဖွားမြင်ရာ ဇာတိနယ်လည်း ဖြစ်သည်။

Crd,