ခိုးပြေးခံရတဲ့ မိန်းကလေး နဲ့ လာတောင်းခံရတဲ့ မိန်းကလေး ဘာကွာလဲ သိချင်သူများအတွက်

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တစ်ယောက်တန်ဖိုးနဲ့ တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့တင်တောင်းခံရတဲ့ မိန်းကလေး တစ်ယောက်တန်ဖိုး ဘယ်လိုမှ မတူနိုင်ဘူး။

ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီးအလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုးအသီးသီးရှိတာပဲ ။

နောက်တစ်ချက် ကိုယ့်ကိုလာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်ကကိုယ့်မိဘ မျက်နှာ မငယ်ရဘူး ။

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ် ။ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး

သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးကအပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့ ။

ပြီးတော့ နောက်တစ်ချက် တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့်အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ်။

နောက်တစ်ခု ပြောရရင် အခုခေတ်မှာ (living together) တွေ များလာတယ် ။ ရည်းစားဆိုတာနဲ့ အဆင့်ကျော်ကြတယ် ။တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ

ကိုယ်နေတာက မြန်မာပြည် မြန်မာမိန်းကလေးတစ်ယောက် အနေနဲ့အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ် ။ (Living together) နေပြီး (RS goals) လို့ ထင်နေတဲ့သူတွေရော နေလိုက်ပါပြီရဲ့

အာ့ တစ်ယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တစ်ယောက်နဲ့လား ။ အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ ။ဖာသည်မတွေတောင် ဘဝပေးအခြေအနေ အရ လုပ်နေရလို့ ပြောရရင်

သူတို့ကတောင် ပိုသာပါတယ် ။မိန်းကလေးတွေ အနေနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ်ဆိုတာ မလုပ်မိပါစေနဲ့။

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ်ထင်သလား ။ No ပါ ။ယောကျာ်းဆိုတာမျိုးက (10) မှာ(9) ယောက်က မရခင်သာ လိုချင်တာ

လက်တည့်စမ်းချင်တာ ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ ။ယောကျာ်း အကုန်လုံးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကောင်းတဲ့(1)ယောက်နဲ့ တွေ့နိုင်မယ် ထင်သလား ။

ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား ။ ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာသူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ ။

ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှစစ်မယ် ကိုယ်ယူမယ့် မိန်းကလေးဆိုတာ အပျိုစင်ပဲ လိုချင်ကြတာ ။

ငါ မပါဘူးလို့ ပြောမယ့်ယောကျာ်းတွေ ရှိမှာပဲ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာဖြစ်ချင်ဖြစ်မယ် ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ ။

အပျိုစင်ဘဝဆိုတာ ကိုယ့်ကိုတန်ဖိုးထားပြီး တစ်ဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့်ယောကျာ်းတစ်ယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ ။

ပထမဆုံးအကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ ။ ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တစ်ခု ဖန်တီးပေးပါ။

ဒီစာစုလေးဖတ်ပြီးလို့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တစ်ယောက်လောက် ရှိမယ်ဆိုရင်တောင် ကျေနပ်မိတယ် ။