ရိုးရာဝတ်စုံနှင့်အတူ ဖြူစင်သောအပြုံးတွေကြောင့် ရေပန်းစားလာသော ၁၀နှစ်အရွယ် ကလေးမလေး

မိန်းကလေးငယ်သည် ဗီယက်နမ်နိုင်ငံ Quang Tri ပြည်နယ် Da Krong တောင်တန်းဒေသတွင် မွေးဖွားလာသော Pa Coလူမျိုးဖြစ်ပြီး ဆင်းရဲသောမိသားစုမှ ကြီးပြင်းလာခဲ့သည်။

မိန်းကလေးသည် ညီအစ်မနှစ်ယောက်သာရှိပြီး ကျောင်းတက်ရန်မတတ်နိုင်ပဲ မိသားစု စားဝတ်နေရေးအတွက် ငယ်ငယ်ရွယ်ရွယ်နှင့် လယ်ကွင်းထဲ သွားရောက် လုပ်ကိုင်ခဲ့သည်။

သို့သော်လည်း မိန်းကလေးသည် တစ်ချက်ငြီးငြူခြင်းမရှိပဲ တက်တက်ကြွကြွရှိကာ မျက်နှာလေးအမြဲပြုံးနေသည်။

မိန်းကလေးသည် ဆင်းရဲသောဘဝကို ဖြတ်သန်းနေရသော်လည်း ဖျော်ဖြေရေးအနုပညာရှင်တစ်ယောက်ဖြစ်ချင်သည့် အိပ်မက်ရှိခဲ့သည်။

ကံကောင်းချင်၍ မိန်းကလေးငယ်သည် လာရောက်လည်ပတ်သော ဓာတ်ပုံဆရာတစ်ယောက်နှင့်တွေ့ခဲ့ပြီး ပုံများစွာ ရိုက်ခဲ့ရာ ချစ်စရာကောင်းသော အပြုအမူလေးနှင့် ဆွဲဆောင်မှုရှိသော အပြုံးတွေကြောင့် လူမှုကွန်ယက်တွင် နာမည်ကြီးလာခဲ့သည်။

Crd,

Zawgyi





Crd,