တန်ဖိုးကြီးပြီး ထူးဆန်းတဲ့ အစွမ်းရှိသော ရှားပါးပစ္စည်းများ (သိန်းရာထောင်ချီ တန်ပါတယ်တဲ့)

သိန်းထောင်ချီ ရာချီ တန်တဲ့ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းများပါ။ ဒီပစ္စည်းတွေထဲက တခုခုကို သင်ရခဲ့မယ်ဆိုရင်တော့ သင့်ဘဝကြီး ပြောင်းလဲသွားနိုင်ပါတယ်..

ဝက်စွယ်ဂွင်းပိတ်လို ဆိုပါတယ်။ အစစ်ဆိုရင် ဒုတ်ဒါးပြီးသလို ပီယဘက်လဲ အစွမ်းထက်ပါတယ်။ ပစ္စည်းအစစ်ဆိုရင် တစ်လက်မကို သိန်း ၁၅၀ ကျော်တယ်လို့ သိရပါတယ်။

မိုးကြိုးသွားလို့ ခေါ်ပါတယ်။ ပစ္စည်းစစ်ရင် သိန်းနှစ်ရာအထိ ဈေးပေးရတယ်လို့ သိရပါတယ်။

ငုံးအမြူတေပါ အကုန်ပြီးပါတယ်တဲ့ ဈေးကတော့ မယုံမှာဆိုးလို့ မပြောတော့ပါဘူး။

ကြားသာကြားဖူးပြီးမမြင်ဖူးတဲ့ အံပွားပါ ဒုတ်ကနေ သနပ်အထိ အကုန်ပြီးပါတယ်။ ပိုင်ရှင် ကိုယ်တိုင် လေသနပ်နဲ့ ၁၀ လက်မ အကွာကနေ ပစ်တာကို ကျည်လွဲ ပါတယ်။

ပိုင်ရှင်ကိုယ်တိုင် ကြိုက်တဲ့နည်းနဲ့လာရောက်စမ်းသပ်နိုင်ကြောင်း စိန်ခေါ်ထားပါတယ် (မငိုကြေး သိန်း ၄၅၀၀ ပါတဲ့)၊ ကျည်လွဲတဲ့ ကျောက်အမြူတေပါတဲ့ ပစ္စည်း အစစ် အမှန်တကယ် အစမ်းသပ်ခံနိုင်ရင် ပေါက်ဈေးမရှိပါ။ ဆိုဈေး ပဲရှိပါတယ်။

အောက်လင်းမီးအိမ်ပါ။ ရေနံဆီ ထည့်ပြီးထွန်းလို့ ပစ္စည်းအစစ်ဆိုရင် တစ်ပတ်အထိ ခံနိုင်ပါတယ်။ ပစ္စည်း စစ်မစစ် စမ်းနည်းကတော့ ကြမ်းပြင် မှာ ဆန်စေ့ကြဲပြီး အုတ်သုံးခဲ ဖိုခနောင့်ဆိုင်ပြီး တစ်နာရီကြာရငိ မီးအိမ် အခြေမှာ ဆန်စေ့လာကပ်ရင် အစစ်ပါ။

အိန္ဒိယဘက်ကလာတဲ့ ရှေးဟောင်းအရုပ်ပါ။ ဓါတ်မီးနဲ့ထိုးရင် မီးမလင်းပါ။ မီးရောင်အောက်ထားရင် သူ့အလိုလို မီးအလင်းရောင် လျော့ကျသွားပါတယ်။ ရှေးဟောင်းပစ္စည်းဈေးကွက်မှာ တန်ကြေးအတော်ရှိပါတယ်။

ဘုရားဆင်းတုတော် မဟုတ်ပါ။ ညာတင်ကုတ်လို့ ခေါ်ကြပါတယ်။ အထက်လမ်းဆရာတွေ အသုံးပြုကြတဲ့အရုပ်ပါ ဆီမီး ပန်း ဆွမ်းတော်ကပ်ရင် မျက်ကွယ်ရာကို လှည့်သွားပါတယ်။ ဘာတွေ အသုံးဝင်မှန်း မသိပေမဲ့ သိန်း ၅၀ နီးပါး ဈေးပေးရပါတယ်။ စကစက အရာရှိတွေ အရမ်း ယုံကြည်ပါတယ်။

အင်းဝဘက်က တောင်သူတွေလယ်လုပ်ရင်း ရခဲ့တဲ့အရုပ်ပါ။ အင်းဝခေတ်လောကီပညာတွေ ထွန်းတောက်စဉ်က စီရင်ခဲ့တဲ့အရုပ်ပါ။

ရသေ့ကြောင် (သို့) ဦးမှတ်ကြီးလို့ ခေါ်ကြပါတယ်။ အိမ်တွေမှာ ထားရင် လူကိုခိုက်တတ်ပါတယ်။ လယ်ယာ လုပ်ကိုင်တဲ့ လူတွေ လယ်အစောင့် ယာအစောင့် အဖြစ် ထားခဲ့တဲ့ အရုပ်ပါ။

တန်ဖိုးဆိုတာ ယုံကြည်တဲ့သူတွေအတွက်တော့ အတိုင်းအတာတခုထိ မှန်ပါတယ်။

Zawgyi
သိန္းေထာင္ခ်ီ ရာခ်ီ တန္တဲ့ ရွားပါးၿပီး တန္ဖိုးႀကီးတဲ့ ပစၥည္းမ်ားပါ။ ဒီပစၥည္းေတြထဲက တခုခုကို သင္ရခဲ့မယ္ဆိုရင္ေတာ့ သင့္ဘဝႀကီး ေျပာင္းလဲသြားနိုင္ပါတယ္..

ဝက္စြယ္ဂြင္းပိတ္လို ဆိုပါတယ္။ အစစ္ဆိုရင္ ဒုတ္ဒါးၿပီးသလို ပီယဘက္လဲ အစြမ္းထက္ပါတယ္။ ပစၥည္းအစစ္ဆိုရင္ တစ္လက္မကို သိန္း ၁၅၀ ေက်ာ္တယ္လို႔ သိရပါတယ္။

မိုးႀကိဳးသြားလို႔ ေခၚပါတယ္။ ပစၥည္းစစ္ရင္ သိန္းႏွစ္ရာအထိ ေဈးေပးရတယ္လို႔ သိရပါတယ္။

ငုံးအျမဴေတပါ အကုန္ၿပီးပါတယ္တဲ့ ေဈးကေတာ့ မယုံမွာဆိုးလို႔ မေျပာေတာ့ပါဘူး။

ၾကားသာၾကားဖူးၿပီးမျမင္ဖူးတဲ့ အံပြားပါ ဒုတ္ကေန သနပ္အထိ အကုန္ၿပီးပါတယ္။ ပိုင္ရွင္ ကိုယ္တိုင္ ေလသနပ္နဲ႕ ၁၀ လက္မ အကြာကေန ပစ္တာကို က်ည္လြဲ ပါတယ္။

ပိုင္ရွင္ကိုယ္တိုင္ ႀကိဳက္တဲ့နည္းနဲ႕လာေရာက္စမ္းသပ္နိုင္ေၾကာင္း စိန္ေခၚထားပါတယ္ (မငိုေၾကး သိန္း ၄၅၀၀ ပါတဲ့)၊ က်ည္လြဲတဲ့ ေက်ာက္အျမဴေတပါတဲ့ ပစၥည္း အစစ္ အမွန္တကယ္ အစမ္းသပ္ခံနိုင္ရင္ ေပါက္ေဈးမရွိပါ။ ဆိုေဈး ပဲရွိပါတယ္။

ေအာက္လင္းမီးအိမ္ပါ။ ေရနံဆီ ထည့္ၿပီးထြန္းလို႔ ပစၥည္းအစစ္ဆိုရင္ တစ္ပတ္အထိ ခံနိုင္ပါတယ္။ ပစၥည္း စစ္မစစ္ စမ္းနည္းကေတာ့ ၾကမ္းျပင္ မွာ ဆန္ေစ့ႀကဲၿပီး အုတ္သုံးခဲ ဖိုခေနာင့္ဆိုင္ၿပီး တစ္နာရီၾကာရငိ မီးအိမ္ အေျခမွာ ဆန္ေစ့လာကပ္ရင္ အစစ္ပါ။

အိႏၵိယဘက္ကလာတဲ့ ေရွးေဟာင္းအ႐ုပ္ပါ။ ဓါတ္မီးနဲ႕ထိုးရင္ မီးမလင္းပါ။ မီးေရာင္ေအာက္ထားရင္ သူ႕အလိုလို မီးအလင္းေရာင္ ေလ်ာ့က်သြားပါတယ္။ ေရွးေဟာင္းပစၥည္းေဈးကြက္မွာ တန္ေၾကးအေတာ္ရွိပါတယ္။

ဘုရားဆင္းတုေတာ္ မဟုတ္ပါ။ ညာတင္ကုတ္လို႔ ေခၚၾကပါတယ္။ အထက္လမ္းဆရာေတြ အသုံးျပဳၾကတဲ့အ႐ုပ္ပါ ဆီမီး ပန္း ဆြမ္းေတာ္ကပ္ရင္ မ်က္ကြယ္ရာကို လွည့္သြားပါတယ္။ ဘာေတြ အသုံးဝင္မွန္း မသိေပမဲ့ သိန္း ၅၀ နီးပါး ေဈးေပးရပါတယ္။ စကစက အရာရွိေတြ အရမ္း ယုံၾကည္ပါတယ္။

အင္းဝဘက္က ေတာင္သူေတြလယ္လုပ္ရင္း ရခဲ့တဲ့အ႐ုပ္ပါ။ အင္းဝေခတ္ေလာကီပညာေတြ ထြန္းေတာက္စဥ္က စီရင္ခဲ့တဲ့အ႐ုပ္ပါ။

ရေသ့ေၾကာင္ (သို႔) ဦးမွတ္ႀကီးလို႔ ေခၚၾကပါတယ္။ အိမ္ေတြမွာ ထားရင္ လူကိုခိုက္တတ္ပါတယ္။ လယ္ယာ လုပ္ကိုင္တဲ့ လူေတြ လယ္အေစာင့္ ယာအေစာင့္ အျဖစ္ ထားခဲ့တဲ့ အ႐ုပ္ပါ။

တန္ဖိုးဆိုတာ ယုံၾကည္တဲ့သူေတြအတြက္ေတာ့ အတိုင္းအတာတခုထိ မွန္ပါတယ္။