လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ (၁၄)မျိုး

ဆားကို နှစ်ပေါင်း ၆၀၀၀ကျော်လောက်ထဲက ကောင်းစွာအသုံးပြုခဲ့ကြပါတယ်။ အစားအစာတွေ ချက်ပြုတ်ဖို့အတွက် အစားအစာအမျိုးမျိုးကို ထိန်းသိမ်းဖို့အတွက်၊ မီးလောင်မှုကို ထိန်းချုပ်ဖို့နဲ့ လျော့ချဖို့အတွက် စတဲ့အခြေအနေအမျိုးမျိုးအတွက် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝှမ်းက အစားအစာတွေကို ဘာ့ကြောင့် သယ်ယူပို့ဆောင်နိုင်သလဲဆိုတဲ့ အဓိကအကြောင်းရင်းများထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဆားက နေရာတိုင်းနီးပါးရနိုင်ပြီး ဈေးပေါပါတယ်။ ဆားကို ဒီထက်ပိုပြီး ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုလို့ရသေးသလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ အဝတ်ဟောင်းတွေကို အရောင်ပြန်တင်တဲ့အခါ

အရောင်လွှင့်နေတဲ့ အဝတ်ဟောင်းတွေကို အသစ်လိုတောက်ပသွားအောင် ဆားနဲ့ စမ်းကြည့်နိုင်ပါတယ်။ ဆား ၄ပုံ၁ပုံထည့်ထားတဲ့ ဆားရည်တစ်ခွက်ထဲမှာ သင်အဝတ်တွေကို စိမ်ပါ။ လျှော်ပြီးသွားရင် ရလဒ်တွေက အံသြစရာဖြစ်လာမှာပါ။

၂။ ပန်းတုတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ

ပလတ်စတစ်အလှပန်းတွေက ကြာကြာထားရင် ဖုန်တွေတတ်လာတတ်ပါတယ်။ ဒီပန်းအတုတွေကို သန့်ရှင်းဖို့အတွက် အလွယ်နည်းကတော့ ပလတ်စတစ်အိတ်ထဲကို ပန်းစွပ်ပြီး ဆားရည်ထည့်ပါ။ လှုပ်ပေးပါ။ အဆိုပါဆားက ဖုန်နင့် ဖုန်မှုန့်တွေကို မကျန်အောင်ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ်။

၃။ နှုတ်ခမ်းနီရာများကို ဖယ်ရှားဖို့

long-lasting လိုနှုတ်ခမ်းနီများက ရေဖြင့်ဆေးလို့ မပျက်နိုင်ပါဘူး။ ဖန်ခွက်တွေ၊ ဖန်ထည်တွေမှာ နှုတ်ခမ်းနီစွန်းပေခဲ့ရင် ဆားဖြင့်နှုတ်ခမ်းနီကို ပွတ်တိုက်ပေးပြီး ရေဖြင့်ဆေးပါ။ အစွန်းတွေ ပျက်သွားပါလိမ့်မယ်။

၄။ ဈေးပေါပြီး ထိရောက်တဲ့ skin exfoliant

ဆားက ခြောက်သွေ့တဲ့အသားအရေကို ဂရုစိုက်ဖို့ ရွေးချယ်စရာကောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး သင့်သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။

အထူးသဖြင့် ရေနွေးဖြင့် ရေချိုးပြီးတဲ့အချိန်မှာ လိမ်းရင် ပိုထိရောက်ပါတယ်။ သင့်အသားအရေစိုစွက်နေတဲ့အချိန်မှာ လိမ်းပြီး စက်ဝိုင်းပုံရွေ့လျားမှုဖြင့် နှိပ်ပေးရပါမယ်၊ ရလဒ်ပိုကောင်းချင်ရင်တော့ ပင်လယ်ဆားကို အသုံးပြုပါ။

၅။ သွားတိုက်ဆေးထဲထည့်သုံးလို့ရပါတယ်

ဆားမှာ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများ ရှိတာကြောင့် သွားပိုးတွေကို ကင်းစေပါတယ်။ အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး သွားတွေကို ဖြူဝင်းစေပါတယ်။

နေ့ချင်းညချင်းတော့ သင့်သွားဖြူမှာ မဟုတ်ပါဘူး။ ရေစိုနေတဲ့ သွားတိုက်တံပေါ်မှာ ဆားထည့်ပြီး သင့်သွားတွေကို ညင်သာစွာ တိုက်ပေးလို့ရသလို သွားတိုက်ဆေးပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး တိုက်ပေးလို့လည်း ရပါတယ်။

၆။ ကြက်ဥကောင်း/မကောင်း စမ်းသပ်ဖို့

ကြက်ဥတွေကို ရေခဲသေတ္တာထဲ ဝယ်ထည့်ထားပြီးရင် မေ့နေတတ်ပါတယ်။ ကြာလာတဲ့အခါ ကြက်ဥတွေ ကောင်းမကောင်းဆိုတာ မသိနိုင်ပါဘူး။ ကြက်ဥတွေကို လတ်/မလတ် ဆားဖြင့် စမ်းသပ်ကြည့်နိုင်ပါတယ်။

အိမ်သုံးဆား ၂ဇွန်းကို ရေတစ်ခွက်ထဲထည့်ပြီး ကြက်ဉကို ထည့်ကြည့်ပါ။ ခွက်အောက်ခြေကို ကျသွားရင် စားလို့ရပါသေးတယ်၊ ပေါလောပေါ်နေရင် မစားပါနဲ့တော့။

၇။ ဘောက်တွေကို ဖယ်ရှားဖို့

ခေါင်းမလျှော်ခင် ဆားအနည်းငယ်ကို ဦးရေပြားပေါ်သို့ ဖြူးပေးပါ။ ဦးရေပြားကို အနည်းဆုံး ငါးမိနစ်လောက် ဂရုတစိုက်နဲ့ သေသေချာချာ နှိပ်ပေးပါ။ ပြီးမှာ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ဘောက်တွေကို သေစေပြီး ဆံပင်ကို သန်စွမ်း ရှည်လျားစေပါတယ်။

၈။ သွားတိုက်တံ ကြာရှည်ခံအောင်

သွားတိုက်တံအသစ်ကို ကြာရှည်ခံအောင် အသုံးမပြုခင် ဆားရည်ထဲမှာ စိမ်ပေးထားပါ။ ကြာရှည်ခံစေဖို့ ကူညီပေးပါလိမ့်မယ်။ ဘရပ်ပေါ်မှာ ဆားဖြူးပြီး ရေထဲမှာ မြှုပ်ထားပေးနိုင်ပါတယ်။

၉။ နှုတ်ခမ်းတွေကို နူးညံ့ချောမွေ့လာအောင်

ဆားဖြင့် သင့်အသားအရေနှင့် နှုတ်ခမ်းကို exfoliating လုပ်ပေးလို့ရပါတယ်။ နှုတ်ခမ်းတွေ ခြောက်သွ့ ကြမ်းတမ်းတဲ့အခါ ဆားဖြင့် ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးမှရေဖြင့်ဆေးပါ။

၁၀။ ငါးကန်ကို သန့်ရှင်းစေပါတယ်

ငါးကန်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ဆားဖြင့် ငါးကန်အတွင်းပိုင်းကို ပွတ်ပေးပြီးမှ ရေဖြင့်ဆေးပါ။

၁၁။ ပိုက်လိုင်း ပိတ်နေတဲ့အခါ

သင့်အိမ်မှာ ဘေစင်ပိုက် ပိတ်နေလျှင် ဆားခွက်တစ်ဝက်ကို လောင်းထည့်ပြီး ရေနွေးပူဖြင့် လောင်းချပါ။ ပိုက်ထဲမှာပိတ်နေတဲ့အရာတွေ ကျသွားပါလိမ့်မယ်။

၁၂။ ဝိုင်အစွန်းအထင်းတွေကို ဖယ်ရှားတဲ့အခါ

အင်္ကျီ၊ ကော်ဇောတွေပါ်မှာ ဝိုင်တွေဖိတ်ကျရင် အစွန်းအထင်းတွေ မှေးမှိန်သွားအောင် ပထမဦးဆုံး ရေလောင်းချလိုက်ပါ။ အစွန်းအထင်းနေရာကို ဆားဖြင့် ဖုံးအုပ်ထားပြီး ၁၀မိနစ် ၁၅မိနစ်လောက်နေရင် ပွတ်တိုက်ပေးပါ။

၁၃။ လည်ချောင်းနာကို သက်သာစေပါတယ်

ဆားရည်က လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ချွဲတွေကို ကျစေပြီး ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်၊ ရေတစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ပြီး ၁မိနစ်လောက် ပလုပ်ကျင်းပေးပါ။ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများရှိတာကြောင့် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၁၄။ ပရိဘောဂတွေပေါ်က watermarks တွေကို ဖယ်ရှားဖို့

သစ်သား၊ ကြိတ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေပေါ်မှာ ကော်ဖီခွက်တွေတင်တာ၊ ရေကျတာတွေက အစွန်းအကွက်တွေကို ဖြစ်စေပါတယ်။ ဒီအစွန်းတွေကို ဖယ်ရှားဖို့ ခက်နေရင် ဆားနည်းနည်းဖြူးပြီး ရေမြုပ်စိုတစ်ခုနှင့် ညင်သာစွာ ပွတ်ကြည့်ပါ။ အစွန်းအကွက်တွေကို ဖယ်ရှားပစ်နိုင်ပါလိမ့်မယ်။

Crd,