၁၁ ရက်အတွင်း မဖြစ်နိုင်စရာကောင်းအောင် ထီနှစ်ကြိမ်ပေါက်ခဲ့ပြီးနောက် သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ ကံဇာတာကောင်းလွန်းတဲ့အမျိုးသားတစ်ဦး

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ အမေရိကန်မီဒီယာများဟာ South Carolina ပြည်နယ်ရှိ Mega Millions Quick Pick ထီရလဒ်များအကြောင်းကို အစီရင်ခံပေးခဲ့ကြပါတယ်။

အနိုင်ရရှိသူနှင့်ပတ်သက်တဲ့ သတင်းအချက်အလက်ဟာ ချက်ချင်းပင် လူတိုင်းကိုရူးသွပ်သွားစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ရဲ့မဲနှိုက်ပွဲတွင် Grand Strand ဧရိယာမှအမျိုးသားတစ်ဦးဟာ ဒေါ်လာ ၄၀,၀၀၀ တန်ထီဆုကို ပေါက်ခဲ့ပါတယ်။

သူဟာ နံပါတ်တစ်ခုကို လွဲချော်သွားခဲ့တာကြောင့် ဒေါ်လာတစ်သန်းထီဆုကို လွဲချော်သွားခဲ့ရပါတယ်။ နောက်ထပ်လာမဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြုလုပ်မယ့်မဲရလဒ်ကြေငြာချိန်မတိုင်ခင်မှာတော့ ပြောခဲ့သမျှဟာတန်ဖိုးရှိမှာမဟုတ်ပါဘူး။

သို့ပေမဲ့ ထို့နေ့မှာ အဆိုပါအမျိုးသားဟာ နောက်တစ်ကြိမ် ထီထပ်ပေါက်သွားခဲ့ပြန်ပါတယ်။ အဆိုပါအမျိုးသားအတွက် ယခုအကြိမ်မှာ ထီပေါက်တဲ့အပိုဆုကြေးကတော့ ဒေါ်လာ ၃ သန်းအထိ ကို ရှိနေပါတယ်။

ဆိုလိုတာက အဆိုပါအမျိုးသားဟာ ၂ပတ်အတွင်း ၂ကြိမ်ဆက်တိုက်ထီပေါက်ခဲ့ပြီး ယခုအခါ သူဟာ လက်ထဲရှိ ဒေါ်လာ ၃ သန်းနှင့်အတူ သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ၎င်းပေါက်ခဲ့တဲ့ Mega Millions Quick Pick ထီနှစ်ကြိမ်စလုံးကို Myrtle Beach ရှိ Murphy USA ဓာတ်ဆီဆိုင်မှာသာ ထိုးခဲ့ကြောင်း CNN သတင်းက ဖော်ပြထားပါတယ်။

သူဟာ အနီးအနားရှိ Walmart စူပါမားကတ်တွင် မကြာခဏစျေး၀ယ်လာလေ့ရှိပြီး ၎င်းဓာတ်ဆီဆိုင်အနီးတွင် ရပ်ကာ သူ့ရဲ့ကားကို ဆီဖြည့်ရင်း lotto အနည်းငယ်ကို ကံစမ်းလေ့ရှိပါတယ်။

အဆိုပါအမျိုးသားက ဒုတိယအကြိမ်အနိုင်ရရှိကြောင်းကို သိရှိခဲ့ရပြီးနောက်မှာ စာနယ်ဇင်းများနှင့်ဝေမျှခြင်းအနေဖြင့် အဆိုပါအမည်မသိကံကောင်းသူက “ ငါအဲဒါကိုယုံလို့မရခဲ့ဘူး ၊ ငါသတင်းတွေက အတော်လေး ကယက်ထသွားတော့ ငါ့မိသားစုကတောင် shock ဖြသ်သွားခဲ့ကြတယ် ” ဟု ဆိုခဲ့ပါတယ်။

အဆိုပါအမျိုးသားကဲ့သို့ နှစ်ကြိမ်ဆက်တိုက်အနိုင်ရဖို့က အတော်လေးကို မဖြစ်နိုင်ပါဘူး။ ထီဆုအများကြီးပေါက်ခဲ့တဲ့သူရဲ့ကံတရားဟာ အမေရိကန်ထီပေါက်ခဲ့သူများရဲ့သမိုင်းမှာ သူသာ ပထမဆုံးအကြိမ်သာဖြစ်တာပါတယ်။

၎င်းမတိုင်ခင်မှာ အမေရိကန်ထီစနစ်ဟာ ကြီးကြီးမားမားဆုကြီးနှစ်ကြိမ်ကို မှတ်တမ်းတင်ခဲ့ပေမဲ့လည်း ၎င်းအနိုင်ရရှိမှုနှစ်ကြိမ်က အဆိုပါအမျိုးသားကဲ့သို့ ၂ပတ်အတွင်းမဟုတ်ဘဲ တစ်ကြိမ်ပေါက်ပြီး ၃ နှစ်အကြာမှ နောက်တစ်ကြိမ်ထပ်ပေါက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

အဆိုပါအမျိုးသားရဲ့ကံဇာတာကတော့ နည်းနည်းနောနောမဟုတ်တဲ့ ဇာတာကြီးလို့ဆိုရမှာပါဗျာ။

Zawgyi
ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၄ ရက္ေန႕မွာ အေမရိကန္မီဒီယာမ်ားဟာ South Carolina ျပည္နယ္ရွိ Mega Millions Quick Pick ထီရလဒ္မ်ားအေၾကာင္းကို အစီရင္ခံေပးခဲ့ၾကပါတယ္။

အနိုင္ရရွိသူႏွင့္ပတ္သက္တဲ့ သတင္းအခ်က္အလက္ဟာ ခ်က္ခ်င္းပင္ လူတိုင္းကို႐ူးသြပ္သြားေစခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၆ ရက္ေန႕ရဲ႕မဲႏွိုက္ပြဲတြင္ Grand Strand ဧရိယာမွအမ်ိဳးသားတစ္ဦးဟာ ေဒၚလာ ၄၀,၀၀၀ တန္ထီဆုကို ေပါက္ခဲ့ပါတယ္။

သူဟာ နံပါတ္တစ္ခုကို လြဲေခ်ာ္သြားခဲ့တာေၾကာင့္ ေဒၚလာတစ္သန္းထီဆုကို လြဲေခ်ာ္သြားခဲ့ရပါတယ္။ ေနာက္ထပ္လာမဲ့ ဇူလိုင္လ ၂၇ ရက္ေန႕မွာ ျပဳလုပ္မယ့္မဲရလဒ္ေၾကျငာခ်ိန္မတိုင္ခင္မွာေတာ့ ေျပာခဲ့သမွ်ဟာတန္ဖိုးရွိမွာမဟုတ္ပါဘူး။

သို႔ေပမဲ့ ထို႔ေန႕မွာ အဆိုပါအမ်ိဳးသားဟာ ေနာက္တစ္ႀကိမ္ ထီထပ္ေပါက္သြားခဲ့ျပန္ပါတယ္။ အဆိုပါအမ်ိဳးသားအတြက္ ယခုအႀကိမ္မွာ ထီေပါက္တဲ့အပိုဆုေၾကးကေတာ့ ေဒၚလာ ၃ သန္းအထိ ကို ရွိေနပါတယ္။

ဆိုလိုတာက အဆိုပါအမ်ိဳးသားဟာ ၂ပတ္အတြင္း ၂ႀကိမ္ဆက္တိုက္ထီေပါက္ခဲ့ၿပီး ယခုအခါ သူဟာ လက္ထဲရွိ ေဒၚလာ ၃ သန္းႏွင့္အတူ သန္းႂကြယ္သူေဌးျဖစ္လာခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားဟာ ၎ေပါက္ခဲ့တဲ့ Mega Millions Quick Pick ထီႏွစ္ႀကိမ္စလုံးကို Myrtle Beach ရွိ Murphy USA ဓာတ္ဆီဆိုင္မွာသာ ထိုးခဲ့ေၾကာင္း CNN သတင္းက ေဖာ္ျပထားပါတယ္။

သူဟာ အနီးအနားရွိ Walmart စူပါမားကတ္တြင္ မၾကာခဏေစ်း၀ယ္လာေလ့ရွိၿပီး ၎ဓာတ္ဆီဆိုင္အနီးတြင္ ရပ္ကာ သူ႕ရဲ႕ကားကို ဆီျဖည့္ရင္း lotto အနည္းငယ္ကို ကံစမ္းေလ့ရွိပါတယ္။

အဆိုပါအမ်ိဳးသားက ဒုတိယအႀကိမ္အနိုင္ရရွိေၾကာင္းကို သိရွိခဲ့ရၿပီးေနာက္မွာ စာနယ္ဇင္းမ်ားႏွင့္ေဝမွ်ျခင္းအေနျဖင့္ အဆိုပါအမည္မသိကံေကာင္းသူက ငါအဲဒါကိုယုံလို႔မရခဲ့ဘူး ၊ ငါသတင္းေတြက အေတာ္ေလး ကယက္ထသြားေတာ့ ငါ့မိသားစုကေတာင္ shock ျဖသ္သြားခဲ့ၾကတယ္ ဟု ဆိုခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားကဲ့သို႔ ႏွစ္ႀကိမ္ဆက္တိုက္အနိုင္ရဖို႔က အေတာ္ေလးကို မျဖစ္နိုင္ပါဘူး။ ထီဆုအမ်ားႀကီးေပါက္ခဲ့တဲ့သူရဲ႕ကံတရားဟာ အေမရိကန္ထီေပါက္ခဲ့သူမ်ားရဲ႕သမိုင္းမွာ သူသာ ပထမဆုံးအႀကိမ္သာျဖစ္တာပါတယ္။

၎မတိုင္ခင္မွာ အေမရိကန္ထီစနစ္ဟာ ႀကီးႀကီးမားမားဆုႀကီးႏွစ္ႀကိမ္ကို မွတ္တမ္းတင္ခဲ့ေပမဲ့လည္း ၎အနိုင္ရရွိမႈႏွစ္ႀကိမ္က အဆိုပါအမ်ိဳးသားကဲ့သို႔ ၂ပတ္အတြင္းမဟုတ္ဘဲ တစ္ႀကိမ္ေပါက္ၿပီး ၃ ႏွစ္အၾကာမွ ေနာက္တစ္ႀကိမ္ထပ္ေပါက္ခဲ့ျခင္းသာ ျဖစ္ပါတယ္။

အဆိုပါအမ်ိဳးသားရဲ႕ကံဇာတာကေတာ့ နည္းနည္းေနာေနာမဟုတ္တဲ့ ဇာတာႀကီးလို႔ဆိုရမွာပါဗ်ာ။