ချင်းတောင်သို့ နိုင်ငံရေးအရခိုလှုံခဲ့သော ရွေဂျိုးဖြူမင်းသား မောင်ဖိုးသက်၏ သမိုင်းအကျဉ်း

တစ်ချိန်က ချင်းနယ်ချဲ့တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (ဗိုလ်စွန်ပက်) နှင့်အတူ နယ်ချဲ့ဗြိတိသျှတို့အား ရဲဝံ့စွာတော်လှန်တိုက်ခိုက်ခဲ့သော ရွှေဂျိူးဖြူမင်းသား၏ ငယ်နာမည်မှာ မောင်ဖိုးသက်ဖြစ်ပြီး မင်တုန်းမင်း၏ ညီတော် ကနောင်မင်းသား (ထိပ်တင်ကောက်) နှင့်သူ၏ နန်းမရတဲ့ ကိုယ်လုပ်တော်မိဘုရားနှင့် ရရှိသောသားဖြစ်သည်။

ထို့ကြောင့် မင်းမျိုးမင်းနွယ်အဖြစ် တရားဝင်သတ်မှတ်ခြင်း မခံခဲ့ရပေ။ ဗြိတိသျှအစိုးရမှတ်တမ်းများတွင်လည်း သူ့အား မင်းသားအတုအယောင်ဟု ခေါဆိုခဲ့ကြသည်ကို တွေ့ရှိနိုင်သည်။
ဗြိတိသျှတို့ မြန်မာပြည်ကိုမသိမ်းပိုက်မီတွင် မောင်ဖိုးသက်မှာ သရက်မြို့တွင် ရောဂါကာကွယ်ရေး ဆေးဆရာဖြင့် အသက်မွေး၀မ်းကြောင်း ပြုသူဖြစ်သည်။

ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်ပြီသောအခါ ရွှေဂျိူးဖြူမင်းသားအမည်ခံယူပြီး နယ်ချဲ့တော်လှန်ရေး စတင်ခဲ့သည်။ ၁၈၈၇ ခုနှစ်ခန့်မှစပြီး သူသည် မြန်မာပြည်အလယ်ပိုင်းတွင် တော်လှန်ရေးလုပ်ငန်းများ စတင်လှုပ်ရှာရာမှ နာမည်ရလာပြီး နောက်လိုက် ၂၀၀ ခန့်ရရှိခဲ့သည်။

ဗြိတိသျှတို့မှလည်း သူ့အား အပူတစ်ပြင်းလိုက်ရှာကြရတော့သည်။ ၁၈၈၇ ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့တွင် ရွှေဂျိူးဖြူမင်းသား နှင့် သူ့လက်ထောက် မောင်ဘို့သူကြီး (မောင်သူကြီး) တို့သည် မင်တိုင်းပင်ရွာ နှင့် ၁၂ မိုင်အကွာ၊ မြောက်အရပ်တွင်ရှိသော ချင်းဗျစ်ရွာတွင် ရောက်ရှိကြောင်းသတင်းရရှိခဲ့ကြသည်။

မောင်သူကြီးမှာ ဗြိတိသျှအစိုးရလက်အောက်တွင် ထိုဒေသ၏ ရဲမှူးကြီး (Chief Constable) အဖြစ်တာ၀န်ထမ်းဆောင်ခဲ့သော်လည်း တော်လှန်ရေးတွင် လျှို့ဝှက်စွာပါ၀င်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အောက်တိုဘာလ ၈ ရက်နေ့တွင် Lt. Plumer ဦးဆောင်သော Hyderabad Contingent မှတပ်သား ၅၀က သူနေထိုင်ရာ ချောင်း၀ကိုတိုက်ခိုက်ခဲ့ရာတွင် သူလွတ်မြောက်သွားခဲ့သည်။

ဗြိတိသျှတို့ သိမ်းဆည်းခဲ့မိသော စာရွက်စာတမ်းများအရ ရွှေဂျိူးဖြူမင်းသား နှင့် မောင်သူကြီးတို့သည် ဗြိတိသျှတော်လှန် ရေးကြီးအား နို၀င်ဘာလတွင် တစ်ချိန်တည်းလုပ်ဆောင်ရန်အတွက် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည် နှင့် ရှမ်းပြည်နယ်မှ တော်လှန်ရေးသမားများနှင့် စီစဉ်ခဲ့ကြသည်ကို ရိမ်မိသွားကြသည်။

ထိုအချိန်မှစပြီး သူတို့ခန်အပ်ထားသော ရဲမှူးကြီးသည်လည်း တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်ကို သိရှိခဲ့ကြသည်။ မောင်သူကြီးသည် ချင်းဗျစ်၀န်းကျင်တွင် တော်လှန်ရေးအတွက် တပ်သား ၂၀၀၀ ကျော်စုစောင်းခဲ့သည်ကိုလည်း ဗြိတိသျှတို့ သတင်းရရှိခဲ့ကြသည်။

ထို့ကြောင့် ဗြိတိသျှစစ်တပ်သည် အချိန်မစွဲတော့ပဲ ၁၈၈၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်ညသန်းခေါင်းယံ အချိန်တွင် ချင်းဗျစ်ရွာသို့ စတင်ချီတက်ခဲ့ကြသည်။ ဗြိတိသျှစစ်ကြောင်းတွင် ချင်းတွင်းတပ်ရင်းမှ တပ်ရင်းမှူး Major. J.J Kennedy, အလုံ (ယခုမုံရွာမြို့့၏မြောက်အရပ်ရှိ) ဒု-ခရိုင်၀န် Captain Beville,

ရဲမှူးကြီး Mr. Annesley၊ Lt. Plumer ဦးဆောင်သော 2nd Hyderabad Infantry မှရိုင်ဖယလ်ကိုင်တပ်သား ၇၅ ဦး နှင့် Captain Welchman ဦးဆောင်သော မြင်းစီးစစ်တပ်မှ တပ်သား ၃၀ တိုသည် မင်တိုင်းပင်ရွာမှထွက်ခွာပြီး ရွှေဂျိူးဖြူမင်းသား နှင့် မောင်သူကြီးတို့ စခန်းချရာ ချင်းဗျစ်ရွာသို့ ချီတက်ခဲ့ကြသည်။

Major. J.J Kennedy နှင့် မြင်းစီးတပ်ဖွဲ့သည် ချင်းဗျစ်ရွာသို့ အရင်ရောက်နှင့်ပြီး ရွာရှိဘုန်းကြီးကျောင်းအနားတွင် ကင်းလှည့်နေသည့် မြန်မာ့မျိုးချစ် တော်လှန်ရေးတပ်သား များနှင့်ထိပ်တိုက် ရင်ဆိုင်ရတော့သည်။

ကင်းစောင့်စစ်သည်များမှ ချင်းချင်းပစ်ခတ်ခဲ့ရင်း ကျန်လူများကို သတိပေးခဲ့ကြရာ တော်လှန်ရေးသမားများ ထွက်ပြေးခဲ့ကြသည်။ Major. J.J Kennedy နှင့် မြင်းစီးတပ်ဖွဲ့သည်လည်း ပင်မစစ်ကြောင်းကို မစောင့်တော့ဘဲ တပ်သား ၂၀ နှင့်အတင်းလိုက်ခဲ့ကြသည်။

ရွှေဂျိူးဖြူမင်းသား နှင့် မောင်သူကြီးတို့သည် ဗြိတိသျှစစ်အင်အား နည်းပါသည်ကိုတွေ့မြင်ရသောအခါ နောက်ပြန်လှည့်ပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ ဘုန်းကြီးကျောင်းတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်စွားဖြစ်ပွားခဲ့သည်။ Major. J.J Kennedy နှင့် Captain Beville တို့သည်လည်း ကျရှုံးခဲ့ရသည်။

တိုက်ပွဲဖြစ်ပွားစဉ် ဗြိတိသျှပင်မစစ်ကြောင်းရောက်ရှိလာပြီး တော်လှန်ရေးသမားများအား အနိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ရွှေဂျိူးဖြူမင်းသား နှင့် မောင်သူကြီးတို့သည်လည်း ဆင်စီးပြီး ထွက်ပြေးခဲ့ကြရသည်။ မျိုးချစ်တော်လှန်ရေးဘက်မှ တပ်သား ၄၀ ခန့်ကျရှုံးခဲ့သည်။

ဗြိတိသျှတို့ဘက်တွင် Major. Kennedy၊ Captain Beville တို့ကျရှုံး မြင်းစီးစစ်သား ၂ ယောက်နှင့် မြင်းနှစ်ကောင်ဒဏ်ရာရရှိသည်။

ထိုမှတစ်ဆင့် ရွှေဂြိုးဖြူမင်းသားနှင့် မောင်သူကြီးတို့သည် ဗြိတိသျှစစ်တပ်၏ လိုက်လံရှာဖွေခြင်းကိုခံခဲ့ရသည်။ ၁၈၈၈ ခုနှစ် တန်ခူး (April) လတွင် မင်းသားတို့အဖွဲ့သည် မန်ကျည်းရွာ မှ တောင်ပေါလေးရွာ သို့ဆုတ်ခွာခဲ့သည်။

ထိုမှတစ်ဆင့်ယောနယ်စပ် ဗန့်ကျီ (Pagyi), သင်သား နှင့် ကျောက်ပေါက်ရွာသို့ ထွက်ပြေးခဲ့ကြသည်။ ကျောက်ပေါက်ရွာသည် စီဟောင်းရွာနားတွင် ရှိပြီး သူတို့ရောက်သည့်သတင်း ဗြိတိသျှတို့ခန့်အပ်ထားသော ကလေးစော်ဘွားမောင်ပါကြီး ကြားကြားခြင်း ဗိုလ်မြတ်စိုး နှင့် ဗိုလ်ကန်ဆောင် တို့အားတပ်သား ၁၁ ယောက်နှင့်အတူ စေလွှတ်ပြီး သူ့အား ဖမ်းဆီးရန်ကြိုးစားခဲ့သေးသည်။

ထိုအချိန်တွင်မူ မင်းသားတို့အဖွဲ့တွင် စစ်သားအယောက် ၂၀ ခန့်သာကျန်ရစ်ခဲ့သည်။ ကျောက်ပေါက်မှတစ်ဆင့် တာရွှန်းတို့ထံသို့ ခိုလှုံခွင့်တောင်းယူခဲ့ပြီး ချင်းနယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်စွန်ပက် ကလည်းသူ့အား လက်ခံခဲ့သည်။

ဗိုလ်စွန်ပက် ဦးဆောင်သော တာရွှန်းကောင်စီ မှ ရွှေဂျိူးဖြူမင်းသား နှင့်ပေါင်းအပါများအား ကာကွယ်ရန် ကတိသစ္စာဆိုခဲ့ကြသည်။ တာရွှန်းတို့သည် သူ့အား မဏိပူရမြစ်အနောက်ဘက်ခြမ်းရှိ စီဟောင်းရွာအနားတွင်ရှိသော ချင်းကိုင်း (ယခုချင်းကင်း) ရွာတွင် ချင်းစစ်သား ၃၀၀ နှင့်အတူ ခိုလှံုံစေခဲ့သည်။

ထိုအချိန်တွက် ကလေးစော်ဘွားဟောင်းမောင်ရစ်၊ ချင်း-မြန်မာသံတမန်ဆက်ဆံရေးမှူး ချင်းကဲမောင်သာဒွန်း နဲ့အပေါင်းအပါတို့သည် လည်းမန္တလေးနှင့် အလုံထောင်မှ ထွက်ပြေးကာ တာရွှန်းတို့၏မြို့တော် ဖလမ်းတွင် ၀င်ရောက်ခိုလှုံပြီးဖြစ်သည်။

တာရွှန်းဆိုသည်မှာ ယခုဖလမ်းမြို့နယ်အတွင်းမှ မျိုးနွယ်စုတစ်ခုဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်သည် တာရွှန်းမျိုးနွယ်စုမှဖြစ်ပြီး တာရွှန်းတို့သည် အုပ်ချုပ်ရေးတွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး လူထုမှရွေးချယ်တင်မြောက်သော အဖွဲ့၀င် ၅ ဦးပါ၀င်သည့် ဖလမ်းကောင်စီ (ဝါ) တာရွှန်းကောင်စီ မှအုပ်ချုပ်ခဲ့ကြသည်။

ဗိုလ်ကြွန်ဘိခ်သည် သံတမန်ရေးရာကျွမ်းကျင်သူ နိုင်ငံရေးအမြော်အမြေင်ရှိသူ ဖြစ်သည်နှင့်အမျှ အသက် ၂၂ နှစ်အရွယ်တွင် ကောင်စီ၀င်အဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်သည်။ ဗြိတိသျှတို့ချင်းတောင်မသိမ်းပိုက်မီတွင် တာရွှန်းတို့၏ ရွာမသည် ဖလမ်းဖြစ်ခဲ့သည်။

ဗြိတိသျှတို့ ချင်းတောင်သိမ်းပိုက်ပြီးသောအခါ သူတို့နေထိုင်ရန် စခန်းတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုနေရာသည် ယခုဖလမ်းမြို့ တစ်ချိန်တုန်းက ချင်းဝိသေသတိုင်းမြို့တော်ပင်ဖြစ်သည်။

ဗြိတိသျှတို့စခန်းတည်ချိန်တွင် တာရွှန်းတို့၏ ရွာမနာမည်ပါတစ်ခါတည်း သိမ်းယူပြီး စခန်းအား ဖလမ်းဟုခေါ်ဆိုခဲ့ကြပြီး တာရွှန်းရွာမကိုမူ သူတို့၏မျိုးနွယ်စု နာမည် တာရွှန်းအဖြစ် ခေါ်ယူစေခဲ့ပြီးနောက် ယနေ့တိုင် တာရွှန်းရွာအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ဖလမ်းကောင်စီသည် ကလေး-ကဘော်ဒေသကို အခြားချင်းမျိုးနွယ်စုများမှ တိုက်ခိုက်သည့်ရန်မှ ကာကွယ်လေ့ရှိသည်။ ထို့သို့ ကလေး-ကဘော် ဒေသအား အကာအကွယ်ပေးနိုင်သည့်အတွက် ဗိုလ်ကြွှန်ဘိခ်အား စော်ဘွားများမှ မြန်မာနန်းတွင်း၀င်၀န်ကြီးနှင့်အဆင့်တူသော “ချင်းမင်းကြီး” ဘွဲ့နာမဖြင့် ဂုဏ်ပြုခေါ်ဆိုခဲ့ကြသည်။

၁၈၈၈ခုနှစ် မတ်လ ၃ ရက်နေ့တွင် တာရွှန်း နှင့် စီးယင်းစစ်သည်တော် အယောက် ၄၀၀-၅၀၀ ခန့်သည် ဗြိတိသျှအစိုးရလက်အောက်၊ ကလေးစော်ဘွား မောင်ပါကြီး အုပ်ချုပ်ထားသော စီဟောင်း (Sihaung) နှင့် အင်ဒင်း (Indin) ရွာကိုဝန်းရံထားကြသည်။

ဗိုလ်ကြွန်ဘိခ်၏ မြန်မာ့ရေးရာအကြံပေး ပုဂိုလ်များဖြစ်သော မောင်နှဲ၊ ပါးလောက် (Palok)၊ မုန်တုန် (Monton) နှင့် မောင်ရွှေရိုးတိုအပြင် ချင်း-မြန်မာသံအမတ်ဟောင်း မောင်သာဒွန်း နှင့် တောင်တွင်းကြီးရွာမှ မောင်လွန်မှူး တို့သည်လည်း လိုက်ပါခဲ့ကြသည်။

ဗိုလ်ကြွန်ဘိခ် အကြံပေးအကြီးအကဲဖြစ်သော မောင်နှဲသည် အင်ဒင်းစော်ဘွားမောင်ပါကြီးအား ချင်းမင်းကြီးနှင့် စီဟောင်းရွာအနားရှိ ချင်းကိုင်းရွာသို့ တွေ့ဆုံရန် အမိန့်ပေးခဲ့သည်။ နောက်တစ်နေ့နံနက်တွင် တာရွှန်း စစ်သည်တော် ၂၅၀-၃၀၀ ခန့်ထပ်မံ ရောက်ရှိလာရာ မောင်းပါကြီးအား ချင်းကိုင်းသို့ မေလ ၆ရက်နေ့တွင် သယ်ဆောင်သွားကြသည်။

စော်ဘွားမောင်ပါကြီးသည် စီဟောင်းရွာတွင် တစ်ညအိပ်ပြီး၊ နောက်နေ့တွင် ဗိုလ်ကြွန်ဘိခ် နဲ့ ချင်းကိုင်းရွာတွင် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ကြွှန်ဘိခ်က မိမိသည် ဗြိတိသျှအစိုးရအား တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ စော်ဘွားအနေဖြင့်လည်း ဗြိတိသျှအစိုးရအား ချင်းလူမျိုးတို့နှင့်အတူ တိုက်ခိုက်တော်လှန်ရန် စည်းရုံးခဲ့သည်။

စော်ဘွားကမူ ဗြိတိသျှစစ်တပ်သည် အလွန်အင်အားကြီးမား၍ စစ်အောင်နိုင်ရန် မလွယ်ကူကြောင်း၊ သူ့အနေနှင့် ဤတော်လှန်ရေးတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ထို့နောက် ဗိုလ်ကြွန်ဘိခ် နှင့် စော်ဘွားမောင်ပါကြီးသည် ရွှေဂျိုးဖြူမင်းသားရှိရာ အိမ်သို့သွားရောက်ခဲ့သည်။

ရွေဂျိုးဖြူမင်းသားနှင့် တွေ့ဆုံသောအခါ ရွှေဂျိုးဖြူ မင်းသားသည် စော်ဘွားမောင်ပါကြီးအား မိမိတို့နှင့်ပူးပေါင်းပြီး ဗြိတိသျှအစိုးရအား ခင်ဗျားလုံးဝတိုက်ရမည် ဟုတိုက်တွန်းခဲ့သည်။ စော်ဘွားမှ အသင်မည်သူနည်းဟုမေးရာတွင် မိမိသည် ဘုရင့်သားတော် ရွှေဂျိုးဖြူမင်းသား ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

စော်ဘွားသည် ဗိုလ်ကြွန်ဘိခ်ထံသို့ ဤလူသည် ဘုရင့်သားတော် မဟုတ်ဘဲ ဓါးပြ၊ သူခိုးသာဖြစ်ကြောင်း၊ ဗန့်ကျီ (Pagyi) ရွာမှ ထွက်ပြေးလာသူဖြစ်ပြီး ဗြိတိသျှ ခေတ်မတိုင်မီတွင် တိုင်းရင်းကာကွယ်ဆေးဆရာဖြစ်ကြောင်း ပြောပြခဲ့သည်။ အမတ်ဟောင်းမောင်တုတ်စံက ရွှေဂျိုးဖြူ နေနှင့် စော်ဘွားကို ဖမ်းဆီးသင့်ကြောင်း၊ နောက်ပြီးဗိုလ်ကြွန်ဘိခ်ကိုလည်း ဖလမ်းသို့ မပြန်ခိုင်းဘဲနှင့် အမတ်ကြီးမောင်သာဒွန်း နဲ့အတူတကွ ကလေးနယ်အားလုံးအပြင် ကလေးဝနယ်အထိ တိုက်ခိုက်ရန်စည်းရုံးသင့်ကြောင်း တိုက်တွန်းခဲ့သည်။

စော်ဘွားမောင်းပါကြီးသည် ဗြိတိသျှတိုက်ခိုက် တော်လှန်ရေးတွင်ပါဝင်ရန် ငြင်းဆန်သောကြောင့် သူ့အား ဖလမ်းတွင် ဖမ်းဆီးခေါ်ဆောင်ရန် စီစဉ်ကြောင်း သိသွားသောအခါ စော်ဘွားသည် သူ့ကိုမဖမ်းဆီးရန်နှင့် ဤဗြိတိသျှအစိုးရတော်လှန်ရေးတွင် ပါဝင်ကူညီမည်ဟု ကတိပေးပြီးခဲ့ရသည့် နောက်ပိုင်းမှသာ ပြန်လည်လွှတ်ပေးခဲ့ကြသည်။

ထို့နောက် ကြွန်ဘိခ်နှင့် စော်ဘွားသည် ချင်းကိုင်းရွာမှ စီဟောင်းသို့ အတူသွားရောက်ပြီး နောက်မနက်နေ့လည်တွင် စော်ဘွားသည် အင်ဒင်း သို့ပြန်၍ ကြွန်ဘိခ်သည်လည်း ဖလမ်းသို ပြန်တက်သွားခဲ့သည်။ ရွှေဂျိုးဖြူမင်းသားသည် မောင်တုတ်စံ အကြံပေးသည့်အတိုင်း ကြွန်ဘိခ်ထံသို့ ကလေးနယ်တိုက်ခိုက်ရန် အတွက် စစ်သားအကူအညီ တောင်းခံခဲ့သည်။

ကြွန်ဘိခ်သည် ရွှေဂျိုးဖြူကို မယုံမကြည် ဖြစ်ခြင်းကတစ်ပိုင်း၊ မိုးတွင်းနီးကပ်လာသည်ကတစ်ပိုင်း တို့ကြောင့် ငြင်းဆန်ခဲ့ရသည်။ သို့သော်ရွှေပြိုးဖြုနှင့်အတူ တာရွှန်းစစ်သား ၃၀၀ အားချင်းကိုင်းရွာသို့ ကျန်စေခဲ့သည်။ တာရွှန်းတို့မှ ရွှေဂျိုးဖြူအား ခိုလှုံခွင့်ပေးသည့်အချိန်တွင် သူ့မှာနောက်လိုက် အယောက် ၂၀ ခန့်သာ ပိုင်ဆိုင်ထားခဲ့သူဖြစ်သည်။

အင်ဒင်းစော်ဘွားသည် အင်ဒင်းသို့ရောက်ရောက်ခြင်း ဗြိတိသျှအစိုးရအားအကြောင်းကြားကာ တပ်သားများ ချက်ချင်းစုစောင်းပြီး ချင်းကိုင်းရွာသို့ ရွှေဂျိုးဖြူမင်းသားနှင့် တာရွှန်းစစ်သည်တော်တို့အား တိုက်ခိုက်ရန် ချက်ချင်းချီတက်ခဲ့သည်။ ချင်းကိုင်းရွာနှင့် မိုင်တစ်၀က်လောက်ကွား ဝေးသောကျော်ရွာတွင်နှစ်ဖက် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီး နှစ်ပတ်အကြာတွင် ပုဂံခရိုင်ဝန် Capt. Eyre နှင့် ဗြိတိသျှစစ်သားတို့သည် စော်ဘွားစစ်ကူများအဖြစ် ၁၈၈၈ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အင်ဒင်းသို့ရောက်ရှိလာခဲ့သည်။ ထိုနေ့နေ့လည် ၃ နာရီတွင်ပင် ချင်းကိုင်းရွာသို့ ချက်ချင်းချီတက်ခဲ့ကြသည်။ ထိုသတင်းအား ရွှေဂျိုးဖြူနှင့် အဖွဲ့များကြားကြားခြင်း တောင်ပေါ်သို့ ဆုတ်ခွာခဲ့ကြရသည်။ ထိုတိုက်ပွဲသည် တာရွှန်း နှင့် ဗြိတိသျှအစိုးရအကြား စစ်ရေးစတင်စေခဲ့သည့် အကြောင်းတစ်ရပ်ဖြစ်စေခဲ့သည်။

ဗြိတိသျှအစိုးရတို့မှ ကလေး၊ ကဘော်နယ်မသိမ်းပိုက်မီအချိန်ထိ တာရွှန်းတို့သည် မြေပြန့်သို့ ဝင်ရောက်စီးနင်ခြင်း မရှိခဲ့ခြေ။ မြေပြန့်အား အကာအကွယ်ပေးရင်း အခြားမျိုးနွယ်စုတို့၏ မြေပြန့်ဒေသ စီးနင်မှုများ အပေါ်တွင်လည်း အရေးယူဆောင်ရွက်ခဲ့သည်။

ရွှေဂျိုးဖြူမင်းသား၊ စော်ဘွားဟောင်းများနှင့် သူတို့ လက်အောက်အမှုထမ်းများ ဖလမ်းတွင်ရှိနေသရွေ့ မြန်မာပြည် အေးချမ်းနိုင်မည် မဟုတ်ဟုထင်မှတ်ကြသည် ဗြိတိသျှအစိုးရသည် ရွှေဂျိုးဖြူမင်းသား၊ စော်ဘွားဟောင်း နှင့် အပေါင်းပါတို့အား လက်လွှတ်ရန် ရာဇသံပေးပို့ခဲ့ကြသည်။

ဗြိတိသျှတော်လှန်ရေးသည် ရှောင်လွဲလို့မရသည့် အခြေအနေတွင် ရှိပြီဖြစ်သောကြောင့် တာရွှန်းတို့သည် ဖလမ်းနယ်မှ အင်အားကြီးမျိုးနွယ်စုများ၊ အခြား အင်အားကြီးမျိုးနွယ်စုများဖြစ်သော ဇိုခွါ နှင့် ဟားခါး၊ နောက်ပြီး စီးယင်း၊ စုတ်သဲ၊ ကမ်ဟောင် တို့နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့ကြသည်။

မြောက်ပိုင်းချင်းလူမျိုးတို့သည် မျိုးနွယ်စုတစ်ခုနှင့် တစ်ခုအကြား ရှိခဲ့သည် ပြသနာများအား ဘေးဖယ်ထားကာ ပြင်ပရန်သူဖြစ်သော ဗြိတိသျှတို့အား တိုက်ခိုက်ရန် ဗိုလ်ကြွန်ဘိခ်၏ ဦးဆောင်မှုအောက်တွင် စည်းစည်းလုံးလုံးရှိကြသည်။ တာရွှန်းတို့ သည် စော်ဘွားဟောင်း၊ ရွှေဂျိုးဖြူ နှင့် အပေါင်းအပါများအား ဗြိတိသျှလက်ထဲသို့အပ်နှံရန် ငြင်းဆိုသောအခါ ဗြိတိသျှနှင့် ချင်းတောင်ဆက်ဆံရေးသည် အတင်းမာဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။

စစ်ပွဲရှောင်လွဲလို့မရတော့သည့် အခြေနေတွင် ရှိပြီးဖြစ်သောကြောင့် တာရွှန်းတို့အနေနှင့် ဗြိတိသျှအစိုးရအား အသာစီးရရန် မြေပြန့်အား စတင်တိုက်ခိုက်တော့သည်။ ၁၈၈၈ ခုနှစ်အောက်တိုဘာလမှစ၍ တာရွှန်း၊ စော်ဘွားဟောင်းနှင့် အပေါင်းအပါများ၊ ရွှေဂျိုးဖြူ နှင့် အပေါင်းအပါများ နှင့် စီးယင်းမျိုးနွယ်စုတို့သည် ဗြိတိသျှစစ်ဆင်ရေးစတင်ရတော့သည်။ အောက်တိုဘာလအတွင်း ချင်း-မြန်မာတပ်ပေါင်းစု၏ မြေပြန့်တိုက်ခိုက်မှုများမှာ –

၁၈၈၈ အောက်တိုဘာ ၁၄ – ချင်းအမတ်ကြီးမောင်သာဒွန်း ဦးဆောင်သည့် မြန်မာစစ်သား ၃၀၊ ရွှေဂျိုးဖြူဦးဆောင်သော တပ်သားအချို့ နှင့် Minledaung မှ ချင်းတပ်သားတို့သည် မှန်းဘင် (Hmanbin) ရွာအားတိုက်ခိုက်ခဲ့ကြသည်။ သင်သား (Tintha) ဘက်မှ တိုက်ခိုက်ခဲ့ကြပြီး လာရာလမ်းအတိုင်းး တောင်ပေါ်သို့ ပြန်တက်သွားခဲ့ကြသည်။

တစ်ရက်တည်းမှာဘဲ စီးယင်စစ်သည်တော် ၁၀၀ သည် ရေဇဂြိုလ်နှင့် လေးမိုင်ကွာတွင် တည်ရှိသော ရွားအားဝင်ရောက်တိုက်ခိုက် ခဲ့ကြသည်။ ထိုနေ့မှာဘဲ စီးယင်းစစ်သား ၁၄ ယောက်မှလည်း တောင်ကူးရွာ အားတိုက်ခိုက်ခဲ့ကြသည်။

၁၈၈၈ အောက်တိုဘာ ၂၀ – ဗြိတိသျှရဲတပ်ဖွဲ့ကင်းစောင့်ထားသော ကလေးအား စီးယင်းစစ်သည်တော် ၄၀၀ မှဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ကလေးမှ လေးယောက်ဒဏ်ရာရပြီး အယောက် ၄၀ အဖမ်းခံရသည်။ ဗြိတိသျှစစ်တပ်၏ အမှတ် (၁) ခံတပ် ဖြစ်သော ကန်ပုလဲမှ ဗြိတိသျှစစ်တပ်တို့သည် သတင်းကြားကြားချင်း စီးယင်းချင်းစစ်သားများ လိုက်လံခဲ့ကြသည်။ ကလေးနှင့် ၄ မိုက်ကျော်ထိ လိုက်လံပြီးမှ စခန်းသို့ ပြန်လှည့်သွားကြသည်။

၁၈၈၈ အောက်တိုဘာ ၂၃ – တာရွှန်းစစ်သားများမှ မြစ်သာမြစ်အနီးတစ်ဝိုက်ရှိ ရွာများသွားရောက်တိုက်ခိုက်ခဲ့ကြသည်။
၁၈၈၈ အောက်တိုဘာ ၂၄ – တာရွှန်းစစ်သည်တော်တို့သည် ဗြိတိသျှတို့၏ အမှတ် (၁) ခံတပ်ဖြစ်သော ကန်ပုလဲအား သွားရောက်တိုက်ခိုက်ခဲ့ကြသည်။

ကန်ပုလဲအနီးရှိ ရွာတစ်ရွာလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အမှတ် (၁) ခံတပ်တွင်ရှိသော အိန္ဒယတပ်သား များသည် ခံတပ်အား သွားမကယ်ရဲကြပါ။ ထို့စစ်သားများအား ဗြိတိသျှစစ်တပ်မှ ပြောင်းစေခဲ့ပြီး အထက်ချင်းတွင်းမှ တပ်ရင်းတစ်ခုနဲ့ အစားထိုးခဲ့ကြသည်။

၁၈၈၈ အောက်တိုဘာ ၂၉ – တာရွှန်းစစ်သားများမှ ကန်ကြီး နှင့် လောင်ရှည် (Laungshe) ရွာအား သွားရောက်တိုက်ခိုက်ခဲ့ကြသည်။၁၈၈၈ အောက်တိုဘာ ၃၀ – ဗိုလ်လခေါင်းဆောင်သော မြန်မာစစ်သား ၃၇ ယောက် စစ်ကိုင်းဘက်သို့ သွားရောက်ချီတက်ခဲ့ကြသည်။

ချင်း-မြန်မာမဟာမိတ်တို့၏ ဗြိတိသျှပိုင်မြေပြန့် စစ်ဆင်မှုကြောင့် ဗြိတိသျှစခန်း နှင့် ထိုဒေသမှရွာများသည် အထိနာခဲ့ရသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည်လည်း ချင်းတောင်အား သိမ်းပိုက်ရန် စီစဉ်ကြရတော့သည်။

ဗြိတိသျှတို့သည် ၁၈၈၈ ခုနှစ် ဒီဇင်ဘာလမှစပြီး ချင်းတောင်သို့ချီတက်ခဲ့ရတောသည်။ ဗြိတိသျှစစ်တပ်သည်လည်း ဗမော်၊ ပခုက္ကူ နှင့် မဏိပူရ်မှ စစ်တပ်များဖြင့် အင်အားဖြည့်တင်းပြီး ချင်းတောင် သိမ်းပိုက်ရန်ပြင်ဆင်ခဲ့ကြသည်။ ဗြိတိသျှစစ်တပ်သည် ဖလမ်းကောင်စီခေါင်းဆောင်များထံသို့ စော်ဘွားဟောင်းနှင့် အပေါင်းအပါများ၊ ရွှေဂျိုးဖြူ မင်းသားနှင့် အပေါင်းအပါများအား လက်လွှတ်ရန် ရာဇသံ ထပ်မံပေးပို့ခဲ့ကြသည်။

နောက်ပြီး စီးယင်းခေါင်းဆောင် တို့ထံသို့လည်း ဗိုလ်ခိုင်ကမ်း နှင့် သူ့ဖမ်းဆီးသွားသည့်လူများအား ၄င်းတို့လက်ထဲသို့ အပ်နှံရန် ရာဇသံပေးခဲံကြသည်။ ထိုရာဇသံအား ဖလမ်းကေင်စီ နှင့် စီးယင်းကောင်စီမှ လျှစ်လျူရှုသောအခါ ဗြိတိသျှတို့သည် ချင်းတောင်အား သိမ်းပိုက်ရန် ပြင်ဆင်ပြီး ချင်းတောင်တန်းဒေသသို့ ချီတက်ရန် လမ်းစတင်ဖောက်လုပ် ခဲ့ကြသည်။

ဗြိတိသျှစစ်တပ် ၏အစီအစဉ်မှာ စီးယင်းနယ်အား ချေမှုန်းပြီး နောက် တာရွှန်းတို့ထံသို့ စော်ဘွားဟောင်းများ၊ ရွှေဂြိုးဖြူနှင့်အပေါင်းအပါများအား လက်လွှတ် နိုင်ရေး ထမ်မံဆွေးနွေးရန်တို့ဖြစ်သည်။

ဗြိတိသျှစစ်တပ် သည် အမှတ် (၁) ခံတပ်ခေါ် ကလေးမြို့အရှေဘက်ခြမ်း မြစ်သာမြစ်ကမ်းရှိ ကန်ပုလဲတွင် စခန်းချခဲ့ကြပြီး ချင်းတောင်ခြေရင်းအထိ လမ်းဖောက်လုပ်ခြင်းအား ၁၈၈၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်း တွင်ပြီးစီးပြီး အမှတ် (၂) ခံတပ်အား ဇောလ်ကင်း (ယခုခိုင်ကမ်းရွာ) တွင်စခန်းချခဲ့ကြသည်။ ဗြိတိသျှတို့ဟာ စီးယင်းနယ်ကို စတင်သိမ်းပိုက်ဖို့ ကြိုးစားပြီး စီးယင်းနယ်မှာ လမ်းများ စတင်ဖောက်လုပ်ခဲ့သည်။ စီးယင်း၊ ကမ်ဟောင် နှင့် စုတ်သဲတွေက လမ်းဖောက်သူတွေကို ၁၈၈၈ ဒီဇင်ဘာလကနေစပြီး စတင် တိုက်ခိုက်ခဲ့သည်။

၁၈၈၈ ဒီဇင်ဘာလ ၃ ရက်နေ့မှာ တာရွှန်းဦးဆောင်သောတပ်ဖွဲ့မှ စီဟောင်း၊ ကျော်ရွာ၊ ကွန်ဒူနဲ့ 42nd Gurkha Light Infantry စခန်းတွေကို တရှိန်ထိုးတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စီးယင်းတွေက အင်ဒင်း ကို တိုက်ခိုက်ပြီး ကမ်ဟောင် နှင့် စုတ်သဲ တို့ကလည်း တစ်ချိန်တည်း ကန်ကြီးရွာတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

ဗြိတိသျှအရာရှိ Mr. Carey က “စီးယင်းနယ်တွေ ကိုသိမ်းပိုက်ဖို့ စိုင်းပြင်း နေချိန်မှာ… ချင်းလူမျိုးတွေဟာ ကျနော် တို့နောက်ကျောက မြေပြန့်ဒေသနဲ့ ကျနော် တို့စခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ သူတို့၏စစ်ရေးကျွမ်း ကျင်မှုကို ထင်ရှားစေပါတယ်” … လို့ မှတ်တမ်းတင် ခဲ့သည်။

ဗြိတိသျှတို့ဟာ ၁၈၈၈ ဒီဇင်ဘာလမှာ စီးယင်း တွေကို စတင်တိုက်ခိုက်ပြီး၊ ၁၈၈၉ မေလမှာ စီးယင်း၊ ကမ်ဟောက်နဲ့ စုသဲတွေကို အနိုင်ရပြီး Fort White အမည်ရှိစစ်စခန်းကို တည်ဆောက်ခဲ့ပါတယ်။ ဒီတိုက်ပွဲ တွေကို ဦးဆောင်ခဲ့တဲ့ General. George White က..သူတိုက်ဖူးသမျှစစ်ပွဲတွေထဲမှာ အနိုင်ရရှိဖို့ အခက်ခဲဆုံး စစ်ပွဲတွေ ဖြစ်တယ်…လို့ ပြောခဲ့ပါတယ်။

ဗြိတိသျှတွေဟာ တီးတိန်နယ်ကို အနိုင်ရပြီးတဲ့နောက်မှာ ဖလမ်းကောင်စီ ခေါင်းဆောင်တို့နဲ့ တစ်ဖန် ထပ်မံဆွေးနွေးခဲ့ ကြပြန်ပါတယ်။ ဖလမ်းကောင်စီ ခေါင်းဆောင်တစ်ဦး ဖြစ်သော Pu Bawi Hmung နှင့် ဗြိတိသျှအရာ ရှိတို့ဆွေနွေးရာတွင် တာရွှန်းတို့ အနေနှင့် ရွှေဂျိုးဖြူနှင့် အပေါင်ပါများအား လက်လွှတ်ရန် အစီအစဉ်မရှိကြောင်း ပြောဆိုခဲ့သည်။

ဗြိတိသျှတွေဟာ စီးယင်းတွေကို အနိုင်ရရှိခဲ့ ပေမယ့် သူတို့နေထိုင်တဲ့ရွာတွေကိုသာ သိမ်းပိုက်နိုင်ခဲ့သည်။ စီးယင်းစစ်သည်တော်တွေဟာ အရှုံးမပေးပဲဆက်ပြီး နီးရာတောထဲတွင် ခိုလှုံရင်း ခြုံခိုတိုက်ခိုက်ခဲ့ကြပါတယ်။ တာရွှန်းတို့ကလည်း ရွှေဂျိုးဖြူနဲ့ နောက်လိုက် တွေကိုဆက်လက် ကာကွယ်ပေးခဲ့ပါတယ်။ Zokhua နဲ့ဟားခါးကလည်း မြေပြန့်ဒေသတွေကို သွားတိုက်ခဲ့ကြပါတယ်။ ဒီိလိုနဲ့ပဲ ဗြိတိသျှ တွေက ချင်းတောင်တစ်ခွင်လုံး သိမ်းပိုက်ရန် စစ်ဆင် ကြရတော့သည်။

၁၈၈၉-၉၀ ခုနှစ်ဆောင်းရာသီအရောက်တွင် ဗြိတိသျှစစ်တပ်သည် Chin-Lushai Expedition ခေါ်စစ်ကြောင်း သုံးကြောင်းဖြင့် ချင်းတောင်သို့ ချီတက်ခဲ့ကြရသည်။ Brigadier Gen Tregear ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၃၄ဝဝ ပါအနောက်ပိုင်းစစ်ကြောင်းဟာ အိန္ဒိယနိုင်ငံ Lunglei ကနေ စတင်ချီတက်ပြီး ထန်တလန်နယ်အားလုံးကို သိမ်းပိုက်လိုက်ပါတယ်။

Colonel Symond (နောက်ဗိုလ်ချုပ်) ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၈၆၉ ပါ တောင်ပိုင်းစစ်ကြောင်းဟာ ပခုက္ကူကနေ စတင်ချီတက်ပြီး Zokhua၊ Sakta နဲ့ ဟားခါးကို သိမ်းပိုက်ခဲ့ပါတယ်။ ဒီစစ်ကြောင်းနှစ်ခုဟာ ဟားခါးမှာတွေ့ဆုံခဲ့ကြပြီး ဖလမ်းသို့ချီတက်ရန်ပြင်ဆင်ခဲ့ကြသည်။

Gen. Symond သည် King’s Own Scottish Borderers (KOSB) မှတပ်သား ၁၀၀၊ 2-4th Gurkha Rifles မှတပ်သား ၁၆၄ နှင့် အမှတ် (၁) Bengal Mountain Battery မှလက်နက်ကြီးနှစ်လက်နှင့်အတူ တာရွှန်းရွာမ ဖလမ်းသို့ချီတက်ခဲ့ကြသည်။ ထိုစစ်ကြောင်းဖလမ်းသို့ရောက်ခါနီးမှာ ဖလမ်းကောင်စီမှ ဗိုလ်ကြွန်ဘိခ်နှင့် Pu Mang Hlur တို့သည်စစ်ကြောင်းနှင့်လာရောက်တွေ့ဆုံပြီး ဘီလူးမတောင်တန်းအား (တာရွန်းရွာထိပ်ရှိတောင်တန်း၊ ဖလမ်းမြို့ အ.ထ.က (၂) နှင့် ဆက်နေသောတောင်တန်း) ဖြတ်ကျော်ခြင်းမပြုရန် ဗြိတိသျှစစ်ကြောင်းအား သတိပေးခဲ့သည်။

သို့သော် Gen. Symond သည် ထိုသတိပေးချက်အား လျစ်လျူရှုပြီး ဖလမ်းသို့ဆက်လက်ချီတက်ရာ မတ်လ ၁၁ ရက်နေ့နံနက် ၈နာရီတွင် ဖလမ်း အနောက်မြောက်ဘက်အရပ်ရှိ Ngalzawl တွင်စခန်းချခဲ့ကြသည်။ ထိုအရပ်သို့ရောက်ရောက်ခြင်း Col. Skene ဦးဆောင်သော တပ်သား ၁၆၂၂ ပါမြောက်ပိုင်းစစ်ကြောင်းသည်နှင့် ကြေးနန်းအဆက်အသွယ်ရရှိခဲ့သည်။

စစ်ကြောင်းနှစ်ခုစလုံးရောက်ရောက်ခြင်း ဖလမ်းသား၊ သူများအား အသိပေးသည့်အနေနှင့် မြောက်ပိုင်းစစ်ကြောင်းမှ လက်နက်ကြီးသုံးချက်ပစ်ခတ်ခဲ့ကြသည်။ တောင်ပိုင်းစစ်ကြောင်းမှလည်း ဒိုင်နမိုက်ကျည်များ ဖောက်ခွဲခဲ့ကြသည်။

ဗြိတိသျှစစ်တပ်အား ခုခံတော်လှန်ရန် ဖလမ်းကောင်စီသည်လည်း ချင်ပြည်အရပ်ရပ်မှ မျိုးနွယ်စုပေါင်းစုံအား ဖလမ်းတွင်စုစည်းခဲ့ကြသည်။ စစ်သည်တော် ၃၀၀၀ ထဲတွင် တာရွှန်းစစ်သည်တော်များအပြင် အခြားအင်အားကြီးမျိုးနွယ်စုများဖြစ်သော ဇာဟောင်၊ ဟွာငိုလ်၊ စီးယင်း၊ စီမ် (ခွာန်လီ)၊ စုတ်သဲ၊ Poi မျိုးနွယ်စုများအပြင် Tawyan နှင့် Minledaung ရွာမှချင်းတပ်သားများလည်း ပါဝင်ခဲ့ကြသည်။

ချင်းတောင်နိုင်ငံရေးအရာရှိ တို့သည်လည်း ဖလမ်း၏ အခြေ အနေအား နားလည်းခဲ့ကြသည်။ ထိုအကြောင်းကို နှင်ငံရေးအရာရှိ Mr.Carey မှ “ချင်းတောင်တစ်လျှောက်တွင် တာရွှန်းတို့သည် ပြိုင်ဘက်ကင်း နေရာရယူထားကြသည်ကို မိမိတို့ မမေ့သင့်ပေ။ မဏိပူမှ ဟားခါးဒေသ၊ ဗမာပြည်မှ လူရှိုင်းဒေသရှိ မျိုးနွယ်စုအားလုံးက တာရွှန်းတို့အား သစ္စာခံထားကြပြီး ဗြိတိသျှတို့၏ လွှမ်းမိုးအုပ်ချုပ်ခြင်းခံရပါက ယင်းတို့၏ ဂုဏ်သိက္ခာနှင့် ဖလမ်း၏နာမည်၊ ဂုဏ်သိက္ခာ ကျဆင်းသွားမှာကို စိုးရိမ်ကြသည်” ဟူ၍ မှတ်တမ်းတင် ဖော်ပြထားသည်။

၎င်းတို့၏နာမည်နှင့် ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်ကြခြင်းဖြစ်သည်။ ဖလမ်းသို့သွားရာ လမ်းကြောင်းတစ်လျှောက်တွင် တပ်စခန်းများ ဆောက်လုပ်ခဲ့ကြပြီး မြေအနေအထား မြင့်မားသည့် နေရာတိုင်းတွင် ခံတပ်များ ဆောက်လုပ်ခဲ့ကြသည်။ ခံတပ်များ၏ အနီးတစ်ဝိုက်တွင် ၁ ပေခန့်ရှည်လျားသော ဆူးချွှန်များအား စိုက်ထူခဲ့ကြသည်။

ဗြိတိသျှတို့သည် ဘောင်းဘီရှည်ဝတ်သူများ ဖြစ်သည်နှင့်အမျှ ထိုဆူချွန်များသည်သူတို့ ဘောင်းဘီတွင်ညှိပြီး ချော်လဲကြရန်ရည်ရွယ်ခြင်းဖြစ်သည်။ မဏိပူရမြစ်တစ်လျှောက်တွင်လည်း ခံတပ်များဆောက်လုပ်ခဲ့ကြသည်။ ချင်းတပ်သားများသည် တူမီးသေနတ်၊ လေး၊ မြှား၊ ဓားစသည့် လက်နက်များကိုင်ဆောင်ခဲ့ကြသည်။ ခံတပ်စောင့်တပ်တို့သည် ဖလမ်းကောင်စီထံမှ တိုက်မိန့်အား စောင့်ဆိုင်းခဲ့ကြသည်။

သို့သော်လက်နက်ချင်းမမျှသည်ကို သိရှိသွားသည့် ဗိုလ်ကြွန်ဘိခ်ဦးဆောင်သော တာရွှန်းကောင်စီသည် ဗြိတိသျှတို့တောင်းခံထားသည့်အတိုင်း လက်နက်ချပြီး နှစ်စဉ်ဆက်ကြေးပေးရန် သဘောတူခဲ့ကြသည်။ သို့သော် ရွှေဂျိူးဖြူမင်းသား နှင့် အပေါင်းပါများ၊ စော်ဘွားဟောင်းမောင်ရစ်နှင့် အပေါင်းအပါများကိုမူ လက်လွှတ်ရန် ငြင်းဆန်ခဲ့ကြသည်။

ချင်းရိုးရာဓလေ့ထုံးစံဖြင့် သူတို့အသက်အား ကာကွယ်ရန် မိမိတို့ သွေးသောက်သစ္စာဆိုပြီးဖြစ်သည်အတွက်ကြောင့် မိမိတို့သည် သက်ဆုံးတိုင်ထိုသစ္စာကို စောင့်ထိန်းသွားမည်ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံရေးအရာရှိထံသို့ ပြောကြားခဲ့သည်။ ဒီလိုနဲ့ တာရွှန်းတို့ဟာ လက်နက်ချပြီး ဗြိတိသျှအစိုးရထံတွင် နှစ်စဉ် ဆက်သကြေးပေးရန်သဘောတူခဲ့ကြသည်။

ချင်းတောင်အလယ်ပိုင်းနှင့် မြောက်ပိုင်း ဗြိတိသျှအစိုးရက သိမ်းပိုက်ပြီသောအခါ ရွှေဂျိုးဖြူမင်းသားသည် မြန်မာပြည်သို့ပြန်လည် ထွက်ပြေးခဲ့ရာ ဗြိတိသျှတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဗြိတိသျှအစိုးရမှ ခုံရုံးတင် စစ်ဆေးခြင်းပြုလုပ်ပြီးနောက် ၁၈၉၁ တွင်ကြိုးပေးခြင်းခံခဲရသည်။သူ့လက်ထောက် မောင်သူကြီး မှာမူ ​​​ြဗိတိသျှအစိုးရ လက်အောင်တွင်တာဝန်ထမ်းဆောင်ခဲ့သည်။

Crd,ဆလိုင်းဗန်ကျုံးလျန် (ယူကေ)