“အိမ်တွင်းစီးပွားဖြစ် ငွေမိုးမှို၊ ငွေနှင်းမှို နှင့် ပြည်သာယာမှိုစိုက်ပျိုးနည်း အဆင့်ဆင့်”

မိတ်ဆွေများအတွက် အိမ်တွင်း စီးပွားတိုးအောင် မှိုစိုက်နည်း အဆင့်ဆင့်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

ကောက်ရိုးမှိုကိုအသုံး⁠ပြု၍ ဆယ်လိုဖိန်း ပလပ်စတစ်အိပ် (Cellophane bag) ⁠ဖြင့်စိုက်ပျိုးနည်း

၁။ ⁠ကောက်ရိုး၊ ရိုး⁠ပြတ်ကို (၂-၄)လက်မအရှည်⁠ဖြတ်⁠တောက် ⁠ပြီး ⁠ရေဝ⁠အောင်ဖျန်း⁠ပေးပါ။

၂။ အလျား (၅)⁠ပေ၊ အနံ (၅)⁠ပေ၊ အ⁠မြင့် (၁ ၁/၂)⁠ပေ ရှိအလျားပုံ⁠ပြုလုပ်ပါ။

၃။ တမံသလင်း⁠ပေါ်တွင် ဇယားကိုချ၍ ⁠ရေဖျန်းထား⁠သော⁠ ကောက်ရိုးများကိုထည့်⁠ပြီး ⁠ေ⁠ခြ⁠ဖြင့်နင်းသိပ်⁠ပေးပါ။ အ⁠မြင့် (၃-၅)⁠ပေရှိ⁠အောင် ⁠ပြုလုပ်⁠ပေးပါ။

၄။ (၄)ရက်⁠ကြာလျှင် ဇယားကို မ၊ ချွတ်၍ ⁠နေရာ⁠ေ⁠ပြာင်း⁠ပြီးရိုး⁠ပြတ်စတို့ကို အထက်⁠အောက်လှန်ကာ၊ ဇယားတွင် ⁠ပြန်⁠ဖြည့်ထည့်၍ ဖိသိပ် ⁠ပေးပါ။

၅။ ⁠နောက် (၄)ရက်⁠ကြာပါက၊ အသုံး⁠ပြုရန် အဆင်သင့်⁠ဖြစ်လာပါမည်။ ၎င်း⁠ကောက်ရိုး⁠ဖြတ်စများကို⁠အောက်⁠ေ⁠ခြ⁠နှုတ်ခမ်းများ အတွင်း ဖက်သို့ ⁠ခေါက်ထား⁠သောပလပ်စတစ်အိပ်ထဲတွင် (၆၀)ကျပ်သားခန့်ထည့်⁠ပြီး အိပ်ကိုတွန့်⁠ခေါက်မ⁠နေ⁠စေပဲ တင်း⁠ကြပ်စွာ ဖိသိပ်⁠ ပေးပါ။

၆။ ထို့⁠နောက် ပလပ်စတစ်⁠ကော်လာများစွပ်⁠ပြီး၊ ပလပ်စတစ်အိပ်⁠နှုတ်ခမ်းကိုအ⁠ပြင်သို့လှန်ချ၍ တင်း⁠ကြပ်⁠အော်ဆွဲ⁠ပြီးသ⁠ရေကွင်း⁠ဖြင့် ချည်⁠ေ⁠နှာင်⁠ပေးပါ။

၇။ ကော်လာဝကို ဂွမ်း⁠ဖြင့် မ⁠ချောင်မ⁠ကြပ်ပိတ်၍ ပလပ်စတစ်ခွက်⁠ဖြင့် အ⁠ပေါ်မှ စွပ်အုပ်⁠ပေးပါ။ သို့မဟုတ် စက္ကူပလပ်စတစ်စတို့⁠ဖြင့် လုံ⁠ခြုံစွာ ဖုံးအုပ်ချည်⁠ေ⁠နှာင်⁠ပေးပါ။

၈။ သံစည်ပိုင်း ⁠ပေါင်းအိုးတွင် အထုပ်များကို သပ်ယပ်စွာ စီတန်း၍ဆင့်ထည့်⁠ပြီး သုံးနာရီ⁠ကြာပီးအပူ⁠ပေး၍ ⁠ပေါင်းပါ။၉။ အထုပ်များကို သန့်ရှင်း၍ ⁠လေလုံ⁠သော အခန်းတွင်အ⁠အေးခံ⁠ပြီးမှိုမျိုးထည့်သွင်းပါ။

၁၀။ မှိုမျိုးထည့်⁠ပြီး အထုပ်များကို သီးသန့်အခန်းတစ်ခန်းတွင်အခန်းအပူချိန်အတိုင်းထားပါ။ (၃)ပါတ်⁠ကြာပါက အ⁠ဖြူ⁠ရောင်မှို⁠မြင်များ ⁠ပြည့်လာပါမည်။

၁၁။ အိပ်အတွင်းမှိုမျှင်⁠ပြည့်လာ⁠ပြီး⁠နောက် အိပ်ပတ်ပတ်လည်တွင် ခပ်⁠စောင်း⁠စောင်း သို့မဟုတ် ⁠ကြက်⁠ေ⁠ခြခတ်သဏ္ဍန်(၄-၆)ချက်ခန့်ခွဲပါ။၁၂။ တ⁠နေ့⁠ရေ(၃)⁠ကြိမ်စိုရွှဲ⁠အောင်ပတ်ဖျန်းပါ။ တပတ်⁠ကြာလျှင်မှိုပွင့်ထွက်လာပါမည်။

၁၃။ မှိုတထုပ်မှ မှို (၁၅-၂၀) ကျပ်သား ထွက်⁠နိုင်ပါသည်။လွှစာကိုအသုံး⁠ပြု၍ ဆယ်လိုဖိန်း ပလပ်စတစ်အိပ်

(Cellophane bag) ⁠ဖြင့် စိုက်ပျိုးနည်း

၁။ မျိုးပွားစာများကိုအ⁠လေးချိန်အား⁠ဖြင့် ⁠အောက်ပါအတိုင်း⁠ရောစပ်ပါ။

သစ်ပွလွှစာ – ၁၀၀ ရာခိုင်⁠နှုန်း

ဆန်ဖွဲ⁠နု – ၅-၁၀ ရာခိုင်⁠နှုန်း

ဆားခါး – ဝ.၂ ရာခိုင်⁠နှုန်း

အစိုဓါတ် – ၆၅-၇၅ ရာခိုင်⁠နှုန်း

တို့ကို⁠နှံ့စပ်⁠အောင်⁠ရော⁠မွှေပါ။

၂။ ⁠အောက်⁠ေ⁠ခြ⁠နှုတ်ခမ်းများအတွင်းဖက်သို့ ⁠ခေါက်ထား⁠သော ပလပ်စတစ်အိပ်များကို (၆၀)ကျပ်သား⁠နှုန်းထည့်၍ အိပ်ကိုတွန့်⁠ခေါက်မ⁠နေ ⁠စေပဲ၊ တင်းကျပ်စွာ ဖိသိပ်⁠ပေးပါ။

၃။ ပလပ်စတစ်⁠ကော်လာများစွပ်⁠ပြီး ပလပ်စတစ်အိပ်⁠နှုတ်ခမ်းများကို အ⁠ပေါ်သို့လှန်ချ၍ တင်း⁠ကြပ်⁠အောင်ဆွဲ⁠ပြီး သား⁠ရေကွင်း⁠ဖြင့် ချည်⁠ေ⁠နှာင်ပါ။

၄။ တဖတ်တွင် အချင်း(၁)လက်မရှိ⁠ပြီး တဖတ်ချွန်ထပ်ပုံသဏ္ဍန် သစ်သား⁠ချောင်း⁠ဖြင့် အိပ်၏ ⁠အောက်⁠ေ⁠ခြအထိ အ⁠ပေါက်⁠ဖော်⁠ပေးပါ။

၅။ ⁠ကော်လာဝကို ဂွမ်း⁠ဖြင့်မ⁠ချောင်မ⁠ကြပ်ပိတ်၍ ပလပ်စတစ်ခွက်⁠ဖြင့် အ⁠ပေါ်မှ စွပ်အုပ်⁠ပေးပါ။ သို့မဟုတ် စက္ကူ ပလပ်စတစ်စတို့⁠ဖြင့် လုံ⁠ခြုံစွာ ဖုံအုပ်ချည်⁠ေ⁠နှာင်⁠ပေးပါ။

၆။ သံစည်ဝိုင်း ⁠ပေါင်းအိုးတွင် အထုပ်များကို သန့်ရှင်းသပ်ယပ်စွာ စီတန်းဆင့်ထည့်⁠ပြီး (၃)နာရီ⁠ကြာ မီးအပူ⁠ပေး၍ ⁠ပေါင်းပါ။

၇။ အထုပ်များကို သန့်ရှင်း၍ ⁠လေလုံ⁠သောအခန်းတွင် အ⁠အေးခံ⁠ပြီး မှိုမျိုးကို ထည့်သွင်းပါ။

၈။ မှိုမျိုးထည့်⁠ပြီး အထုပ်များကို သီးသန့် အခန်းတခန်းတွင် အခန်းအပူချိန် အတိုင်းထားပါ။ (၃) ပါတ်⁠ကြာပါက၊ အ⁠ဖြူ⁠ရောင် မှိုမျှင်များ ⁠ပြည့််လာပါမည်။

၉။ အိပ်အတွင်း မှိုမျှင်⁠ပြည့်လာ⁠ပြီး⁠နောက် အိမ်ပတ်လည်တွင် ခပ်⁠စောင်း⁠စောင်း သို့မဟုတ် ⁠ကြက်⁠ေ⁠ခြခတ်သဏ္ဍန် (၄-၆) ချက်ခန့် ခွဲပါ။

၁၀။ တ⁠နေ့ ⁠ရေ (၃) ⁠ကြိမ် စိုရွဲ⁠အောင် ဖျန်း⁠ပေးပါ။ တပါတ်⁠ကြာလျှင် မှိုပွင့် ထွက်လာပါမည်။

၁၁။ မှိုတထုပ်မှ မှို (၁၅-၂၀) ကျပ်သား ထွက်ရှိ⁠နိုင်ပါမည်။

Source by – လယ်ယာစိုက်ပျိုး⁠ရေး⁠ကော်ပို⁠ရေးရှင်း