ဆင်းရဲတဲ့ ဘဝတူ ကလေးတွေ စာသင်နိုင်ဖို့ ကိုယ်ပိုင် ကျောင်းတည်ထောင်ခဲ့တဲ့ လေးစားဖွယ်(၁၂) နှစ်သားကောင်လေး

အာဂျင်တီးနား နိုင်ငံသားလေးဖြစ်တဲ့ ??????? ????????? ဟာ အဖွားဖြစ်သူ ရာမိုနာနဲ့ နေထိုင်ပါတယ်။

သူဟာ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး နွားနို့နဲ့ ကွတ်ကီးကို ကြိုက်နှစ်သက်ပါတယ်။ ??????? ????????? ဟာ ကိစ္စတစ်ခုကြောင့်သာမဟုတ်ခဲ့ရင်ရွယ်တူကလေးတွေနဲ့ ဘာမှမခြားနားတဲ့ ကောင်လေးတစ်ယောက် ဖြစ်မှာပါ။

??????? ရဲ့ ထူးခြားချက်က သူ့မှာ သူ့ကိုယ်ပိုင်ကျောင်းလေး ရှိတာပါ။ ကျောင်းစာသင်ချင်ပေမယ့် မသင်နိုင်တဲ့ကလေးတွေကို ကူညီပေးလိုတာကြောင့် ဒီကျောင်းကို သူကိုယ်တိုင်တည်ထောင်ထားတာပါ။

အခုဆိုရင် ကျောင်းဖွင့်ထားတာ (၄) နှစ်လောက် ရှိနေပါပြီ။အသက်ငယ်ပေမယ့်လည်း စိတ်သာရှိရင် ကမ္ဘာကြီးကို တစ်ထောင့်တစ်နေရာကနေ ပိုကောင်းမွန်အောင် လုပ်နိုင်တယ်ဆိုတာ ??????? က ပြသခဲ့ပါတယ်။

??????? အသက်(၉) နှစ်အရွယ်မှာ သူက အဖွားကိုအိမ်ဘေးမှာ ကျောင်းဆောက်ချင်တယ်ဆိုပြီး ပြောပြပါတယ်။ ??????? က တချို့ကလေးတွေဟာ အိမ်လဲမရှိ၊ ကျောင်းသွားဖို့ လမ်းစရိတ်တောင်မရှိ၊ ဖိနပ်တောင်မရှိနဲ့ ဖြစ်နေကြာင်း၊ဒီလို ကလေးတွေကိုစာသင်ပေးချင်ကြောင်း အဖွားကို တိုင်ပင်ခဲ့တာပါ။

အဖွားကလည်း လိုလိုလားလားနဲ့ သဘောတူခဲ့ပြီး မြေးအဖွားနှစ်ယောက် အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ကျောင်းလေးကို ???2??? ? ?????? လို့ သူတို့က နာမည်ပေးခဲ့ပါတယ်။

စာသင်ခန်းတွေအဖြစ် ဖန်တီးဖို့ ရွက်ဖျင်တွေနဲ့ တုတ်တွေကို အသုံးပြုပြီး သစ်သီးပုံးခွံတွေကိုတော့ ထိုင်ခုံတွေအဖြစ် အသုံးပြုခဲ့ပါတယ်။

??????? ဟာ အိမ်နီးချင်းတွေနဲ့ ကြင်နာတတ်တဲ့သူတွေရဲ့ အကူအညီကိုယူပြီး စာသင်ခန်းနောက်ထပ် (၂) ခန်း၊ကျောက်သင်ပုန်း၊ စာကြည့်တိုက်အသေးလေးတစ်ခုနဲ့ ခေါင်းလောင်းတစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။

စာသင်ပေးတဲ့ဆရာအချို့ ကတော့ Nica2nor ရဲ့ အတန်းဖော်တွေဖြစ်ကြပြီဒ ??????? ဟာ ကိုယ်ပိုင်ကျောင်းအုပ်ရုံးခန်းတောင် ရှိပါသေးတယ်။ကျောင်းကို လာတက်တဲ့ကလေးတွေက လိမ္မာကြပါတယ်။

ကျောင်းမတက်ခင် ကျောင်းအုပ်ကြီး ??????? ရဲ့ တံခါးကို လာခေါက်ပြီး သူတို့ ကျောင်းရောက်ပြီဆိုတာ အသိပေးတတ်ပါတယ်။ ကျောင်းမှာတော့ ကျောင်းသား(၃၆) ယောက်ရှိပါတယ်။ ??????? ရဲ့ ကောင်းမှုကုသိုလ်တွေကဒီမှာတင်အဆုံးသတ်တာ မဟုတ်ပါဘူး။

သူဟာ နေ့တိုင်း (၄) ကီလိုမီတာဝေးတဲ့ ကျောင်းကို စက်ဘီးစီးသွားပြီး ကျောင်းတက်ပါသေးတယ်။ သူ့ရဲ့ ကိုယ်ပိုင်ကျောင်းမှာလည်း သူက စာပြန်ပြပါတယ်။ တစ်ခါတစ်လေ ပုံမှန်ချိန်လာပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက်ညပိုင်းအတန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။

ဒါ့အပြင် သူရတဲ့ မုန့်ဖိုးတွေကိုစုပြီး ??????? ဟာ သူ့ကျောင်းက ကျောင်းသူကျောင်းသားလေးတွေအတွက် လက်ဖက်ရည်နဲ့ ကွတ်ကီးလို မုန့်တွေကို ကျွေးမွေးပါသေးတယ်။ ??????? ရဲ့ ကောင်းသတင်းဟာ။

တဖြည်းဖြည်းနဲ့ ကျော်ကြားလာပြီး ??? ???? မြို့ဝန်တောင် လာပြီး သူ့ကို တွေ့ဆုံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အသက်ငယ်ပေမယ့် စွမ်းဆောင်ရည်မသေးလှတဲ့ ??????? ကတော့ အာဂျင်တီးနားတစ်နိုင်ငံတည်းတင်မဟုတ်ပဲ ကမ္ဘာအရပ်ရပ်က လူငယ်တွေအဖို့ပါ အတုယူစရာ ဖြစ်လာခဲ့ပါတယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်