သံအစားထိုးမည့် ဝါးကို တာရှည်ခံအောင် အသားသေအောင်၊မှိုမတက်အောင် ၊ပိုးမထိုးအောင် ပြုလုပ်နိုင်သည့်နည်း

သံအစားထိုးမည့်ဝါးသံအစားထိုးမည့်ဝါး bamboo reinforcement ဝါးကို တာရှည်ခံအောင် အသားသေအောင် ပြုလုပ်ခြင်းကို seasoning ဟုခေါ်သည်။

ဝါးကို မှိုမတက်အောင် ပိုးမထိုးအောင် အောက်ပါနည်းလမ်းများအတိုင်း ပြုလုပ်နိုင်သည်။

၁။ ဖိအားပေးပြီး ဆေးသွင်းခြင်း။

2kg/cm2 ဖိအားပေးနိုင်ရင် တစ်ကြိမ် ၃၀မိနစ်ခန့်ကြာသည်။ ဝါးအဖျားမှာ ဆေးသီးလာရင် ဆေးရည်ဝပါပြီ။ ဆေးကတော့ boirc 1ဆ၊ borax 1.5ဆနှင့် ရေ ၆ဆရောရသည်။

၂။ Boric_Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်း။

လက်ချားမှုန့်ခေါ် Boric powder နဲ့ Borax acid ကို 1:1.5 ရောပြီး ၁ ပေါင်လျှင်ရေ ၃-ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်းဖြင့် ဝါးများ ကို မိူမတက် ပိုးမထိုးအောင် ကာကွယ်နိုင် သည်။

၃။ ရေတွင်စိမ်ခြင်း။ ကန်၊ချောင်း၊မြစ်

ဝါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည်။ ဝါးကို ကန်အတွင်း စိမ်ထားပါက သကြားရည်များထွက်ကာ အချဉ် ပေါက်လာသည်။

နောက်ထပ်တဖန်စိမ်သောအခါ အလျဉ်ရလာသောကြောင့် လေးရက်ခန့်ကြာလျှင် အချဉ်ပေါက်လာသည်။ ပိုးများကြိုက်သော သကြားဓါတ်များကုန်၍ ပိုးမစား‌တော့ပေ။

ငွေကြေး အကုန်အကျ သက်သာသည်။ ကြာကြာထားပါက အပုတ်နံ့ထွက်လာတတ်၍ ရေ အနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်။

၃။ ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်း။

ပင်လယ် ရေတွင် သုံးပတ်မှ တလ အထိ စိမ်ထားပါက သကြားရည်နေရာတွင် ရေအစား ဝင်ရောက်သွားသည်။ ထို့ကြောင့် ရေစိမ်ဝါးသည် ပိုးမစားတော့ပေ။

ဝါးကို ရေစိမ်ပါက အရောင်ပြောင်းလဲစေသည်။ ရူပ နှင့် အားအင်ဆိုင်ရာများဆုံးရှူံးစေသောကြောင့် ခံနိုင်ရည်ကျဆင်းစေသည်။

၄။ ကြပ်တိုက်ခြင်း။

ဝါးကို ကြပ်တိုက်ခြင်းဖြင့်လည်း ကြာရှည်ခံအောင် ပြုလုပ်နိုင်သည်မိူင်းတိုက်ခြင်း ၊ မီးရှိူ့ရန် မီးသွေး ၊ ထင်း ၊ ဂတ်(စ်)တို့ကိုအသုံးပြုနိုင်သည်။

မီးလောင်စာကြောင့် ဝါးသည် သိပ်သည်းလာပြီး ပိုးမွှားအန္တာရာယ်ကာကွယ်နိုင်သည်။

၅။ တန်ဆောင်မုန်းလ (သို့) ဒီရေကျချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း။

ဝါးသည် သဘာ၀ နှင့် ဆက်စပ်မူအလွန်ရှိသည်။ ဒီရေ တက်လျှင် ဝါးပင်တွင် ရေများတက်ပြီး ဒီရေ ကျချိန်တွင် ဝါးပင်အတွင်းတွင် ရေများကျသွားတတ်သည်။

လ၏ဆွဲငင်အားဖြင့် မြေကြီးအတွင်းမှ အစာရည်က ဆွဲစုတ်ယူသည်။လပြည့်ရက်တွင် ဝါးအဆစ်အတွင်း သကြားရည် ပြည့်နေတတ်သည်

ထို့ကြောင့် လကွယ်ရက် (သို့)တန်ဆောင်မုန်းလ တွင် ဝါးခုတ်ပါက ပိုးမွှားအန္တာရယ်သက်သာသည်။

၆။ နေရောင်မရှိချိန်တွင် ဝါး ကို ရွေးချယ်ခုတ်ခြင်း။

သစ်ပင်တို့၏ သဘာ၀ သည် အစာချက်ရန် နေရောင် လိုအပ်သည်။ ဝါးပင်သည်လည်း အစာမချက်သောနေရောင် မရှိသောအချိန်တွင် ခုတ်ယူပါက ပိုးစားသက်သာသည်။

၇။ အပင်တွင် အပြတ် မခုတ်ပဲ အနည်းငယ်ချန်ကာ အရွက်ကြွေကျမှ အပြီးခုတ်ခြင်း။

ကိုယ်ပိုင်စိုက်ခင်းဖြစ်ပါက သက်တမ်းမှန်သော ဝါးကိုရွေးချယ်ပါ။ အောက်ဆုံးအဆစ်မှ တစ်လက်မလောက် ချန်ထား၍ ပြတ်မသွားအောင် ခုတ်ပါ။

ခုတ်စာထွက်သွေားသောနေရာကို သပ်ခု ထားပြီး တခြားအပင်ကို မှီထားပါ။ ၂ ပတ် ၃ ပတ်ကြာသောအခါ သကြားရည်ထွက်သွားမည် ။

ကျန်ရှိသော သကြားဓါတ်ကိုလည်း အရွက်များက အစာချက်၍ သကြားဓါတ်နည်းသွားမည် ဝါးအတွင်း ကျန်ရှိသော သကြားရည်သည်လည်း အချဉ်ပေါက်ပြီးအယ်(လ်)ကိုဟော သို့ပြောင်းကာ ပိုးမွှားများမကြိုက်တော့ပါ ယခုနည်းသည် အကောင်းဆုံး ဝါးခုတ်နည်း ဖြစ်ပါသည်။

ဖြည့်စွက်ချက်။

၈။ ရေနံချေးဖြင့်ပြုတ်ခြင်း ၉။ အပျို လူပျိုများသာ ဝါးခုတ်ခြင်း ၁၀။ ညှင်းပြောက်ထနေပြီဖြစ်သော ဝါးကိုခုတ်ခြင်း။

ဖြည့်စွက်ချက်။

ငှက်ပြောကဆုန် ဝါးနယုန် စုံ လင်မယား သွားသော် အဖော် ဆော်ရင် အကြီး နှီးတန်ဆောင်မုန်း အုန်း မှီးခြောက် ဆောက်တနင်္ဂနွေ လေ ရာဟု ပြု လပြည့် ဆိုလေ့ရှိကြောင်း ရှေးသူဟောင်း။

Credit:မူရင်းရေးသားသူအားလေးစားစွာဖြင့်