မိုးကြိုး ပစ်ပုံ ပစ်နည်း (၄) မျိုးနှင့် မိန်းမတွေထက် ယောကျ်ားတွေဟာ အပစ်ခံရနိုင်ခြေ ပိုများ…

မိုးကြိုးပစ်ခံရတယ်ဆိုတာက… ရာသီဥတုအပေါ် အများစု အခြေခံပြီး တစ်ခါတလေမှာတော့ အကြောင်းပြချက်မဲ့ ကွင်းထဲ၊ လမ်းထဲမှာ ပစ်ခံရတတ်ပါတယ်။

အဓိက အနေနဲ့အပူ၊ အအေး ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးဟာ ဖြစ်ပေါ်တာဖြစ်ပြီး ဖြစ်ပွားချိန်မှာ လျှပ်စစ်ဓာတ်အနေနဲ့ မြေပြင်ကို ပစ်လွှတ်ပါတယ်။

လူတွေကို မိုးကြိုးပစ်တဲ့အခါနည်းပေါင်းဘယ်နှမျိုးနဲ့ ပစ်လေ့ရှိကြလဲ ဆိုတာ မှတ်တမ်းတစ်ခုရှိပါတယ်။ ပြီးတော့ အခု စာရင်းပြုဖော်ပြလိုက်တဲ့ မိုးကြိုးပစ်ပုံ အမျိုးအစားတွေထဲက ဘယ်ပုံစံနဲ့ပဲ ပစ်ခဲ့ပစ်ခဲ့ သေစေနိုင်ပါတယ်။

အကယ်၍ မိုးကြိုးပစ်ခံရတဲ့ အခြေအနေတစ်ခုနဲ့ တွေ့ကြုံခဲ့ရရင်လည်း မိုးကြိုးပစ်ခံခဲ့ရသူကို အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဆေးဝါးကုသစောင့်လျှောက်မှု ပြုလုပ်ပေးနိုင်မယ့် ဌာနဆိုင်ရာတွေကို ချက်ချင်းအကြောင်းကြားပေးသင့်ပါတယ်။

၁။ တိုက်ရိုက် ပစ်ခြင်း

ပင်မ လျှပ်စီးကြောင်း ထုတ်လွှတ်မှုလမ်းကြောင်းရဲ့အစိတ် အပိုင်း တစ်ခုကနေ ဖြစ်ပေါ်လာတဲ့ လျှပ်စီးကြောင်းဟာ လူကို တိုက်ရိုက် ထိခိုက်နိုင်ပါတယ်။ ဆိုလိုတာက… လူတွေပေါ်မှာ မိုးကြိုးပစ်ခြင်း တိုက်ရိုက်သက်ရောက်စေနိုင်ပါတယ်။

များသောအားဖြင့်တော့ အမိုးအကာ မရှိတဲ့ ကွင်းပြင် (သို့) ဟင်းလင်းပြင်လို နေရာမျိုးတွေမှာ လူရှိနေမယ်ဆိုရင် မိုးကြိုး ပစ်ခတ်မှု တိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။

၂။ လျှပ်စီး စက်ကွင်း

အနီးအနားမှာရှိတဲ့ သစ်ပင် အမြင့်ကြီးတွေကို မိုးကြိုးပစ်တဲ့အခါ လျှပ်စီးစက်ကွင်းကို ဖြစ်ပေါ်စေပြီး လျှပ်စီးကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုက အပင်စတဲ့ မြင့်မားတဲ့အရာတွေကို ကျော်သွားပြီးလူဆီကို လာရောက် ထိမှန်ရခြင်း ဖြစ်ပါတယ်။

အဓိကအားဖြင့်တော့… လူကို လျှပ်စီး ထုတ်လွှတ်မှုမှာ ရှိနေတဲ့ စွမ်းအင်အချို့က “short circuit” တစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပါတယ်။

၃။ မြေအောက် လျှပ်စီးကြောင်း

သစ်ပင် (သို့) အခြားသော အရာဝတ္ထုတစ်ခု ကို မိုးကြိုးပစ်တဲ့အခါ၊ စွမ်းအင် တော်တော်များများဟာ မိုးကြိုးပစ်တဲ့ နေရာကနေ မြေမျက်နှာပြင်တစ်လျှောက်ကို လျှောက်သွားစေပါတယ်။

ဒါကို…မြေအာက် လျှပ်စီးကြောင်းလို့ ခေါ်ပါတယ်။ မိုးကြိုးပစ်လိုက်တဲ့နေရာနဲ့ အနီးအနား တစ်ဝိုက်မှာ တစ်ယောက်ယောက် ရှိနေခဲ့မယ်ဆိုရင် မြေအောက် လျှပ်စီးကြောင်းရဲ့ စီးကူးမှုကြောင့် မိုးကြိုး ပစ်ခံရနိုင်ခြေ ရှိပါတယ်။

၄။ လျှပ်ကူးခြင်

လျှပ်စီးကြောင်းတွေဟာ ဝါယာကြိုး (သို့) အခြားသော သတ္တုမျက်နှာပြင်တွေ တစ်လျှောက်လုံးကို စီးကူးသွား နိုင်ပါတယ်။ သတ္တုတွေက လျှပ်စီးကြောင်းတွေကို မဆွဲငင်နိုင်ကြပါဘူး။

ဒါပေမဲ့…လျှပ်စီးကြောင်းတွေ ရောက်လာဖို့ရာအတွက်တော့ လမ်းကြောင်း တစ်ခုအဖြစ်နဲ့ ကူညီထောက်ပံ့ပေးပါတယ်။သတင်းစာ အများစုမှာ ပါနေကျဖြစ်တဲ့ မိုးကြိုးပစ်ခံရမှု သေဆုံးသွားသူများဆိုတဲ့ သတင်းတွေ အများစုဟာ

ထူးဆန်းမှုအနေနဲ့ ယောကျ်ားလေးတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ထိအောင်လဲဆိုရင် (၈၀) ရာခိုင်နှုန်းဟာ ယောက်ျားလေးတွေပဲ ဖြစ်နေတတ်ပြီး၊ (၁၀) ယောက်မှာ (၂) ယောက်သာ ပျှမ်းမျှက မိန်းကလေးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်ပါလဲ…

ဒီအကြောင်း ကို အဖြေရှာထားတဲ့ အမေရိကန်က သုတေသန စာတမ်းတစ်စောင်မှာတော့ အခြေခံကျကျပဲ အချက်နဲ့ ရှင်းထားတာကိုတွေ့ရပါတယ်။

မိုးကြိုးပစ်ခံရတဲ့ အနေအထားရှိသူ အများစုဟာပင်လယ်၊ မြစ်ချောင်းအနီးမှာရှိတဲ့သူတွေ ဖြစ်တတ်ပြီး၊ အများစုက ငါးဖမ်းနေချိန်၊ ပင်လယ်ထဲမှာ ရှိနေချိန်တွေမှာ အပစ်ခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွင်းလယ်ခေါင်ကြီးမှာ ဂေါက်ရိုက်နေချိန်၊ ကွင်းပြင်ထီးထီးကြီးမှာ အလုပ်လုပ်နေချိန်မျိုးတွေလို့ ဆိုပါတယ်။

ပြောခဲ့တဲ့အလုပ်တွေကို အဓိကလုပ်တဲ့သူတွေက ယောကျ်ားလေးတွေဖြစ်ပြီး… အများစုဟာ ကြောက်ရွံ့ခြင်း မရှိကြသလို သတိပေးချက် ထုတ်ပြန်ထားရင်တောင် ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။

နောက်တစ်ချိန်က မိုးကြိုးရှိချိန်၊ မုန်တိုင်းရှိချိန်တွေမှာစူးစမ်းဖို့သွားတဲ့လူအများစုနဲ့ မိုးကြိုးထိမှန်ပြီး သေဆုံးသူဟာ ယောကျ်ားလေးတွေပဲဖြစ်ပြီး၊ တချို့က ဗီဒီယို လိုက်ရိုက်ရင်း အသက်သေဆုံးတာတွေ ရှိပါတယ်။

ဆိုရရင်တော့ မိုးကြိုးပစ်နိုင်တဲ့ အနေအထားရှိတဲ့ဘယ်အချိန်တွေမဆိုယောကျ်ားလေးတွေဟာ မကြောက်မလန့်နဲ့ ပုံမှန်အတိုင်းသွားလာနေကြချိန် မိန်းကလေးတွေက မိုးရေထွက်ချိုးတာတောင် မလုပ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

ဒီအချက်ဟာ ဆင်ခြင်ရမယ့်အချက်ဖြစ်ပြီး… ဒီနေရာမှာ မိန်းကလေးတွေရဲ့ အန္တရာယ်ရှိတဲ့နေရာကို သတိထားတဲ့ စိတ်ကို လိုက်နာကျင့်သုံးရမယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့ အများစုကနေတတ်ကြပြီးအန္တရယ်ရှိချိန်တွေကိုမှာ စွန့်စားပြီး ပြုလုပ်သူတွေ ရှိနေတာကြောင့် မိုးကြိုးပစ်ခံရတဲ့ စာရင်းမှာ ယောကျ်ားလေးတွေက များနေမှာ ဖြစ်ပြီး…

မိန်းကလေးတစ်ယောက်ထက် ယောကျ်ားလေးတစ်ယောက်ဟာ မိုးကြိုးပစ်ခံရဖို့ အခွင့်အရေး (၆) ဆပိုများတယ်လို့ သိရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ပြန်လည်မျှေ)ခြင်း ဖြစ်ပါသည်။