မြန်မာနိုင်ငံမြေပုံကို ပထမဆုံးရေးဆွဲခဲ့တဲ့ တောင်ငူသူ ဒေါက်တာဒေါ်သင်းကြည် အကြောင်း

၁။ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်ကို မြန်မာအမျိုး သမီးများထဲမှာ ပထမဆုံး နိုင်ငံခြားက ပါရဂူဘွဲ့ယူလာသူအဖြစ် သိသူများပါတယ်။၁၉၅၀ ခုနှစ် အမေရိကန်နိုင်ငံ ကလပ်တက္ကသိုလ်မှာ ပထဝီဘာသာနဲ့ ဖြစ်ပါတယ်။

စစ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်အမျိုးသမီးတွေ လန်ဒန်မှာ ပါရဂူဘွဲ့ သွားယူကြတာတွေ ရှိပေမယ့်မြန်မာအမျိုးသမီးတွေထဲကတော့ ဒေါ်သင်းကြည်က ပထမဆုံးပါ။

မြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ)

၂။နောက် ဒေါက်တာ ဒေါ်သင်းကြည်ဟာ ဒီကနေ့ ကမ္ဘာက လက်ခံသုံးစွဲနေတဲ့ မြန်မာပြည်မြေပုံကို နယ်သာလန်နိုင်ငံက အမ္စတာဒမ္က ဂျမ်ဘာတန် ပထဝီ မြေပုံဆွဲဌာနနဲ့အတူ ကြီးကြပ် ရေးဆွဲ တည်းဖြတ်ခဲ့သူပါ။

၃။ဆရာမကြီး ဒေါက်တာ ဒေါ်သင်းကြည်ကို ၁၉၁၇ခုနှစ်၊ ဇွန်လ ၁ ရက်၊ သောကြာနေ့တွင် တောင်ငူမြို့၌ အဖဦးကြို့၊ အမိ ဒေါ်မြတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း သုံးဦးရှိပါတယ်။

၄။ဒေါက်တာ ဒေါ်သင်းကြည်ဟာ ရေတာရှည်မြို့၊ ဗမာ တိုင်းရင်းသား ဘာသာကျောင်းတွင် စတင် ပညာသင်ယူခဲ့ပြီး
ဖခင်ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရသော မကွေးမြို့၊ တိုင်းရင်းမြန်မာ မြူနီစီပယ်ကျောင်းတွင် ရှစ်တန်းအထိ ပညာသင်ယူခဲ့ပါတယ်။

၁၉၃၃ ခုနှစ်တွင် ရန်ကုန်ဆရာဖြစ်သင် ကောလိပ်ကျောင်း (Teacher Training College -TTC) တွင် နဝမတန်းမှ
တက္ကသိုလ်ဝင်တန်းအောင်တဲ့အထိ ကျောင်းအိပ် ကျောင်းစားဖြင့် နေထိုင် ပညာဆည်းပူးခဲ့ပြီး

၁၉၃၄ ခုနှစ်တွင်တက္ကသိုလ်ဝင်တန်း (ဟိုက်စကူးဖိုင်နယ်) (High School Final – HSF))ကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကာမြန်မာတစ်နိုင်ငံလုံး ကျောင်းသူများထဲတွင် ပထမ ရရှိခဲ့သူ ဖြစ်ပါတယ် ၁၉၃၄-၁၉၃၅ပညာသင်နှစ်၊
ရန်ကုန် တက္ကသိုလ်သို့ စတင် တက်ရောက်ရာ (S)တန်း (Special Class)တွင် သင်ယူခဲ့ရပါသည်။

၁၉၃၈ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်း (B.A. (Hons.)) ကို အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ၊ ပထဝီဝင်ဌာနတွင်မြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည် (တောင်ငူသူ)အချိန်ပြည့် နည်းပြဆရာမ အဖြစ် နိုင်ငံတာဝန်ကို စတင် ထမ်းရွက်ခဲ့ပါတယ်။

၁၉၃၉-၁၉၄၀ ပြည့်နှစ်များတွင် ဆရာဖြစ်သင် ကောလိပ် (TTC) မှ B.Ed. (ပညာရေးဘွဲ့) သင်တန်းကို တက် ရောက်
အောင်မြင် ခဲ့ပါတယ် ။

ဂျပန်ခေတ်အတွင်း ၁၉၄၂ ခုနှစ်ဝန်းကျင် အရှေ့အာရှလူငယ် အစည်းအရုံးက ဖွင့်လှစ်သော လက်ရွေးစင်ကျောင်းတွင်သင်ရိုး ညွှန်းတမ်းဆိုင်ရာနှင့် သင်ကြားမှု ဆိုင်ရာများကို ဆောင်ရွက်ခဲ့ပါသည်။

၁၉၄၃ခုနှစ်တွင်ဆရာကြီးဦးဖေမောင် တင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူသော ရန်ကုန်တက္ကသိုလ်၌ပထဝီဝင်ဌာန၊ လက်ထောက် ကထိကအဖြစ် လည်းကောင်း၊ ၁၉၄၅ ခုနှစ်၊ အရေးပေါ်ကာလ၊ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနကိုလက်ထောက်ကထိကအဆင့်ဖြင့် ဦးဆောင်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန် ပြည်ထောင်စုနိုင်ငံ (USA)၊မက်ဆာချူးဆက်ပြည်နယ်၊ ကလပ်တက္ကသိုလ် (Clark University) တွင်မဟာဝိဇ္ဇာဘွဲ့ရယူရန်ထွက်ခွာခဲ့ပြီးပထမနှစ်ဝက် ရမှတ်များ ထူးချွန်ကောင်းမွန် တဲ့အတွက် ပါရဂူဘွဲ့ သင်တန်းတက်ရန် ကလပ်တက္ကသိုလ်က ခွင့်ပြုခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်တွင် ပါရဂူဘွဲ့ရှိခဲ့ပြီး စက်တင်ဘာလတွင် မြန်မာပြည်ကိုသင်္ဘောနဲ့ ပြန်လာခဲ့ပါတယ်။

နိုင်ငံရပ်ခြား ပါရဂူဘွဲ့ကို မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ရရှိခဲ့သူ ဖြစ်လာခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၌ ကထိက / ဌာနမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၁၉၅၁ခုနှစ်၊ ဇွန် ၁၉ ရက်မှစတင်၍ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၌ ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ သုတေသနအသင်း (Burma ResearchSociety-BRS)တွင် ထဲထဲဝင်ဝင် ပါဝင်
လှုပ်ရှားခဲ့သလို ကိုယ်ပိုင် သုတေသနလုပ်ငန်း များကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံသမိုင်းကော်မရှင်(HistoricalCommission) မှာလည်း တက်တက်ကြွကြွပါဝင် ဆောင်ရွက် ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် အနုပညာအသင်း၊ ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့် တောင်တက် အသင်းတို့ကို စတင်တည်ထောင် ခဲ့ရာမှာလည်းတစ်ဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။

၁၉၇၃-၁၉၇၄ ပညာသင်နှစ် ရန်ကုန် ပညာရေးတကၠသိုလ္ကမြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ)တက္ကသိုလ် စာပေး စာယူသင်တန်းများ (ပညာရေးဘွဲ့) စတင်ဖွင့်လှစ်ခဲ့ရာတွင်လည်းကောင်း၊

၁၉၇၅-၁၉၇၆ ခုနှစ်နောက်ပိုင်း ဝိဇ္ဇာ/ သိပ္ပံ၊ ဘောဂဗေဒနှင့် ဥပဒေ ပညာရပ်များပါ ထည့်သွင်း ပို့ချခဲ့ရာတွင် ဝိဇ္ဇာဌာနမှူးအဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

၅။၁၉၇၇ ခုနှစ် ဇွန်လမှာ ရန်ကုန် တက္ကသိုလ် ပထဝီဝင်ပါမောက္ခတာဝန်မှ သက်ပြည့် အငြိမ်းစားယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊အောက်တိုဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ်(၁၀)၊ ကုန်းမြင့်ရိပ်သာလမ်း၊၇ မိုင် နေအိမ်၌ ကွယ်လွန်ပါတယ်။

ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည်က ပထဝီသင်ကြားခြင်းရဲ့ အဓိက ရည်ရွယ်ချက်က လူငယ်လူရွယ်တွေကိုကိုယ်တိုင် လေ့လာစူးစမ်းတတ်တဲ့ အလေ့အထ ရရှိဖို့ ပျိုးထောင်ပေးတာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်

Crd, ဝီကီ