ရေမြေဒေသကြောင့် အရိုး၊ အသား၊ အနှစ်၊ သွေး၊ ဥကအစ အနက်ရောင်ပြောင်းနေတဲ့ ကြက်ဟာ ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာပဲ ရှိပါတယ်။
အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာပဲ ဖြစ်ပါတယ်။ အင်ဒိုရဲ့ ဂျာဗားကျွန်းမှာ အများဆုံး ရှိပါတယ်။မလေးရှားမှာလည်း တွေ့ရသလို တခြားနိုင်ငံတွေမှာ ရှိပေမယ့် အင်ဒိုက တကယ့် မိခင်ရင်းမြစ်နေရာပါ။
ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ ပဲ ရှိတော့တဲ့ ကြက်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ဈေးကလည်း သိန်းဆယ်ချီ၊ ရာချီ ပေးဝယ်ကြတယ်လို့ဆိုပါတယ်။
ကြက်လောကမှာ ဈေးအကြီးဆုံး ကြက်လို့ ဆိုရပါမယ်။ အနည်းဆုံး ဒေါ်လာ နှစ်ထောင့်ငါးရာပေးရတယ်။ပြင်သစ်မှာဆို ဒေါ်လာ ငါးထောင်ပေးဝယ်ရပါတယ်။
အဲဒီကြက်ကို ဆယ်မာနီ တညင် ကြက် Ayam Cemani လို့ ခေါ်ကြတယ်။ဒီကြက် အနက်ရောင်ဖြစ်နေတာက မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲသွားလို့ နက်သွားတာ ဖြစ်ပါတယ်။
ဒီကြက်ဟာ တစ်ခါ ဥရင် အနည်းဆုံး အလုံး ၂၀ ကနေ ၃၀ ကြား ဥပါတယ်။ဥရဲ့ အရောင်ဟာ တခြားကြက်တွေရဲ့ အရောင်နဲ့မတူဘဲ အကုန်လုံး နက်မှောင်နေတယ်။
ဒါပေမဲ့ အတွင်းသားကတော့ ဖြူတယ်။ သူ့ရဲ့ အသား၊ အရိုးနဲ့ အရေပြားအားလုံးကလည်း အနက်ရောင်ပါ။စူပါမားကက်တွေမှာ ရောင်းလေ့ရှိပါတယ်။ မလေးစူပါမားကက်တွေမှာတော့ ရင်းဂစ် ငွေ ၁၀.၀၀ နဲ့ ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။
ဒီကြက်ဘုရင် ကြက်နက်ကို ကံကောင်းခြင်းလို့ အင်ဒိုသားတွေက ယူဆကြတယ်။တိုင်းရင်းဆေးမှာလည်း ဆေးဖက်ဝင်အမယ်အဖြစ် အသုံးပြုကြပါသေးတယ်။
ခရက်ဒစ်
Zawgyi
ေရေျမေဒသေၾကာင့္ အရိုး၊ အသား၊ အႏွစ္၊ ေသြး၊ ဥကအစ အနက္ေရာင္ေျပာင္းေနတဲ့ ၾကက္ဟာ ကမၻာေပၚမွာ တစ္ေနရာတည္းမွာပဲ ရွိပါတယ္။
အဲဒါကေတာ့ အင္ဒိုနီးရွားနိုင္ငံမွာပဲ ျဖစ္ပါတယ္။ အင္ဒိုရဲ႕ ဂ်ာဗားကြၽန္းမွာ အမ်ားဆုံး ရွိပါတယ္။မေလးရွားမွာလည္း ေတြ႕ရသလို တျခားနိုင္ငံေတြမွာ ရွိေပမယ့္ အင္ဒိုက တကယ့္ မိခင္ရင္းျမစ္ေနရာပါ။
ကမၻာေပၚမွာ လက္ရွိ အေကာင္ေရ ၃၅၀၀ ပဲ ရွိေတာ့တဲ့ ၾကက္အမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။ေဈးကလည္း သိန္းဆယ္ခ်ီ၊ ရာခ်ီ ေပးဝယ္ၾကတယ္လို႔ဆိုပါတယ္။
ၾကက္ေလာကမွာ ေဈးအႀကီးဆုံး ၾကက္လို႔ ဆိုရပါမယ္။ အနည္းဆုံး ေဒၚလာ ႏွစ္ေထာင့္ငါးရာေပးရတယ္။ျပင္သစ္မွာဆို ေဒၚလာ ငါးေထာင္ေပးဝယ္ရပါတယ္။
အဲဒီၾကက္ကို ဆယ္မာနီ တညင္ ၾကက္ Ayam Cemani လို႔ ေခၚၾကတယ္။ဒီၾကက္ အနက္ေရာင္ျဖစ္ေနတာက မ်ိဳးရိုးဗီဇဆိုင္ရာ ေျပာင္းလဲသြားလို႔ နက္သြားတာ ျဖစ္ပါတယ္။
ဒီၾကက္ဟာ တစ္ခါ ဥရင္ အနည္းဆုံး အလုံး ၂၀ ကေန ၃၀ ၾကား ဥပါတယ္။ဥရဲ႕ အေရာင္ဟာ တျခားၾကက္ေတြရဲ႕ အေရာင္နဲ႕မတူဘဲ အကုန္လုံး နက္ေမွာင္ေနတယ္။
ဒါေပမဲ့ အတြင္းသားကေတာ့ ျဖဴတယ္။ သူ႕ရဲ႕ အသား၊ အရိုးနဲ႕ အေရျပားအားလုံးကလည္း အနက္ေရာင္ပါ။စူပါမားကက္ေတြမွာ ေရာင္းေလ့ရွိပါတယ္။ မေလးစူပါမားကက္ေတြမွာေတာ့ ရင္းဂစ္ ေငြ ၁၀.၀၀ နဲ႕ ေရာင္းခ်ေလ့ရွိတယ္လို႔ သိရပါတယ္။
ဒီၾကက္ဘုရင္ ၾကက္နက္ကို ကံေကာင္းျခင္းလို႔ အင္ဒိုသားေတြက ယူဆၾကတယ္။တိုင္းရင္းေဆးမွာလည္း ေဆးဖက္ဝင္အမယ္အျဖစ္ အသုံးျပဳၾကပါေသးတယ္။
ခရက္ဒစ္